မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဒီနှစ် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေ ကြီးထွားလာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ပြဿနာကို ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်မှာ တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်နှစ် ဆောင်းဦးရာသီအရောက်မှာ ကိုဗစ်ကပ်ရောဂါအဆုံး သတ်နိုင်ရေးကိုအကောင်အထည်ဖေါ်နိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို တိုးမြှင့်သွားမှာဖြစ်ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေကို ဆက်လက်လှူဒါန်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အမေရိကန်က စိုးရိမ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ ဝါရှင်တန်မှာ တွေ့ဆုံအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ပါတယ်။
ပိုလန်နဲ့ ဘယ်လာရုစ် နှစ်နိုင်ငံနယ်စပ်မှာ ပြဿနာဖြစ်နေတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူများအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးအပေါ်အစည်းအဝေးတရပ်ကို ကြာသာပတေးနေ့ ကျင်းပမှာဖြစ်ကြောင်း သံတမန်တချို့ကပြောပါတယ်။
အီသီယိုပီးယားအစိုးရက Addis Ababa မြို့တော်မှာ ကုလသမဂ္ဂ ဒေသခံဝန်ထမ်း ၉ ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး၊ နိုင်ငံမြောက်ပိုင်း Tigray ဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ပို့ဆောင်ပေးနေတဲ့ ထရပ်ကားယာဉ်မောင်း ၇၀ ကိုလည်း ဖမ်းဆီးထားကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အမေရိကန် ဒုတိယသမ္မတ Kamala Harris တို့ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ တွေ့ဆုံပြီး ရာသီဥတု အပြောင်းအလဲ၊ စီးပွားရေး၊ ကမ္ဘာ့ကျန်းမာရေးနဲ့ ထုတ်လုပ်ရေးကွင်းဆက် ကိစ္စတွေကို ဆွေးနွေးကြပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဖြေရှာနိုင်ရေးဟာ မလေးရှားနိုင်ငံ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်လက်ခံရေး ပြဿနာနဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဒီကနေ့ ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းမီဒီယာသမား Danny Fenster ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတို့နဲ့ ထပ်ပြီး စွဲချက်တင်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ဒီကနေ့ ပြောပါတယ်။
အီသီယိုပီးယားနိုင်ငံ Addis Ababa မြို့တော်မှာ Tigray လူမျိုးတွေကို ရှာဖွေဖမ်းဆီးမှုတွေအတွင်း အီသီယိုပီးယားလူမျိုး ကုလသမဂ္ဂဝန်ထမ်း ၂၂ ယောက်ကို အစိုးရက ဖမ်းဆီးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ဆန့်ကျင်ဖက် အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခုကိုလည်း ပြုစုထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာဟာ မမှန်ကန်ကြောင်း NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ငြင်းဆန်လိုက်ပါတယ်။
ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပသမဂ္ဂ (EU) ပိုင်နက်ထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေတာကြောင့် Belarus နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်မယ့် အန္တရာယ်ရှိနေကြောင်း ပိုလန်နိုင်ငံက သတိပေးလိုက်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။
အီရတ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာဟာ "အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှု" ကို တိုက်ခိုက်တာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။
အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ပြီး သြစတြေးလျ ပါမောက္ခ Sean Turnell အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံး ပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ လူသားစာနာမှု အကူအညီပိုင်းဆိုင်ရာမှာ ကမ္ဘာကြီးနဲ့ လက်တွဲလုပ်ဆောင်ဖို့ လမ်းဖွင့်ထားသလို အဲဒီထက်တောင် ပိုနိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson က ပြောပါတယ်။
မြန်မာကုမ္ပဏီတခုက အနည်းဆုံး တပိုင်းတော့ ပိုင်ဆိုင်မှုပါရှိရမယ်လို့ စစ်ကောင်စီက တောင်းဆိုတဲ့အတွက် တယ်လီနောရဲ့ ကုမ္ပဏီရောင်းချရေး အစီအစဉ်က ရှေ့ဆက်မရ ဖြစ်နေပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတခုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်ထားတာကို တရားရုံးက လက်ခံတယ်လို့ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံမှာ လူ ၃ သန်းကျော်လာက်အတွက် အသက်ကယ်ဆယ်ရေး အရေးပေါ်လူသားခြင်း စာနာမှု ဆိုင်ရာအထောက်အပံတွေလိုအပ်နေကြောင်းနဲ့၊ ကူညီထောက်ပံမှု တွေပေးနိုင်ဖို့ အတွက်၊ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ခွင့်ပြုဖို့ကုလသမဂ္ဂ လူသားခြင်းစာနာမှု ဆိုင်ရာအကြီးအကဲ Martin Griffiths က တနင်္လာနေ့မှာတိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်