ရုရှားလုပ် S-400 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်စနစ်နဲ့ ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိသွားပြီလို့ ရုရှားစစ်တပ် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အကြီးအကဲ Dmitry Shugayev က ပြောပါတယ်။
အီတလီနိုင်ငံ ပါးမားမြို့မှာ နိုဝင်ဘာလ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာ့အရေး လှုပ်ရှားမှုကို ပါးမားမြို့တော်၊ Celvi Institute နဲ့ အီတလီ-မြန်မာမိတ်ဆွေအဖွဲ့ Giuseppe Malpeli တို့က ဦးစီးပြီး ပါးမားတက္ကသိုလ် အပါအဝင် အဖွဲ့အစည်း အများအပြားနဲ့ အီတလီရောက် မြန်မာတွေ ပါဝင်ကျင်းပကြမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့ ခရီးသွားတွေကို အသွားအလာ ကန့်သတ်တာကို ရပ်ဆိုင်းတော့မယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ဖိအားပေးနေမှုတွေအပေါ် စိုးရိမ်မှု တိုးလာနေတယ်လို့ အမေရိကန် နိုင်ငံခြာရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။
Glasgow မြို့မှာ ၂ ပတ်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ COP26 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံအတွင်း ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အရှိန်မြှင့် လုပ်ဆောင်ကြဖို့အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့တဲ့အပေါ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ၉ လကျော်လာချိန်မှာပဲ ရန်ကုန်၊ မန္တလေးနဲ့ တချို့မြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က စစ်ယာဉ်တန်း အတိုက်ခံရပြီး ဗိုလ်မှူးကြီးတဦးအပြင် သူ့ဇနီးနဲ့ သားဖြစ်သူ အပါအဝင် တပ်သား ၄ ဦး သေဆုံးခဲ့ရတာမို့ အဲဒီဒေသမှာ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ပြန်စလာမလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၃၁ ဦးကို ကန်ချနဘူရီမှာ စနေနေ့ မနက်ပိုင်းက ဖမ်းမိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ဆူဒန်နိုင်ငံတလွှား စနေနေ့က ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို လုံခြုံရေး တာဝန်ရှိသူတွေက ကျည်ဆန်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ရေး ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ နိုင်ငံပေါင်း ၂၀၀ အချေအတင် ဆွေးနွေးပြီး စနေနေ့က သဘောတူခဲ့ကြပေမယ့် ကျောက်မီးသွေး အသုံးပြုမှုနဲ့ ပတ်သက်လို့တော့ နောက်ဆုံးအချိန်ကျမှ လျှော့ချသတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာရောက်နေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် Yohei Sasakawa နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ တွေ့ဆုံတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ယူကေနိုင်ငံ Glasgow မြို့မှာ ကျင်းပနေတဲ့ COP26 ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ကနဦးအစီအစဉ်အတိုင်း သောကြာနေ့မှာ အဆုံးမသတ်နိုင်ဘဲ ဒီကနေ့ စနေနေ့ထိ ဆက်ပြီး ကျင်းပနေပါတယ်။
ဝင်ငွေနိမ့်နိုင်ငံတွေမှာ COVID-19 ရောဂါကာကွယ်ဆေး ပထမတလုံး ထိုးပေးတဲ့ အရေအတွက်ထက် ချမ်းသာတဲ့နိုင်ငံတွေမှာ ဖြည့်စွက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့ အရေအတွက်က နေ့စဉ် ၆ ဆ ပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။
ရာထူးက အနားယူတော့မယ့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့သမီးဖြစ်သူ Sara Duterte ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ပြောတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့သတင်းမီဒီယာဆိုင်ရာ အမေရိကန်အေဂျင်စီ (USAGM) ရဲ့ အကြီးအကဲအဖြစ် ပူလစ်ဇာဆုရ သတင်းထောက်တဦးလည်းဖြစ်၊ ဗွီအိုအေရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်တဲ့ Amanda Bennett ကို ခန့်ထားရေး အမည်တင်သွင်းဖို့ သမ္မတ Joe Biden က ရည်ရွယ်ထားတယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန် နဲ့ပြင်သစ်အကြား ကမ္ဘာ့အကြမ်းဖက်သမားနှိမ်နင်းရေးမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူညီမှုရရှိထားတာကိုထပ်မံအတည်ပြုနိုင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံမှာရောက်ရှိနေတဲ့အမေရိကန်ဒုတိယ သမတ Kamala Harris ကသောကြာနေ့မှာပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်အတွက် ကာတာနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမှာဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါ တယ်။
အီသီယိုးပီးယားနိုင်ငံမှာ အစိုးရ နဲ့ TPLF -Tigray တီကရေးလွတ်မြောက်ရေးသူပုန်တွေအကြား ဖြစ်နိုင်ခြေရှိတဲ့ တွေဆုံဆွေးနွေးရေးနဲ့ပတ်ပြီး ကြိုတင်သတ်မှတ်ချက်တချို့ကို ကြာသာပတေးနေ့မှာ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီး သီတင်း ၂ ပတ်အကြာမှာပဲ ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan ယာယီအစိုးရ အကြီးအကဲ တာဝန်ယူမယ့်အကြောင်း ဆူဒန်ရုပ်မြင်သံကြားက ကြာသပတေးနေ့မှာ ကြေညာလိုက်တာပါ။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ရှေ့သီတင်းပတ်မှာ အွန်လိုင်းဆွေးနွေးဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်