မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၃ ဦးက ပူးတွဲတောင်းဆိုလိုက်ကြပါတယ်။
“ချင်းပြည်နယ်အပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ မကြာခင်သေးခင်က လုံခြုံရေး၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်ရေးအခြေနေတွေ ဆိုးရွားလာနေပြီး၊ ၂၀၁၇ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကာလ ဖြစ်ရပ်မျိုးတွေ ရှိနေတယ်။” လို့ Christine Burgener ရဲ့ပြောကြားချက်ကို ကုလပြောခွင့်ရ Farhan Haq ပြောသွားတာပါ။
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေကို မြန်မာနိုင်ငံမပါဘဲ အဆုံးသတ်ခဲ့ပြီးနောက် ရှေ့လာမယ့် အစည်းအဝေးတွေမှာ ပါဝင်နိုင်မယ့် အခြေအနေအပေါ် မေးခွန်းထုတ်နေကြပါတယ်။ ထိပ်သီးအစည်းအဝေးပွဲတွေကို ဦးဆောင်ကျင်းပခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းကတော့ မြန်မာနိုင်ငံကို ပစ်ပယ်မထားကြောင်း ပြောခဲ့တာပါ။
ဖေဘုတ်အနေနဲ့ သူ့ရဲ့အမည်ကို Meta လို့အမည်ပြောင်းလဲမှည့်ခေါ်လိုက်တာဟာ အနာဂတ်မှာ အွန်လိုင်းကနေတွေ့မြင်ရတာတွေကို တကယ့်အစစ်အမှန်တွေလိုမြင်တွေ့ရအောင် ဖန်တီးဖို့ အတွက်ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO အကြီးအကဲ ဇူကာဘတ်က ပြောဆိုလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်း စစ်တပ်က ဖယ်ရှားလိုက်တဲ့ အသွင်ကူးပြောင်းရေး အရပ်သား အစိုးရကို အာဏာလွဲှပြောင်းပေးဖို့ အမေရိကန်သမ္မတ Joe Biden က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden ဟာ ဥရောပခရီးစဉ်ကို ကြာသပတေးနေ့ကပဲ စတင်လိုက်ပါတယ်။ ရောမမြို့မှာ ကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ (G-20) ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီး ကိုဗစ်ကပ်ရောဂါအရေး၊ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးမှာပါ။
အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထား ပြန်လည်စတင်မှာဖြစ်ကြောင်း အီရန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်မှာ ကျားမ လိင်သတ်မှတ်ချက် ၂ မျိုးအပြင်၊ ကျားမလိင်ခွဲခြားသတ်မှတ်မှုမရှိတဲ့ တတိယလိင်အမျိုးအစား X gender အဖြစ်အသိအမှတ်ပြုတဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာဖြစ်ကြောင်းအမေရိကန် ပြည်ထောင်စုနိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အာဏာသိမ်းတဲ့ လုပ်ရပ်တွေဟာ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတာကြောင့် လုံခြုံရေးကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို ခန့်အပ်လိုက်ကြောင်း အတွင်းရေးမှုးချုပ် António Guterres က အောက်တိုဘလ ၂၅ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီစီမံကိန်းဟာ ထိုင်း-မြန်မာ နယ်စပ်နားက Yuam မြစ် (သောင်ရင်းမြစ်ထဲစီးဝင်တဲ့မြစ်) ကြောင်းကနေ Bhumibol ရေလှောင်ကန်ဆီကို ၃၈ မိုင်အရှည်လောက် မြေအောက်ရေပိုက်တွေနဲ့ ရေသွယ်ပို့မယ့် အတော်ကြီးမားတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။
တရုတ်ပြည်ဟာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ သူ့ရဲ့နယ်နိမိတ်လုံခြုံရေး တိုးမြှင့်ဖို့အတွက် ဥပဒေတရပ်ကို စနေနေ့တုန်းက ပြဋ္ဌာန်းလိုက်ပါတယ်။
မြန်မာအပါအဝင် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ ဥတုရာသီဖောက်ပြန်မှု အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံတွေမှာ ရာသီဥတု ဆိုးဝါးမှုနဲ့အတူ နောက်ဆက်တွဲ ဒဏ်တွေကိုပါ ခံနေရပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံ သဘောတူညီချက် ၅ ချက်ကို တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
Uzbekistan နိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထိရောက်စွာ ယှဉ်ပြိုင်နိုင်တဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်း မရှိတာကြောင့် လက်ရှိသမ္မတ Shavkat Mirziyoyev ပြန်အနိုင်ရဖို့ သေချာသလောက် ရှိနေပါတယ်။
ကလေးတွေကို ထိုးပေးဖို့ ရည်ရွယ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ မူလတန်းကျောင်းသားအရွယ် ကလေးငယ်တွေအတွက် ရောဂါပိုး ကူးစက်မှုကနေ ၉၁ ရာခိုင်နှုန်း ကာကွယ်မှုပေးနိုင်တယ်လို့ ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ Pfizer ဆေးကုမ္ပဏီက ပြောပါတယ်။
ဖေ့စ်ဘုတ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေပါတဲ့ သတင်းမှား ဖြန့်ဝေမှုတွေကို ရပ်တန့်ဖို့ လုံလောက်တဲ့ ထိန်းချုပ်မှုတွေ မလုပ်ခဲ့ဘူးလို့ အေပီသတင်းတရပ်မှာ ဖော်ပြပါတယ်။
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို မနေ့ညပိုင်းက ရန်ကုန် မြောက်ဒဂုံမှာ ဖမ်းဆီးခံရတယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
ရုရှားနိုင်ငံမှာ လာမယ့်သီတင်းပတ်ထဲ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်မှုတွေ ပြန်လည်ထုတ်ပြန်ပြီး လုပ်ငန်းခွင်တွေကို သီတင်းတပတ်ကြာ ပိတ်ထားဖို့ ပြင်ဆင်နေချိန်မှာပဲ ကူးစက်မှုတွေ စံချိန်တင် တိုးလာနေရာမှာ စနေနေ့မှာ ၅ ရက်မြောက် ရှိသွားပါပြီ။
ဆိုမာလီယာနိုင်ငံ အလယ်ပိုင်း မြို့တမြို့ကို ထိန်းချုပ်နိုင်ရေး အစိုးရတပ်ဖွဲ့တွေနဲ့ သဘောထား မပြင်းထန်တဲ့ အစ္စလာမ္မစ် အဖွဲ့တခုကြား စနေနေ့က တိုက်ပွဲဖြစ်တာမှာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့သူတွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်