ဂျပန်နိုင်ငံ တိုကျိုမြို့ အဝေးပြေးရထားတစင်းပေါ်မှာ တနင်္ဂနွေနေ့က ဓားနဲ့လိုက်ရမ်းနေသူ တဦးဟာ ရထားပေါ် မီးမရှို့ခင် လူအတော်များများကို ဓားနဲ့လိုက်ထိုးခဲ့တာကြောင့် ခရီးသွားတွေ ကစဉ့်ကလျားနဲ့ ရထားပြတင်းတံခါးကနေ ခုန်ချသူတွေတောင် ရှိခဲ့ကြောင်း ရဲနဲ့ မျက်မြင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို အဆုံးသတ်ပေးဖို့ ပြည်တွင်းပြည်ပက မြန်မာတွေ ဆန့်ကျင်ဆန္ဒပြနေကြရာမှာ အောက်တိုဘာ ၃၁ ရက် တနင်္ဂနွေနေ့တုန်းကလည်း ကမ္ဘာလုံးဆိုင်ရာ GMSR ဆန္ဒပြပွဲအဖြစ် ဂျပန်နဲ့ အစ္စရေးလ်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုကျိုမြို့နဲ့ တဲလ်အဗီးမြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပုဂ္ဂလိကခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
တရုတ်-အမေရိကန် ၂ နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေးနဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ အပါအဝင် ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးနေတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲမှာ လူနေအိမ် အလုံး ၁၀၀ ကျော်နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ပြီး ဖျက်ဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာအတွက် အမေရိကန်က အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာစစ်အာဏာပိုင်တွေက ရက်ရက်စက်စက် ဖျက်ဆီးနေတာကို ရှုတ်ချကြောင်း ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်ရဲ့ ဟားခါးမြို့က နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ ဒေါက်တာလျန်မှုန်းဆာခေါင်က သူ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။
G-20 စက်မှုနိုင်ငံများ ထိပ်သီးအစည်အးဝေးကို ရောမမြို့မှာ အခုဒီနေ့ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပရာမှာတော့ ဥတုရာသီ ဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးကို ခြိမ်းခြောက်မှုကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံတွေ ဆွေးနွေးကြပါတယ်။
တူရကီအလံလွှင့်ထားပြီး အာဖဂန် ရွှေ့ပြောင်းအခြေချသူ ၄၀၀ နီးပါးကို တင်ဆောင်ထားတဲ့ ကုန်သင်္ဘောတစင်းဟာ ဂရိပိုင်ကျွန်းတကျွန်းမှာ တနင်္ဂနွေနေ့ အစောပိုင်းက လာရောက်ဆိုက်ကပ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံကို စကော့တလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Glasgow မှာ တနင်္ဂနွေနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
ထိုင်ဝမ်ရေလက်ကြားထဲ တင်းမာမှုတွေ တိုးလာအောင် တရုတ်ဘက်က လုပ်ဆောင်တာတွေကို အမေရိကန်အနေနဲ့ ကန့်ကွက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို အခု တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့တဲ့အကြောင်း ကန်နိုင်ငံခြားရေးဌာန အရာရှိတဦးကို ကိုးကားပြီး ရိုက်တာမှာ ရေးပါတယ်။
တာလီဘန်တို့ရဲ့ ဦးသျှောင် ဘာသာရေးခေါင်းဆောင်ကြီး Haibatullah Akhundzada ဟာ ကန်ဒါဟာမြို့တောင်ဘက်မှာ ထောက်ခံသူတွေကို အခု တနင်္ဂနွေနေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ တူရကီသမ္မတ Tayyip Erdogan တို့ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပနေတဲ့ G-20 စက်မှုထိပ်သီး ညီလာခံရဲ့ ပြင်ပမှာ ဘေးပန်းအစည်းအဝေးတခု ပြုလုပ်ခဲ့ကြရာမှာ ဝါရှင်တန်နဲ့ အန်ကာရာအကြား တင်းမာမှုတွေနဲ့ မဟာဗျူဟာမြောက် သဘောထားကွဲလွဲချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်အတွက် ငွေကြေးအထောက်အပံ့တွေ မရစေဖို့ ရည်ရွယ်ပြီး အမေရိကန် အပါအဝင် နိုင်ငံတကာရောက် မြန်မာတွေ စနေနေ့က ဆန္ဒပြ လှုပ်ရှားကြပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို စနေနေ့က ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
G-20 ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ ရောမမြို့မှာ စနေနေ့က စတင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကနေ ပြန်လည်နာလံထူစေဖို့နဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အပါအဝင် နိုင်ငံတကာရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်စည်းကျပ်ရေး အစီအစဉ်ကိုလည်း သဘောတူခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံကို အလည်အပတ် ကြွရောက်ဖို့ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီး Francis က လက်ခံလိုက်ပါတယ်။
အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးကို ရောမမြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု အပေါင်းကနေ ပြည်သူတရပ်လုံးကို အကာအကွယ်ပေးဖို့ အလေးအနက် လိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။
နဂို အရပ်ဘက်အစိုးရ ပြန်လာရေး တောင်းဆိုချက်နဲ့ ပြည်သူများစွာဟာ ဆူဒန်နိုင်ငံမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနဲ့ Puerto Rico နိုင်ငံတွေဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ အဆိုးရွားဆုံး သက်ရောက်မှုဒဏ်ကို ခံခဲ့ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Germanwatch သုတေသနအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီအန္တရာယ် အညွှန်းကိန်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်