စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်မငြိမ် အခြေအနေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းပြီး၊ ဒီနှစ်ကုန် ပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း ဗြိတိန်၊ အမေရိကန် ဆေးရွက်ကြီး လုပ်ငန်းက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတလွှား ရွှေမှောင်ခိုဂိုဏ်း တိုက်ဖျက်တဲ့ စစ်ဆင်ရေးကနေ ရွှေချောင်း ၃၅ ချောင်း နဲ့ အတူ ရွှေ့မှောင်ခိုသမား ၃ ဦးကို ဘီဟာနယ်ထဲမှာ ဖမ်းဆီးရမိတယ်
အီရတ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘာသာရေးခေါင်းဆောင် Moqtada al-Sadr က မဲအများဆုံးရနေကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကနဦးမဲရလာဒ်တွေအရ ဖေါ်ပြနေပါတယ်။
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေး အပြုသဘော ဆောင်ရွက်မှုဟာ သန်းပေါင်းများစွာသော လူ့အသက်တွေကို ကယ်တင်နိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ပိုလန်ဖွဲ့စည်းပုံခုံရုံးက ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆုံးဖြတ်ချက်ချခဲ့တဲ့နောက်မှာ ပိုလန် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်ဖို့ လိုလားတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတလွှားပေါ်ပေါက်လာတာ ဖြစ်ပြီး တနင်္ဂနွေနေ့ကတေယြ လူပေါင်း ၁ သိန်းလောက် ဝါဆောမှာ စုဝေးပြီး ထောက်ခံ ဆန္ဒပြခဲ့ကြတာပါ။
အာဖဂန်နစ်စတန်နီုင်ငံရဲ့ စီးပွါးရေးပြိုလဲမသွားအောင် နိုင်ငံတကာအသိုင်းဝိုင်းက ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ အာဖဂန်အရေး G 20 ထိပ်သီးအစည်းဝေးမတိုင်ခင် တရက်အလို တနင်္လာနေ့က အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
ဥရောပ နိုင်ငံရေးသမားတွေအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အပါအဝင် ကမ္ဘာကြီး ပူနွေးလာမှုအတွက် သေသေချာချာ မူဝါဒတွေ ချလာအောင် တွန်းအားပေးတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ COP26 ညီလာခံ မတိုင်ခင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က လမ်းတွေပေါ်မှာ လူပေါင်း ၂ သောင်းခွဲလောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနိုင်ငံသားတဦးရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းစစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ Mohib Ullah အသတ်ခံခဲ့ရပြီး နောက်ပိုင်း ဒီဒုက္ခသည်စခန်းတွေမှာ ရဲတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပြီး အခုချိန်ထိ ရဲကဖမ်းထားသူ အနည်းဆုံး ၁၆ ဦးရှိပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာပြီး ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ပိုများလာတာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားထိန်းချုပ်မှု အကန့်အသတ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စပြီး ဖြေလျှော့ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက် သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်တာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅,၂၆၉ ဦးကို စစ်ဆေးခဲ့ပြီး ၁,၃၁၈ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း အရှိန်မြင့် ဖြစ်ပေါ်နေတာမှာ ဒီကနေ့ ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့သလို ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒဖော်ထုတ်ပွဲတွေလည်း မြို့နယ်တချို့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
အိန္ဒိယအခြေစိုက် Bharat Electronics Limited (BEL) က မြန်မာစစ်တပ်ကို လေကြောင်းကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာ စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနေရာမှာ ကုန်စည်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေမှာလည်း သိသိသာသာ ထိခိုက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အာဖဂန်ဗဟိုဘဏ်ရဲ့ အရန်ငွေတွေအပေါ် အမေရိကန်က ထိန်းချုပ်ထားတာကို ဖယ်ရှားပေးဖို့ တာလီဘန်တွေက တောင်းဆိုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံက နာမည်ကျော် ဘိုင်ယူး စစ်သတင်းထောက်ဆု (Bayeux Calvados- Normandy Award) အတွက် ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပုံဆရာအတွက် အန္တရာယ်ရှိတာကြောင့် အမည်ကိုတော့ ဖော်ပြမထားပါဘူး။
ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို နိုင်ငံတကာ မိတ်ဘက်တွေနဲ့အတူ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က Hsinchu လေတပ်အခြေစိုက်စခန်းမှာ လုပ်တဲ့ အမျိုးသားနေ့အကြို ဧည့်ခံပွဲမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။
Bhasan Char ကျွန်းမှာ ရွှေ့ပြောင်းနေရာချထားတဲ့ ရိုဟင်ဂျာ မွတ်စလင် ထောင်နဲ့ချီအတွက် အခြေခံလိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အရာရှိတွေကြား သဘောတူညီချက်တရပ် ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့အကြောင်း ရိုက်တာသတင်းနဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
COVID-19 တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၉,၆၃၁ စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၁,၄၄၈ ယောက် ထပ်မံ အတည်ပြုထားပါတယ်။
ရွှေတြိဂံဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေကို အဓိကဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းတခုနဲ့ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် ထိပ်တန်းတာဝန်ရှိသူတဦးက ဒီရက်ပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်