ပြင်သစ်ရဲ့ ရေငုပ်သင်္ဘောတွေဟာ သြစတြေးလျရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် မပြည့်မီမှာကို သြစတြေးလျအနေနဲ့ အထူးစိုးရိမ်ခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ မြို့တော် Damascus နဲ့ အနီးဝန်းကျင် ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်စေခဲ့တဲ့ မြို့တော်ရဲ့ အရှေ့တောင်ပိုင်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က စနေနေ့မှာ ပြောပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေနဲ့ အထူးကိုယ်စားလှယ်တွေ စုဝေးလာရောက်နေပြီ ဖြစ်ပါတယ်။
ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ ရေငုပ်သင်္ဘောဆိုင်ရာ ပြင်သစ်နဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ သဘောတူညီချက် ရယူလိုက်တာဟာ သြစတြေးလျက သံတမန်ရေးဆိုင်ရာ မဟာအမှားကြီးကို ကျူးလွန်လိုက်တာ ဖြစ်ကြောင်း သြစတြေးလျက မထွက်ခွာခင် စနေနေ့မှာ ပြင်သစ်သံအမတ်ကြီး Jean-Pierre Thebault က ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရသစ်က အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို ပိတ်ပြီး စာရိတ္တတိုးတက်ရေးနဲ့ ပြစ်မှုကာကွယ်ရေးအတွက် ရည်ရွယ်တဲ့ ဝန်ကြီးဌာနနဲ့ အစားထိုးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၁,၀၃၆ ခုကို စစ်ဆေးခဲ့တဲ့အထဲက ရောဂါကူးစက်သူ ၁,၉၄၃ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၇၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားကို ဒီနေ့ရောက်ခဲ့ချိန်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကွန်ဂရက်လွှတ်တော် အဆောက်အဦးရှေ့မှာ ဒီကနေ့ ဆန္ဒပြပွဲရှိတာကြောင့် ဝါရှင်တန်ဒီစီက လုံခြုံရေးတာဝန်ရှိသူတွေ လုံခြုံရေးအစီအမံ တင်းတင်းကျပ်ကျပ် ချမှတ် လုပ်ဆောင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေကိုရပ်ဖို့နဲ့ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတို့က တောင်းဆိုလိုက်ကြပါတယ်။
နှစ်စဉ် လုပ်ငန်းခွင် ထိခိုက်မှုနဲ့ လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နာမကျမ်းမှုတွေကြောင့် တမ္ဘာလုံးမှာသေဆုံးသူ ၂ သန်းနီးပါးရှိကြောင်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး WHO နဲ့ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ILO တို့ကပူးတွဲ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ပြင်သစ်နိုင်ငံက ရေငုပ်သင်္ဘောတွေကို မဝယ်တော့ပဲ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ပေးဖို့ သြစတြေးလျနိုင်ငံက လက်ခံလိုက်တာကြောင့်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေက သံအမတ်တွေကို ပြင်သစ်နိုင်ငံက ချက်ခြင်းပြန်လည် ဆင့်ခေါ်လိုက်ပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတလွှား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ကိုင်တွယ်ဖြေရှင်းကြမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် Linda Thomas- Greenfield က ကုလသမဂ္ဂအထွေထွေညီလာခံ မစတင်ခင် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အာဖဂန်နစ္စတန်နိုင်ငံတွင်း လုပ်ငန်းတွေကို နောက်ထပ် ၆ လ ဆက်ပြီး လုပ်ကိုင်ရေးအတွက် သောကြာနေ့က မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူမရှိ တညီတညွတ်ထည်း အတည်ပြုခဲ့ကြပါတယ်။
ဒီကနေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကိုဗစ်ပိုး စစ်ဆေးနမူနာ ၂၂,၈၀၀ ရှိခဲ့ပြီး ၂,၁၈၇ ယောက်မှာ ပိုး တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ ၇၅ ယောက် ထပ်တိုးတာကြောင့် ဒီနေ့အထိ ကပ်ဘေးကြောင့် အသက်ဆုံးပါးသူ အစိုးရစာရင်း စုစုပေါင်း ကတော့ ၁၆၉၄၄ ယောက် ရှိခဲ့ပါပြီ။
ပြင်သစ်အစိုးရ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် စက်တင်ဘာ ၁၅ ရက်အထိ ကိုဗစ်ကာကွယ်ဆေး မထိုးကြတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၃,၀၀၀ ကို ပြင်သစ်နိုင်ငံက အလုပ်ရပ်ဆိုင်းထားလိုက်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရယူမယ့်အစီအစဉ်ကို ဩစတြေးလျနိုင်ငံက ကြေညာပြီးတဲ့နောက် ဒေသတွင်းမှာ လက်နက်ပြိုင်ဆိုင်မှုတွေအပေါ် စိုးရိမ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သောကြာနေ့ က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှု မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် bdnews24 သတင်းမှာ ဖေါ်ပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ မန္တလေးမြို့မှာ တရားစွဲထားတဲ့ အမှု လေးခုကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နေပြည်တော်မှာ စတင်စစ်ဆေးကြားနာမှာဖြစ်ပြီး လက်ရှိကြားနာနေတဲ့ နေပြည်တော် သီးသန့်တရားရုံးမှာ အဂတိလိုက်စားမှု လေးမှုကို စစ်ဆေးမှာဖြစ်
Al-Qaida အဖွဲ့ကို ကူညီထောက်ပံနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အီဂျစ် နဲ့ တူရကီ နိုင်ငံသား ၅ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုလုပ်လိုက်ပါတယ်။
တကမ္ဘာလုံးမှာ ခလေး ၁၁၇ သန်းကျော်ဟာ ကိုဗစ် ၁၉ ကပ်ဘေးကြောင့် ကျောင်းပြန်မတက်နိုင်ကြသေးဘူးလို့၊ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်