Australia နိုင်ငံအတွက် နျူကလီယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်ဖို့ အမေရိကန် ဗြိတိန်တို့နဲ့ ရရှိခဲ့တဲ့သဘောတူညီချက်ကို ပြင်သစ်က ဒေါသတကြီးဖြစ်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်သစ်ဟာ အာရှဒေသအတွက် သိပ်ကို အရေးပါတဲ့လက်တွဲဖေါ်နိုင်ငံဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖမ်းဆီးအကျဉ်းချထားပြီး၊ ပြင်ပနဲ့လည်းအဆက်အသွယ်မရအောင်ဖြတ်ထောက်ထားတာတွေကိုကြည့်ခြင်းအားဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေအပေါ် အပြင်းအထန်ဖိနှပ်မှုတွေ လုပ်နေတယ်ဆိုတာပေါ်လွင်ကြောင်း RSF ခေါ် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်မူ ၂၀,၄၇၀ လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၇၉၀ ဦးရှိပြီး ၂,၀၀၀ အောက်စကျခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီည ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူကြီးတွေ ဖျက်သိမ်းလိုက်ပြီဆိုပြီး ပျံ့နေတဲ့သတင်းဟာ ကောလာဟလသာဖြစ်ပြီး ဖျက်သိမ်းဖို့မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
သြစတေးလျမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဆောက်နိုင်အောင် အမေရိကန်နဲ့ ဗြိတိန်က ကူညီမယ်လို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။ခေါင်းဆောင် သုံးဦး တွဲပြီး AUKUS လို့ အတိုကောက်ခေါ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သုံးနိုင်ငံ သဘောတူညီချက်အသစ်ကိုလည်း ကြေညာလိုက်ပါတယ်။
ကျောင်းတွေကို မြန်နိုင်သမျှ မြန်မြန်ပြန်ဖွင့်ကြဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNICEF က တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကပ်ဘေးအတွင်း ကမ္ဘာတဝန်းမှာ ကျောင်းတွေကို ပိတ်ထားခဲ့တာကြောင့် သန်းပေါင်းများစွာသော ကျောင်းသားတွေဟာ ကျောင်းသွားခွင့် မရခဲ့ကြပါဘူး။
ဖိလစ်ပိုင်နိုင်ငံမှာ သမတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု အစီစဉ်ကြောင့် လူအများပြားအသတ်ခံခဲ့ရတဲ့အတွက် လူသားတွေကိုဆန့်ကျင်တဲ့ရာဇဝတ်မှု Crime against humanity အဖြစ် တရားဝင်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရဲ့ တရားသူကြီးတွေက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။
အမေရိကန်ရဲ့ အကူအညီမလိုပဲ ကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ကြဖို့ ဥရောပသမဂ္ဂ (EU) အကြီးအကဲက အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တာတိုပစ် မစ်ဇိုင်း ဒုံးလက်နှက် ၂ ခုကို ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ တပတ်အတွင်း ဒုတိယ အကြိမ်စမ်းသပ်ပစ်ခတ်တာဖြစ်ပါတယ်။ ဒါဟာဆိုရင် မြောက်ကိုရီးယားညူကလီးယားလက်နှက်နဲ့ပတ်သက်တဲ့ဆွေးနွေမှုတွေရပ်ဆိုင်နေတဲ့ ကာလအတွင်း အမေရိကန်ကိုဖိအားပေးဖို့ကျိုးစားတဲ့သဘောလည်းသက်ရောက်ပါတယ်။
သမ္မတ Ashraf Ghani နိုင်ငံကနေ ထွက်ပြေးသွားတဲ့အတွက် အစီအစဉ် ပျက်ခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
မကြာခင်ဖြန့်ချိတော့မယ့် စာအုပ်သစ်မှာ ဖော်ပြချက်တွေကြောင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုနေတာတွေကို သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။
အမေရိကန် ကျွမ်းဘားအဖွဲ့ ဆရာဝန်ဟောင်း Larry Nassar ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အရာရှိတွေက အလေးအနက်ထား စုံစမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် အိုလံပစ် ကျွမ်းဘားမယ် McKayla Maroney ကပြောလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၃၆၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂,၄၂၄ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၉၁ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပဲ့ထိန်းတပ် Ballistic ဒုံးကျည်နှစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ဒီ စမ်းသပ်မှုဟာ သီတင်းတပတ်တောင် မရှိတဲ့အချိန်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအပေါ် မြန်မာပြည်သူလူထုရဲ့ ခုခံဆန့်ကျင်မှု၊ စစ်တပ်အာဏာသိမ်းမှုနဲ့ အခြေခံ ဒီမိုကရေစီအခွင့်အရေး ရဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာလူထုရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်းအသိအမှတ်ပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သူတို့ဖေ့စ်ဘုတ်မှာ ဒီနေ့ရေးထား
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲခေါင်းဆောင် လေးယောက်ကို ထိုင်းတရားရုံးတခုက ဒီကနေ့ အာမခံပေးလိုက်တယ်လို့ သူတို့ရှေ့နေကပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
ခိုးနားထောင် စောင့်ကြည့်မယ့် နည်းပညာ ကို အသက်သွင်းဖို့ စစ်ကောင်စီ က “ဆက်တိုက် ဖိအား” ပေးလာတာကြောင့် ဥရောပ သမဂ္ဂ ရဲ့ ပိတ်ဆို့ အရေးယူတာ ကို ရှောင်နိုင်အောင် မြန်မာနိုငံ မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ကို ရောင်းလိုက်ရ။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ အပြိုင်တင်သွင်းချက်တွေကို ဖြေရှင်းပေးရမယ့် ကုလသမဂ္ဂ စိစစ်လက်ခံရေးကော်မတီ Credential Committee အဖွဲ့ဝင်နိုင်ငံတွေကို အင်္ဂါနေ့ကစတင်တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြု ခန့်အပ်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်ကို အမြန်ဆုံး စေလွှတ်ဖို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။
သြစတေးလျ နိုင်ငံသား Sean Turnell ကို ရန်ကုန်ကနေ နေပြည်တော်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ကို နိုင်ငံတော်တရားရုံးချုပ်ကနေ သဘောတူခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်းက အင်္ဂါနေ့တုန်းကပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်