တရုတ်က ကိုယ်ပိုင် စစ်လက်နက် ပစ္စည်း တည်ဆောက်ရေး ကြိုးပမ်းမှု အပေါ် အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်နေကြောင်း အမေရိကန် စစ်ဘက် ထိပ်တန်း တာဝန်ရှိသူက ပြောပေမယ့် တရုတ်ဘက်က ပြီးခဲ့တဲ့ ၂ လတုန်းက အသံထက် မြန်တဲ့ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်း အပေါ်မှာတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
ကလေးငယ်တွေ အပါအဝင် အမေရိကန် သာသနာပြုအဖွဲ့ဝင် ၁၇ ဦးဟာ ဟေတီမှာ လူဆိုးဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရတယ်လို့ ဒီဖြစ်ရပ်ကိုသိတဲ့ ဘာသာရေးအဖွဲ့တဖွဲ့က အသံနဲ့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်နဲ့ ကနေဒါတို့က စစ်သင်္ဘောတွေ စေလွှတ်ခဲ့တာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်တာလို့ ပြောပြီး တနင်္ဂနွေနေ့မှာ တရုတ်စစ်တပ်က အပြစ်တင် ဝေဖန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်းက Kerala ပြည်နယ်မှာ မုတ်သုံမိုးဒဏ်ကြောင့် ဒေသတွင်း ကျေးရွာအများအပြားမှာ စနေနေ့က ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။
အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်လွှတ်တော်အမတ် David Amess ကို ဓားနဲ့ထိုး တိုက်ခိုက်မှုအတွက် သံသယရှိသူ အသက် ၂၅ နှစ်အရွယ် လူငယ်ဟာ အစွန်းရောက်မှု ဟန့်တားရေး အစီအစဉ်နဲ့ နေရသူဖြစ်ကြောင်း ဗြိတိန်အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီဝတ်ပြုကျောင်းမှာ တနင်္ဂနွေနေ့က ဘုရားဖူးတွေ အုပ်စုလိုက် ဘေးချင်းယှဉ် စည်စည်ကားကားနဲ့ ဝတ်ပြုတာမြင်ရပြီး ဒီမြင်ကွင်းဟာ ကိုဗစ် စဖြစ်ခဲ့ချိန်ကစလို့ ပထမဦးဆုံး ပြန်မြင်ရတာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ် Fumio Kishida ဟာ လာမယ့် ဆောင်းဦးရာသီ ပွဲတော်အတွက် စစ်အတွင်း ကျဆုံးသူတွေကို အမှတ်တရလုပ်ထားတဲ့ Yasukuni ဘုရားကျောင်းကို အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဝတ်ပြုဆုတောင်းမှု လုပ်ပါတယ်။
အီရတ်နိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲလာပေးသူ ၄၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က စနေနေ့က ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာတော့ မြို့တော်အုပ်ချုပ်ရေးနဲ့ ရဲသမဂ္ဂတို့အကြား ကာကွယ်ဆေးကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှု မရတာကြောင့် မြို့တော်ရဲတပ်ဖွဲ့ဝင် တဝက်လောက် လစာမဲ့ခွင့်ယူဖို့ အခြေအနေ ရောက်လာဖွယ် ရှိတယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြပါတယ်။
အာကာသထဲ ပထမဦးဆုံး ရုပ်ရှင်သွားရိုက်ကြတဲ့ ရုရှားမင်းသမီး Yulia Peresild နဲ့ ရုပ်ရှင်ဒါရိုက်တာ Klim Shipenko တို့ နှစ်ဦးကတော့ အခုတနင်္ဂနွေမှာ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာပါပြီ။
ဗြိတိန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ် David Amess သောကြာနေ့တုန်းက ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးသွားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုံခြုံရေး တိုးမြှင့် အကာအကွယ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူများစု မွတ်စလင်တွေကို ထိခိုက်စေတယ်လို့ဆိုတဲ့ ပုံတွေ အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဟိန္ဒူတွေအပေါ် အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ဒါကာမြို့တော်မှာ စနေနေ့က ဒုတိယနေ့အဖြစ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အသင်းကြီးရဲ့ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးရဲ့ လူမှုစာမျက်နှာအရ မြန်မာနိုင်ငံမှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၇,၈၂၅ ရှိခဲ့ပြီး ပိုးတွေ့သူ ၁,၂၀၅ ဦး ရှိပါတယ်။
Johnson & Johnson ကုမ္ပဏီထုတ် တလုံးတည်းထိုးရတဲ့ COVID-19 ရောဂါကာကွယ်ဆေး ထိုးထားပြီးသူတွေ ဒုတိယတလုံး ထပ်ထိုးဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုရေး FDA ရဲ့ အကြံပေးအဖွဲ့က ထောက်ခံတင်ပြထားပါတယ်။
စစ်ကောင်စီက ဖမ်းထားတာ ၅ လနီးပါးရှိပြီဖြစ်တဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ အရင်က သူလုပ်ခဲ့ဖူးတဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြမှုတွေနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံထားရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ရှေ့နေက ပြောတယ်လို့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။
အောက်တိုဘာ နောက်ဆုံးပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့ ကိုယ်စားလှယ်တဦးကို ဖိတ်ကြားမယ်လို့ အာဆီယံ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကနေ ကမ ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထမှု နှေးကွေးနေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်တဲ့ အန္တရာယ်က များလာနေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အင်္ဂါနေ့မှာ ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့က အစိုးရခေါင်းဆောင်တွေ၊ ဝန်ကြီးတွေရဲ့ အင်္ဂါနေ့က အွန်လိုင်း ဆွေးနွေးပွဲအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွက် ငွေကြေးထောက်ပံ့ ကူညီဖို့ သဘောတူခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စတင်ခဲ့တဲ့ လူသားချင်းစာနာထောက်ကူမှု အစီအစဉ်နဲ့ ယာယီ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် အတွက် လိုအပ်တဲ့ ရန်ပုံငွေ မရသေးတာကြောင့် နိုင်ငံတကာဘက်က ပိုပြီး ထည့်ဝင် လှူဒါန်းကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်