ထိုင်ဝမ်ကျွန်းနဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းနိုင်အောင် ဆက်ပြီး ကြိုးပမ်းသွားမယ့်အကြောင်း တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ထပ်မံ ကတိပြု ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ထိုးကျခဲ့တာကြောင့် အဓိကတင်သွင်းကုန်တွေ ဈေးတက်ကုန်ပြီး စက်ဆီကနေ စားဆီအထိ အခြေခံကုန်ပစ္စည်းတွေကို သာမန်လူအများစု ဝယ်ယူနိုင်ရေး အခက်ကြုံကြရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း အာဖဂန်ကို လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။
ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။
အာဖဂန်နစ်စတန် အရှေ့မြောက်ပိုင်း Kunduz ပြည်နယ်က ရှီယာမွတ်စလင်တွေရဲ့ ပလီဝတ်ကျောင်းမှာ အသေခံဗုံးခွဲမှုကြောင့် ၄၆ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်
ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့ ဝန်ကြီးအဆင့် ဆွေးနွေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ စီစဉ်ထားပြီး၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုအတွက် အငြင်းပွားစရာ ဖြစ်နေရတဲ့ ကိစ္စနဲ့ ဆက်နွယ်နိုင်တယ်လို့လည်း သံတမန် အသိုင်းအဝန်းက ခန့်မှန်းနေကြပါတယ်။
ဒီနှစ် ၂၀၂၁ ခုနှစ်ကုန်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးသားဖြစ်စေဖို့နဲ့ ၂၀၂၂ နှစ်လည် လောက်မှာတော့ ကမ္ဘာတလွှားမှာ ရာခိုင်နှုန်း ၇၀ လောက် အထိ ကာကွယ်ဆေးထိုးပြီးသား ဖြစ်စေဖို့ ကုလသမဂ္ဂက ရည်မှန်းထားကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မယ့် ဥပဒေကြမ်းတရပ်ကို အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
Facebook နဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်မှာ အင်္ဂါနေ့က ကြားနာမှုတွေပြုလုပ်ခဲ့ပြီး လူမှုဆက်သွယ်ရေး စာမျက်နှာတွေနဲ့ပတ်သက်လို့ ပိုမိုထိရောက်တဲ့ စည်းကမ်းကြပ်မတ်မှုတွေ လုပ်သွားမှာဖြစ်ကြောင်း လွှတ်တော်အမတ်တွေက ကတိပေးပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုတင်သွင်းမှု တွေကို ရပ်တန့်အောင် တားဆီးရမှာဖြစ်ပြီး လိုအပ်ပါက ပစ်ခတ်နှိမ်နင်းမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ကို ဖြေရှင်းဖို့ စစ်ကောင်စီအနေနဲ့ အာဆီယံ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မယ်ဆိုရင် ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ ဖယ်ထုတ်ခံရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
အမှုမစစ်ဆေးပဲ ၄ လကျော် အထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန် သတင်းစာဆရာ Danny Fenster ဟာ နောက်ထပ် ရာဇဝတ်မှု တခုနဲ့ ထပ်မံ စွဲဆိုခံရတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။
ပြင်သစ် နိုင်ငံ ပါရီ မြို့တော်ကို တနလာၤနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဆိုက်ရောက်သွားပါပြီ။
မိတ်ဆွေတွေ၊ မိသားစုတွေ၊ တခြား သူတွေနဲ့ ဆက်သွယ်တဲ့ လူမှုကွန်ရက် Facebook နဲ့ အတူ သူ့ရဲ့ Instagram နဲ့ WhatsApp စာမျက်နှာတွေ ပြတ်တောက်သွားတာကြောင့် ကမ ္ဘာတဝန်းမှာ လူပေါင်း သန်းချီ Facebook သုံးမရ ဖြစ်သွားပါတယ်။
လူတွေရဲ့တံတွေးကို စမ်းသပ်စစ်ဆေးခြင်းအားဖြင့် COVID-19 ပိုး ကူးစက်ထားခြင်း ရှိမရှိဆိုတာ အလွယ်တကူ ခြေရာခံ သိရှိနိုင်မယ့် ကိရိယာတခုကို ဗြိတိန်ဆေးသိပ္ပံ ပညာရှင်တွေက တီထွင်လိုက်ကြောင်း Vatic လို့ခေါ်တဲ့ ဗြိတိန်ကုမ္ပဏီက ပြောပါတယ်။
ထိုင်ဝမ်ပိုင်နက်ဒေသ အနားတဝိုက် တရုတ်ရဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေအတွက် စိုးရိမ်စိတ်ပူကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာပဲ တရုတ်က ထိုင်ဝမ်တောင်ပိုင်း ရေပြင်ပေါ်မှာ တနင်္ဂနွေနေ့က စစ်လေယာဉ် ၁၆ စင်း ဖြတ်ပြီး ပျံသန်းခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ ဖွဲ့စည်းထားတဲ့ တာလီဘန်အစိုးရရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ အခုချိန်ထိ အားရစရာ မကောင်းသေးဘူးလို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့လယ်က Eid Gah ဗလီဝတ်ကျောင်း အပြင်ဘက်မှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တဲ့အတွက် အာဖဂန်အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Qari Saeed Khosti က ပြောပါတယ်။
ဂျာမနီ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ သဘောထား ကွဲပြားမှုတွေကို ကျော်လွှား ဖြေရှင်းကြဖို့ ရာထူးကစွန့်ခွာတော့မယ့် ဂျာမန်ဝန်ကြီးချုပ် Angela Merkel က တနင်္ဂနွေနေ့မှာ အလေးထား တိုက်တွန်းလိုက်ပါတယ်။
နှစ်ပေါင်းများစွာ ပဋိပက္ခတွေနဲ့ ဖိစီးနှိပ်စက်မှု ခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ငြိမ်းချမ်းမှုရစေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ စုဝေးဆုတောင်းပွဲမှာ ထပ်မံ ဆုတောင်းပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်