အီသီယိုးပီးယားနိုင်ငံမှာ တိုက်ခိုက်မှုတွေ ရပ်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုခဲ့သလို နိုင်ငံမြောက်ပိုင်း Tigray ဒေသမှာ ပဋိပက္ခ ပြင်းထန်လာတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့ နောက်ပိုင်း သူဦးဆောင်ခဲ့တဲ့ ပရဟိတအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တဦး အပါအဝင် တခြားအဖွဲ့ဝင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ တယ်လီဖုန်း ခေါ်ဆိုချက်တွေကို လက်ခံရရှိခဲ့တယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် သတင်းစာဆရာ Danny Fenster ရဲ့အမှု တရားလိုဘက်က တင်သွင်းတဲ့ အချက်အလက်မှာ သူ တကယ်အလုပ်လုပ်နေတဲ့ နေရာနဲ့ လွဲနေတယ်လို့ သူ့ရဲ့ရှေ့နေက အေပီသတင်းဌာနကို ပြောပါတယ်။
တိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံပံ့ပိုးသူတွေကို ရာဇဝတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်စီရင်မှာဖြစ်ကြောင်း တရုတ်အစိုးရ တိုင်ဝမ်ရေးရာဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ တရုတ်အစိုးရနဲ့ တိုင်ဝမ်တို့ကြား တင်းမာမှုတိုးလာချိန်မှာတရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ပြောကြားလိုက်တာပါ။
ဥရောပဟာ ကိုဗစ် ကပ်ရောဂါဖြစ်ပွါးတဲ့ ဗဟိုအချက်အချာ နေရာ ဖြစ်လာနေပြီး အခုဆို ကမ္ဘာတဝှမ်းဖြစ်ပွါးမှုရဲ့ ၅၉ ရာခိုင်နှုန်းရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာအကြီးအကဲ Hans Kluge က ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ကို အမြန်အဖွဲ့စည်းပေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဆွေးနွေးအပြီးမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း Tigray ဒေသက သူပုန်တွေနဲ့ တိုက်ခိုက်နေတာ တနှစ်ပြည့်ချိန်မှာပဲ အစိုးရက အောင်ပွဲခံဖို့ နီးစပ်လာတဲ့သဘော ပြောဆိုလိုက်ပါတယ်။Tigray တပ်ဖွဲ့တွေကတော့ Addis Ababa မြို့တော်အထိ ချီတက်လာနေပြီး၊ လပိုင်း၊ သီတင်းပတ်ပိုင်းအတွင်းမှာ သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ကြောင်း ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အမျိုးသမီးတွေအလုပ်လုပ်ခွင့်ကို ကန့်သတ်ထားတာကြောင့် နိုင်ငံတွင်း လိုအပ်နေသူတွေအတွက် ကျန်းမာရေးအပါအဝင် အကူအညီပေးရေးတွေကို ထိခိုက်စေတယ်လို့ Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပေါ် နောက်ထပ်စွဲချက်တင် အရေးယူလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ရေးရာ ကိစ္စတွေကို ဖြေရှင်းရာမှာ နက်နဲတဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ အမှန်တရားတွေနဲ့ ချဉ်းကပ်ဖြေရှင်းတာတွေ မလုပ်နိုင်ဘူးဆိုရင်၊ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက သတိပေးလိုက်ပါတယ်။
အမေရိကန်ထိပ်တန်းအရာရှိဟောင်း Bill Richardson မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ခဲ့တာကနေ ဘယ်လိုသက်ရောက်နိုင်မူအပေါ် သုံးသပ်သူတွေ ကွဲပြားနေကြပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက မေးထားပါတယ်။
ယူကရိန်နိုင်ငံနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ မိမိတို့အတွက် စိုးရိမ်စရာမဟုတ်သေးဘူးလို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley က မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ဖက် ချင်းပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
အကျဉ်းကျခံနေရတဲ့ အမေရိကန် သတင်းသမား Danny Fenster ရဲ့အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ဥပဒေ ချိုးဖောက်မှုဆိုတဲ့ပြစ်မှုတခုနဲ့ပါ ထပ်မံစွဲဆိုလိုက်တယ်လို့ သူရဲ့ရှေ့နေဖြစ်သူက မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) ကပြောလိုက်ပါတယ်။
စကော့တလန်၊ Glasgow က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံမှာ နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ ဒုတိယနေ့အဖြစ် ဆွေးနွေးကြတဲ့ အင်္ဂါနေ့မှာပဲ အမေရိကန် ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှုတွေ လျှော့ချမယ့် အစီအစဉ် တရပ်ကို သမ္မတ Joe Biden ကြေညာလိုက်ပါတယ်။
ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေကို ဆောင်ရွက်ကြဖို့နဲ့ ပိုပြီးပူေးပါင်းဆောင်ရွက်ရေး တရုတ်သမ္မတ Xi Jinping က ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ - COP26 ကို ပေးပို့တဲ့ ကြေညာချက်မှာ တခြား နိုင်ငံတွေကို တိုက်တွန်းလိုက်ပေမဲ့ တရုတ်နိုင်ငံအနေနဲ့ ကတိကဝတ် သစ်တွေတော့ မပေးပါဘူး။
အာဖဂန်နစ္စတန် နိုင်ငံတွင်း တာလီဘန် အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင် အဖွဲ့က အမေရိကန်နိုင်ငံတွင်း နိုင်ငံရေး ဆိုင်ရာ စည်းရုံးဆောင်ရွက်နိုင်ရေး အတွက် တရားရေးဌာနမှာ မှတ်ပုံတင်ထားကြောင်း အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
မြန်မာ စစ်တပ်ဘက်က အကြမ်းဖက်မှု အားလုံး ရပ်တန့်၊ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပြီး ဒီမိုကရေစီကို အမြန် ပြန်လည် ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမယ်ဆိုတာကို အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က တနလာၤနေ့ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား သေဆုံးရသူဟာ တနင်္ဂနွေနေ့မှာ ၅ သန်းနီးပါး ဖြစ်လာနေပြီလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်