မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၄,၃၉၀ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၁,၁၉၄ ယောက် တွေ့ရှိခဲ့ပြီး သေဆုံးသူကတော့ ၄၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမေရိနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပြင်သစ်နဲ့ အမေရိကန်အကြား သံတမန်ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေ ဖြေရှင်းဖို့အတွက် ရှေ့သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အခုကပ်ဘေးကြီးက စီးပွားလူမှုနဲ့ အစိုးရတွေကို မငြိမ်မသက် ဖြစ်စေခဲ့တာမို့ ကျန်းမာရေးမလုံခြုံရင် ကမ္ဘာကြီး မလုံခြုံဘူးလို့ ထောက်ပြပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေကြောင့် နာမည်ပျက်နေတဲ့ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေး လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတဲ့ အစိုးရရဲ့ ကတိကဝတ်နဲ့ လွှတ်တော်မှာ ကြန့်ကြာနေတဲ့ ဥပဒေကြမ်းအပေါ်မှာ ပိုပြီး အာရုံစိုက်လာနေကြပါတယ်။
ထိုင်ဝမ် လေကြောင်းပိုင်နက်ထဲ တရုတ်စစ်တပ်က စစ်လေယာဉ် ၃၈ စင်း သောကြာနေ့က ပျံသန်းခဲ့တာအတွက် ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က အပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့် ကန့်သတ်တားမြစ်ရေး ဆောင်ရွက်မှုကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စုတဝန်း ဆန့်ကျင်ဆန္ဒပြကြတဲ့ စနေနေ့မှာ မြို့တော် ဝါရှင်တန်ဒီစီမှာလည်း အမျိုးသမီး ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ ၇၀၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အရှေ့ပိုင်းက ဘော့စတွန်မြို့ လူဦးရေထက် များပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ မသင်္ကာသူ ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ရုတ်တရက် ထ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၀,၁၉၁ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါကူးစက်သူ ၁,၃၄၇ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၄၆ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာသိမ်းအပြီး လူပေါင်း ၂၄၀,၀၀၀ နီးပါး နေအိမ်စွန့် ထွက်ပြေးခဲ့ရပြီး လူသားချင်း စာနာမှုဆိုင်ရာကပ်ဘေး ဆိုက်နေပြီလို့ ကုလသမဂ္ဂအဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းယူခဲ့တဲ့နေ့ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိဆိုရင် ဒလန်လို့ စွပ်စွဲပြီး အသတ်ခံရသူ အရေအတွက် ၄၀၆ ယောက်ရှိပြီး ဒဏ်ရာရသူ ၂၈၅ ယောက်ရှိတယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို သတ်ဖြတ်ခဲ့သူတွေကို အပူတပြင်း စုံစမ်းအရေးယူသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ကတိပြုလိုက်ပါတယ်။
သမ္မတ Joe Biden ဟာ သောကြာနေ့က ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူ့ရဲ့ အဓိကလုပ်ငန်းကြီးတွေဖြစ်တဲ့ နိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးတို့ ပါဝင်တဲ့ ဥပဒေမူကြမ်း အတည်ဖြစ်အောင် မဖြစ်မနေ လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ခန့်ထားတဲ့ မြန်မာ့အရေး အထူးသံတမန်နဲ့ အထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေမရှိတဲ့သဘောမျိုး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။
ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy ကို၂၀၁၂ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဟောင်း Sarkozy က ပြင်သစ်ဥပဒေမှာ ခွင့်ပြုထားတဲ့ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ထက် ၂ ဆနီးပါး သုံးစွဲခဲ့တယ်ဆိုပြီးမဲဆွယ်စည်းရုံးရေးရန်ပုံငွေဥပဒေ ချိုးဖောက်မှုနဲ့ ပြင်သစ် တရားရုံးတခုက ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမေရိကန်အစိုးရအသုံးစရိတ်ကို ဒီဇင်ဘာ ၃ ရက်နေ့အထိ လက်ရှိအတိုင်း ဆက်လက်သုံးစွဲနိုင်ရေးနဲ့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမသွားရအောင် ယာယီအသုံးစရိတ်အတည်ပြုပေးရေး ဒီကနေ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါလိမ့်မယ်။
ဥရောပသမဂ္ဂ (EU) မူဝါဒရေးရာ အကြီးအကဲနဲ့ တရုတ်ထိပ်တန်းသံတမန်တို့ အွန်လိုင်းဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ကြားကာလအုပ်ချုပ်ရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကို ယာယီအဖြစ် ၁၉၆၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံစည်းမျဉ်းထဲက ဥပဒေတွေ ကိုပြန်လည်အသုံးပြုမယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေဟာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရှိနေဆဲ ဖြစ်တာကြောင့် သတိထား စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် ထိပ်တန်းစစ်ဖက်ဆိုင်ရာ အရာရှိတွေက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်