တူရကီမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ပရဟိတသမား Osman Kavala ကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက သံအမတ်ကြီး ၁၀ ဦးကို နိုင်ငံကနေ နှင်ထုတ်ဖို့ တူရကီသမ္မတ Tayyip Erdogan က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ရော စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ရော အမေရိကန်၊ ကနေဒါနဲ့ ဥရောပရောက် မြန်မာတွေ စနေနေ့က ဆန္ဒပြ လှုပ်ရှားကြပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၉,၈၂၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၁,၀၆၇ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးရှိတယ်လို့ စစ်ကောင်စီ၊ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲတင်ထားတဲ့ အမှုတွေအတွက် လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေထဲက တဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်းကို အမှုစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာမျိုး မလုပ်ဖို့ ဒီကနေ့မှာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ သုံးပြီး ပိတ်ပင် ကန့်သတ်လိုက်တယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
ရုရှားနဲ့ တရုတ် စစ်သင်္ဘောတွေဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်း ရေပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပူးတွဲ ကင်းလှည့်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ အမေရိကန် အဝေးထိန်းဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အယ်လ်ကိုင်းဒါးအဖွဲ့ အကြီးတန်းခေါင်းဆောင်တဦး သေဆုံးသွားတယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောတဲ့အကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ် ၁၉ ကြောင့် ဆိုးဝါးတဲ့အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အကျဉ်းသားတွေမှာ အစာရေစာငတ်ပြတ်မှုကြုံရနိုင်ချေရှိတယ်လို့ မြောက်ကိုရီးယား လူ့အခွင့်ရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomás Ojea Quintana က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဖိအားပေနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီး၊ နိုင်ငံတကာက ထိထိရောက်ရောက် အသုံးချဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံရေး အကျပ်အတည်း ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် စင်္ကာပူနိုင်ငံက ဘဏ္ဍာရေးအရှိန်အဝါသုံးပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးနိုင်ကြောင်း အမေရိကန်သံတမန် တယောက်က ပြောလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဒီထက်ပိုဆိုးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတ်ယ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း ပြသကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တိုက်တွန်းလိုက်ကြပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်မှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် လူ ၄ဝ နီးပါး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဥရောပသမဂ္ဂ(EU)ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Sakharov ဆုကို အကျဉ်းကျနေတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexey Navalny ကို ပေးအပ်လိုက်ကြောင်း ဥရောပပါလီမန်က ကြေညာလိုက်ပါတယ်။
Covid-19 ကပ်ဘေးရောဂါနဲ့ ဆက်စပ်ပြီး ကျောင်းတွေ ပိတ်ထားတာကြောင့် အာရှ ကလေးငယ် သန်း ၈၀၀ ကျော် ထိခိုက်ရကြောင်း ကုလသမဂ္ဂ ကလေး သူငယ် ရန်ပုံငွေ အဖွဲ့ UNICEF နဲ့ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO တို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့အပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
တရုတ်ပြည်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် နောင်နှစ်ဆောင်းရာသီ အိုလံပစ် ကစားပွဲကို တရုတ်ပြည်မှာမကျင်းပဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကကန့်ကွက်တောင်းဆိုနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆိုကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်