သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ဆွေးနွေးနေတာ အောင်မြင်ချင်ရင် ၂၀၁၅ တုန်းက ချုပ်ဆိုထားခဲ့တဲ့ သဘောတူညီချက်ကို ပယ်ဖျက်လိမ့်မယ်မဟုတ်ဘူး ဆိုတဲ့ အာမခံချက်တွေကို အမေရိကန်က ပေးသင့်တယ်လို့ အီရန်နိုင်ငံက တနင်္လာနေ့က ပြောလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် NLD နာယက ဦးဝင်းထိန် အပါအဝင် သက်သေထွက်ဆိုမယ့်သူ စာရင်းကို ဒီကနေ့ တရားရုံးမှာ တင်ပြ လျှောက်ထားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အင်္ဂလိပ်လို အတိုအားဖြင့် RSF အဖွဲ့က Myanmar Now သတင်းထောက် မကေဇင်နွေးကို သတင်းလွတ်လပ်ခွင့်ဆုအတွက် အဆိုပြုလိုက်ပါတယ်။
“စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ” လမ်းကြောင်းပေါ်ကို ပြန်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သောင်ပြိုကမ်းပြို ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့မှာ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်း ဆူဒန်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အုပ်စုတွေက ၂ ရက်ကြာ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) လှုပ်ရှားမှုကို တနင်္ဂနွေနေ့က စတင်လိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။
အာဖဂန်နစ္စတန်မှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေအတွက် တနိုင်ငံလုံး အတိုင်းအတာအရ ၄ ရက်ကြာမယ့် ပိုလီယိုကာကွယ်ဆေးထိုးပေးရေး အစီအစဉ်ကို နိုဝင်ဘာ ၈ ရက် တနင်္လာနေ့ စတင်မှာဖြစ်ကြောင်း တာလီဘန် ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန် လူထုကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်လီမိတက် APSEZ ဟာ အမေရိကန်က ဒဏ်ခတ်မှု ချမှတ်ထားတဲ့ မြန်မာနိုင်ငံမှာ သူ့ရဲ့ တည်ဆောက်နေဆဲ ကုန်သေတ္တာအတင်အချ ဆိပ်ကမ်းလုပ်ငန်း စီမံကိန်းကို ဝယ်ယူမယ့်သူ လိုက်ရှာနေတာ ဖြစ်ပြီး ဝယ်မယ့်သူရှာဖို့ အခက်တွေ့နိုင်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုတဲ့ သဘောဆောင်ရာ ရောက်တယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်တဲ့အကြောင်း New York Times သတင်းစာက တနင်္ဂနွေနေ့မှာ ရေးသားဖော်ပြပါတယ်။
အရှေ့တောင်အာရှဒေသကို သီတင်းတပတ်ကြာ လာရောက်ဖို့ စီစဉ်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ဟာ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ တွေ့ဖို့ရှိပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းအတွင်း အနည်းဆုံး ၃ နေရာလောက်မှာ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အသက်ဆုံးရှုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အီရတ်ဝန်ကြီးချုပ်ကို ဒရုန်းယာဉ်နဲ့ လုပ်ကြံသတ်ဖြတ်မှု မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် မြို့တော် ဘဂ္ဂဒက်မှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားပါတယ်။
ဂျေရုဆလင်မြို့မှာ ပါလက်စတိုင်းတွေအတွက် ကောင်စစ်ဝန်ရုံး ပြန်လည်ဖွင့်လှစ်ရေး အမေရိကန် ကတိကဝတ်ပြုမှုကို အစ္စရေးဝန်ကြီးချုပ် Naftali Bennett က ငြင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ RCEP လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီမှု ညီလာခံအတွက် ပြင်ဆင်မှုတွေ ပြီးစီးသွားပြီးလို့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ယန္တရားတပ်တွေက တင့်ကားတွေနဲ့ လေ့ကျင့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
စကော့တလန် Glasgow မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP26 မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း မှတ်တမ်းရုပ်ရှင် ပြသသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ အမေရိကန်နဲ့ ကနေဒါရောက် မြန်မာတွေ စနေနေ့က တောင်းဆို လှုပ်ရှားကြပါတယ်။
အာဖရိကတိုက် အနောက်ပိုင်း ဆီရာလီယွန်းနိုင်ငံမှာ မနေ့ သောကြာနေ့က လောင်စာဆီတင်တဲ့ ကားတစင်းဟာ တခြားကားနဲ့တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ကာ အနည်းဆုံး လူ ၉၁ ဦး သေဆုံးတယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် Ahmednagar မြို့က ဆေးရုံတရုံရဲ့ ကိုဗစ်ရောဂါ လူနာဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခြေခံအဆောက်အအုံ ဘတ်ဂျက်ကို အမေရိကန် အောက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်လိုက်ပြီး သမ္မတ Biden လက်မှတ်ထိုးဖို့ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ တံခါးပိတ်အစည်းအဝေးကို လာမယ့် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ဘေဂျင်းမြို့တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ Xi Jinping ကိုယ်တိုင် ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်