အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ဟာ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် သမ္မတ Joe Biden ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan ဟာ ဆော်ဒီအာရေဗျ နိုင်ငံကို တနလာၤနေ့မှာ သွားရောက်ပြီး အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ အဆုံးသတ်သွားပြီဖြစ်ပြီး မဲပေးအပြီး ကောက်ယူတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ယာယိမ်း ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံနဲ့ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့ကြား မဲအရေအတွက် သိပ်မကွာဘဲ ဖြစ်နေတာ တွေ့ရပါတယ်။
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရက ပြည်ပ ခရီးသည်တင်လေယာဉ်တွေ ကာဘူးလ်လေဆိပ်ကို ပျံသန်းနိုင်ပြီ ဖြစ်တယ်၊ မြို့တော် လေဆိပ်မှာ ပြဿနာတွေ အားလုံး ပြေလည်သွားပြီး လိုအပ်ချက်တွေကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ နောက်ထပ် ၄ သန်း ရန်ကုန်လေဆိပ်ကို ရောက်လာပြီဖြစ်ကြောင်း ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ နောက်ဆုံး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၈,၄၃၆ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ ၁,၅၃၄ ဦး ရှိပါတယ်။
ရန်ကုန်နဲ့ မြို့တချို့မှာတော့ လုံခြုံရေး တင်းကျပ်နေတဲ့ကြားကပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လျှပ်တပြက် ဆန္ဒပြမှုတချို့ ဒီကနေ့ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လူငယ်ဆယ်ဂဏန်းလောက်ဟာ ရွှေဝါရောင်စိတ်ဓာတ်ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲ ဝင်ကြဆိုတဲ့ စာတန်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တင်ပြဆွေးနွေးချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန်ပါတီရဲ့ ခေါင်းဆောင်အဖြစ် Eric Chu ရွေးချယ်ခံရတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲကို ဒီတနင်္ဂနွေနေ့မှာ ကျင်းပနေပါတယ်။ မဲပေးနိုင်သူ သန်း ၆၀ ကျော်ရှိပြီး လွှတ်တော်ကနေတဆင့် ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ်ကို ရွေးချယ်မှာဖြစ်ပါတယ်။
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြန်စဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ မြောက်ကိုရီးယားဘက်က ပြောဆိုချက်အပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
သံတမန်ရေးအရ ညှိနှိုင်းခဲ့ပြီးနောက် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်တာကြောင့် နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ ဌာနေကို အသီးသီး ပြန်ရောက်သွားကြပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ စတင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတလွှားမှာ COVID-19 ကာကွယ်ဆေး သန်း ၆,၀၀၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက John Hopkins တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စင်တာက ထုတ်ပြန်ပါတယ်။
နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနေကြကြောင်း မလေးရှားနဲ့ ထိုင်းအစိုးရ ခေါင်းဆောင်တွေက စနေနေ့ပြောကြားတဲ့ သူတို့မိန့်ခွန်းတွေထဲမှာ ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၅ ရက်မှာ ၈ နာရီကြာ စစ်ကောင်စီတပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF တပ်စုမှူးတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒီနေ့ထုတ်ပြန်ချက်အရ ဒီနေ့ ကိုဗစ် ဓာတ်ခွဲစမ်းသပ်မှု ၁၈,၁၃၃ ခု လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၅၄၆ ဦးရှိပြီး ပိုးတွေ့သူ ၈.၅၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ သေဆုံးသူကတော့ ၅၂ ဦးအဖြစ် ၃.၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒီကနေ့ဟာ ၂၀၀၇ ခုနှစ်က သံဃာတော်တွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ် ပြည့်မြောက်တဲ့နေ့ဖြစ်ပြီး မန္တလေးက လမ်းမကြီးပေါ်မှာ သံဃာတော်တွေနဲ့ အများပြည်သူ ပူးပေါင်းပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နဲ့ ကနေဒါနိုင်ငံတွေမှာ အပြန်အလှန် ဖမ်းဆီးထားကြသူတွေကို သောကြာနေ့နှောင်းပိုင်းက အသီးသီး ပြန်လွှတ်ပေးခဲ့ကြပြီး ဒီကနေ့မှာ သူတို့နေအိမ်တွေဆီ ပြန်ရောက်သွားကြပါပြီ။
COVID-19 ရောဂါ အားဖြည့်ကာကွယ်ဆေး ထိုးလို့ရတဲ့ အမေရိကန်နိုင်ငံသား သန်း ၆၀ လောက်ရှိတယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောပါတယ်။
အခု နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု သူ မိန့်ခွန်းပြောကြားဖို့ မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်