ကမ္ဘာပေါ် မှာ အများဆုံး ကာကွယ်ဆေး ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံ က ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ မှာ ပိုမို ထုတ်လုပ် တင်ပို့ပြီး လှူဒါန်းမယ် လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီး က တနင်္လာနေ့ က ပြောလိုက်ပါတယ်။ ထုတ်လုပ်မှုတွေ က ဧပြီလ မှာ ကိုဗစ် ရောဂါ ကူးစက်တာ တက်လာခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းခဲ့တာပါ
မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ Freedom House အဖွဲ့ကပြောပါတယ်။ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာထုတ်ပြန်နေတဲ့ ဝါရှင်တန် ဒီစီအခြေစိုက် Freedom House အဖွဲ့ရဲ့ ဒီကနေ့အစီရင်ခံစာထဲမှာ ဖော်ပြထား။
ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Joe Biden ဒီကနေ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။
ဂျာမနီ နိုင်ငံမှာ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ခေါင်းဆောင်သစ် ရွေးကောက်ဖို့ ပြင်ဆင်ထားပြီး ဝန်ကြီးချုပ် Angela Merkel ကို ဆက်ခံမယ့် ခေါင်းဆောင်သစ် အနေနဲ့ အရေးကြီးတဲ့ ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ် အကဲစမ်းမှု အများအပြားနဲ့ ကြုံရဖို့ ရှိနေပါတယ်။
ရုရှားနိုင်ငံ Perm တက္ကသိုလ် မှာ တနင်္လာနေ့က သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီပြောခွင့်ရ Svet lana Pe trenko ကပြောပါတယ်။
လာမယ့်နိုဝင်ဘာလ အစောပိုင်းလောက်က စပြီး အမေရိကန်နိုင်ငံထဲ လာရောက်မယ့် နိ်ုင်ငံခြားခရီးသွားတွေ အတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။
Pfizer နဲ့ BioNTech တို့ရဲ့ ၂ ကြိမ်ထိုးရတဲ့ Covid-19 ကာကွယ်ဆေးကို ထိုးဆေး ပမာဏလျှော့ချ ထိုးနှံမှုဟာ အသက် ၅ နှစ်ကနေ ၁၁ နှစ် အရွယ် ကလေးငယ်တွေ အတွက် ဘေးကင်းပြီး ထိရောက်မှု ရှိကြောင်း Pfizer နဲ့ BioNTech ဆေးဝါး လုပ်ငန်းကြီးတွေက တနလာင်္နေ့မှာ ပြောပါတယ်။
မြန်မာ နိုင်ငံမှာ ဖမ်းဆီး ထောင်ချခံထားရတာ ၄ လ နီးပါး ရှိနေပြီ ဖြစ်တဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ တနလာၤနေ့ တရားရုံး ကြားနာမှု အတွင်း စိတ်ပျက် အားလျော့နေပုံ ရကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသမှာရှိတဲ့ စေတီပုထိုးတွေ မိုးရွာသွန်းမှုများတဲ့ အရှိန်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ပြုပြင်မှုတွေကို တဖြည်းဖြည်းချင်း စတင်နေပြီး ဒေသခံလူထုကတော့ အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်စေချင်ကြပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁,၈၈၃၆ ခုကို စစ်ဆေးခဲ့တဲ့အထဲက ရောဂါကူးစက်သူ ၁,၇၀၂ ဦး တွေ့ခဲ့ပြီး သေဆုံးသူ ၅၇ ဦး ရှိ
ရုရှားနိုင်ငံမှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ပုံမှန်မဟုတ်တာတွေ၊ မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်နေပေမယ့်လည်း ကနဦး မဲရလဒ်တွေအရ ရုရှားအစိုးရက ထောက်ခံပံ့ပိုးမှု ပေးထားတဲ့ အာဏာရ United Russia ပါတီက အောက်လွှတ်တော်မှာ အနိုင်ရဖို့ များနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်တဲ့ အထက်လွှတ်တော်အမတ် Manny Pacquiao က သူဟာ လာမယ့် ၂၀၂၂ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီနှစ် အစောပိုင်းတုန်းက ကိုဗစ်ကာကွယ်ဆေး တင်ပို့ရောင်းချမှု ရပ်နားထားခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကာကွယ်ဆေး ထုတ်လုပ်မှုနှုန်းကို ခပ်သွက်သွက်နဲ့ လုပ်ငန်းတိုးချဲ့ လုပ်နေပြီး မကြာခင်မှာ ကမ္ဘာ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ပြန်လည်တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ အစိုးရလက်အောက်မှာရှိတဲ့ လုပ်ငန်းခွင်တွေက အမျိုးသမီး အလုပ်သမားတွေ အိမ်မှာပဲနေကြဖို့၊ သူတို့အလုပ်တွေကို အမျိုးသားတွေနဲ့ မဖြည့်နိုင်တော့မှဘဲ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရှိကြောင်း ကာဘူးလ် ယာယီမြို့တော်ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
သြစတြေးလျက ရေငုပ်သင်္ဘောဆိုင်ရာ ပြင်သစ်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ပယ်ဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့အပေါ် ပြင်သစ်နဲ့ အမေရိကန်တို့ကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ပွါးနေချိန်မှာပဲ အမေရိကန်သမ္မတနဲ့ ပြင်သစ်သမ္မတတို့ လာမယ့်ရက်အနည်းငယ် အတွင်း ဆွေးနွေးမှုတွေလုပ်ဖို့ ရှိပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ရာထူးက နုတ်ထွက်ပေးဖို့ ထိုင်းစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၁၅ နှစ်ပြည့်နေ့မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေက ဘန်ကောက်မြို့ လမ်းမတွေပေါ် ချီတက် တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုး ဓာတ်ခွဲနမူနာ ၁၈,၈၃၆ ဦးကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁,၇၀၂ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ အကြမ်းဖက် နှိပ်ကွပ်ခံရပြီးနောက် တန်ပြန်အကြမ်းဖက်မှုတွေ ဖြစ်လာရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဒီကနေ့အထိ ဖြစ်နေဆဲရှိပါတယ်။
ရုရှားနိုင်ငံမှာ သုံးရက်ကြာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပလျက်ရှိပြီး အတိုက်အခံ Alexei Navalny’s ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ သူ့အပေါ်မဲပေးခွင့် ပိတ်ပင်ပြီးတဲ့နောက်မှာ လက်ရှိ အာဏာရပါတီကပဲ အနိုင်ရဖို့ မျှော်လင့်ထားကြပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ အရပ်သားတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီမှာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက တင်သွင်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်