အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ Australia ၄ နိုင်ငံ ခေါင်းဆောင်တွေဟာ အင်ဒို- ပစိဖိတ်ဒေသတွင်း ဒီမိုကရေစီရေးကို ကာကွယ်စောင့်ရှောက်ကြဖို့ သောကြာနေ့ ဆွေးနွေးပွဲကနေ သံဓိဌာန်ချမှတ်ခဲ့ကြပါတယ်။
အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ် Memphis မြို့ Collierville ရပ်ကွက်က Kroger ကုန်စုံဆိုင်မှာ အမျိုးသမီးတဦး သေဆုံးပြီး၊ ၁၄ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ မြန်မာဒုက္ခသည် မိသားစုတစုက ဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဟာ ၅ နှစ်ကြာ ရှိလာပေမဲ့ အခုအချိန်အထိ မဖြေရှင်းနိုင်သေးတာကြောင့်၊ နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစုရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်ခဲ့လို့ Facebook က ၂၀၁၈ ခုနှစ်မှာ ပိတ်ပစ်ခဲ့တဲ့ အကောင့်တွေနဲ့ ဆိုင်တဲ့မှတ်တမ်းတွေကိုပေးဖို့ အမေရိကန်ပြည်ထောင်စု Washington D.C က ပြည်ထောင်စု တရားသူကြီးတယောက်က Facebook ကုမ္ပဏီကို အမိန့်ထုတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Pfizer ကိုဗစ်ကာကွယ်ဆေး အားဖြည့် နောက်တလုံးကို အသက် ၆၅ နှစ်နဲ့ အထက် အရွယ်တွေနဲ့ ပြင်းထန်တဲ့ရောဂါ ခံစားနေရသူတွေထိုးဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ဗုဒ္ဓဟူးနေ့မှာ တရားဝင်ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တဲ့ အခြေအနေမရောက်အောင် အရေးတကြီး တားဆီးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကပြောကြားလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံတကာအသိုက်အဝန်းရဲ့ ဘုံလုပ်ငန်းစဉ် ၃ ရပ်ထဲက တရပ်အဖြစ် အင်ဒိုနီးရှားသမ္မတ Joko Widodo က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့ကပြောတဲ့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အတူပူးပေါင်းပြီး ပြင်းထန်တဲ့အရေးယူဒဏ်ခတ်မှုတွေလုပ်သွားဖို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တိုက်တွန်းသွားပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အရ၊ မြန်မာနိုင်ငံ မှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၂၀,၁ရ၈ ဦး ရှိခဲ့ပြီး၊ ပိုးတွေ့သူ ၁,၈၁၈ ဦး ရှိပါတယ်။ ပိုးတွေ့ရာနှုန်း ၉.၀၁ % ပါ။ သေဆုံးသွားသူ ၆၄ ဦး ရှိပါတယ်။
စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြန်မာစစ်ကောင်စီတပ်တွေဟာ ပုလဲမြိုနယ် နွယ်အင်းရွာအနီးမှာ စက်တင်ဘာလ ၂၁ရက်နေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီကနေ့မနက်မှာတော့ နွယ်အင်းရွာသားတွေကို ဓါးစာခံတွေအဖြစ်လှည်းတွေနဲ့ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်
တရုတ်နိုင်ငံဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီကိုသာမက နှစ်နိုင်ငံနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ COVID-19 ရောဂါကာကွယ်ဆေးတွေ ကူညီနေတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကို ဖိလစ်ပိုင် နိုင်ငံက လက်ခံ ကြိုဆိုမယ် လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ကုလသမဂ္ဂ ညီလာခံ မှာ အင်္ဂါနေ့ က ပြောကြားသွားပါတယ်။ အရေအတွက် ဘယ်လောက် ဆိုတာကိုတော့ သူ က တိတိကျကျ ပြောမသွားပါဘူး။
အမေရိကန်အစိုးရအတွက် ဒီဇင်ဘာလအစောပိုင်းထိ ယာယီအသုံးစရိတ်ချပေးတဲ့ ဥပဒေကြမ်းကို အင်္ဂါနေ့ညက အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်အစိုးရ ချေးယူနိုင်တဲ့ အကြွေးပမာဏ ကန့်သတ်ချက်ကို ဆိုင်းငံ့လိုက်သလို သဘာဝဘေးရန်ဆိုင်ရာနဲ့ ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ရန်ပုံငွေတွေကိုလည်း ချပေးခဲ့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဒီကနေ့ အစည်းအဝေးမှာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး မြန်မာစံတော်ချိန် ဒီကနေ့ည ၉ နာရီပတ်ဝန်းကျင်မှာ ဗွီဒီယိုကတဆင့် တင်ပြဖို့ ရှိ
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နားမှာ ဒီကနေ့ ပြင်းအား ၆ ရှိတဲ့ ငလျင်လှုပ်သွားတယ်လို့ သြစတြေးလျ ငလျင်ဌာန Geoscience Australia က ပြောပါတယ်။ ဒါဟာ သြစတြေးလျမှာ လှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်တွေထဲ အားအပြင်းဆုံးတခုဖြစ်ပြီး နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ အဆောက်အဦးတွေ ပျက်စီးသွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းအကြမ်းဖက်သမားတွေရဲ့ရန်ဟာ သိသိသာသာတိုးလာနေတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေး ဌာနတာဝန်ရှိသူတွေက အင်္ဂါနေ့က လွှတ်တော်ကြားနာပွဲမှာထွက်ဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အယ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ နဲ့ အစ္စလာမ္မစ် အစွန်းရောက် ISIS အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်တဲ့ စစ်သွေးကြွတွေ ဆက်ရှိနေနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စိုးရိမ်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၆)ကြိမ်မြောက် အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ အင်္ဂါနေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ နိုင်ငံရေးပြဿနာတွေကို အင်အားသုံး ဖြေရှင်းမှုတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
ကပ်ဘေးကြောင့် တောရိုင်း တိရိစ္ဆာန် မှောင်ခို ကူးသန်းရောင်းဝယ်ရေး ကျသွားပြီးတဲ့နောက် နယ်စပ် ထိန်းချုပ်မှု ကို လျှော့ချလိုက်တာနဲ့ မှောင်ခို အရောင်းအဝယ် ပြန်တက်လာမှာ ကို အရှေ့တောင်အာရှ အာဏာပိုင်တွေ က ရပ်သွားအောင် ဆောင်ရွက်ကြရပါမယ်လို့ ကုလသမဂ္ဂ ရဲ့ အစီရင်ခံစာ တစ်စောင် က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်