ဂီနီနိုင်ငံမှာ လွန်ခဲ့တဲ့ ၁ ပတ်ကျော်က အာဏာသိမ်းလိုက်တဲ့ စစ်တပ်က အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့ ၄ ရက်ကြာ အစည်းအဝေး အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။
မြောက်ကိုရီးယား နျူးကလီးယားလက်နက်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် တာဝန်ရှိသူကိုယ်စားလှယ်တွေ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၈၂၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂,၄၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၇၆ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းပြည်ပ ဘယ်ပုဂ္ဂိုလ် မှ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်တွေ့ဆုံခဲ့တာမျိုးမရှိပါဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ သူ့ရှေ့နေတစ်ယောက် က ဗွီအိုအေ ကို ပြောပါတယ်။
COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသူတွေကို နောက်ထပ် ဖြည့်စွက်ကာကွယ်ဆေး ထိုးပေးမယ့် စဉ်းစားချက်အပေါ် ကာကွယ်ဆေးဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေက ကန့်ကွက်နေကြပါတယ်။
အာဖဂန်နစ္စတန်ကနေ ပြီးခဲ့တဲ့လက အမေရိကန်တပ်ဖွဲတွေ ရုတ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲမှာ လွှတ်တော်အမတ်တွေရဲ့ ပြင်းထန်တဲ့ မေးခွန်းတွေကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ အင်္ဂါနေ့မှာ ထပ်ပြီး ရင်ဆိုင်ရဖွယ်ရှိပါတယ်။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီကနေ့ စတင်ကျင်းပမှာဖြစ်ပြီး အစီအစဉ်တွေထဲမှာ Credential Committee လို့ခေါ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်လက်ခံရေးကော်မတီမှာပါမယ့် အဖွဲ့ဝင်နိုင်ငံတွေကို ခန့်ထားဖို့လည်း ပါဝင်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနဲ့အာဖဂန် နိုင်ငံတွေအတွက် ဘယ်အစိုးရတွေက တရားဝင်ကိုယ်စားပြုခွင့် ရမယ်ဆိုတာ ကိုကုလသမဂ္ဂကဆုံး ဖြတ်ချက်ပေးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံအတွက်ကတော့ အာဏာသိမ်းစစ်ကောင်စီ နဲ့ NUG အစိုးရတို့က ၂ ဘက်အပြိုင်အဆိုင်ကိုယ်စားပြုခွင့်တောင်းဆိုထားပါတယ်။
အမေရိကန်တပ်တွေ အာဖဂန်နစ်စတန်ကနေ ပြန်ရုတ်သိမ်းခဲ့ရတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့ လွှတ်တော်ကြားနာပွဲမှာ ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားဖို့ မြန်မာနဲ့ နိုင်ငံတကာ လူမှုလူ့အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ ကို တနင်္လာနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကြောင့် Lock down အပြင်မထွက်ရတင်းကြပ်ထားတဲ့အမိန့်ကို အဓိကကျတဲ့မြို့ကြီးတွေမှာ ဒီလကုန်ပိုင်း ဖြေလျှော့ပေးတော့မှာ ဖြစ်တဲ့ အတွက် ကာကွယ်ဆေးထိုးတာကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဗီယက်နမ်အစိုးရက တနင်္လာနေ့တုန်းကပြောဆိုခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးမယူနိုင်ဘဲ လွတ်နေတဲ့အတွက် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ နဲ့ တိုင်းရင်းသား လူနည်းစုတွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအပေါ် သက်ရောက်မှုတွေ ရှိနေတယ်လို့ မစ္စတာ Nicholas Koumjian က လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။
သေဆုံးသွားပြီလု့ိ လအတော်ကြာ သတင်းတွေထွက်နေတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် Ayman al-Zawahri ကို စက်တင်ဘာ ၁၁ ရက် 9/11 တိုက်ခိုက်မှု အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်တဲ့ ဗွီဒီယိုခွေအသစ်မှာ ပြန်တွေ့လာရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ စာသင်ခန်းတွေ အဆောက်အဦးတွေထဲ ကျား-မ သီးသန့်ခွဲထားတဲ့ပုံစံ ရှိနေသမျှ အမျိုးသမီးတွေ ဘယ်ကျောင်းမှာမဆို ပညာဆက်လက် သင်ယူခွင့်ရှိကြောင်း တာလီဘန်တွေရဲ့ ယာယီပညာရေးဝန်ကြီး Abdul Baqi Haqqani က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကာတာ နိုင်ငံခြားရေးဝန်ကြီး Sheik Mohammed bin Abdulrahman Al-Thani ဟာ တာလီဘန်တွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ကို တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလုပ်ငန်းခွင် နေရာတွေမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေရဲ့ လုံခြုံရေး စောင့်ကြည့်ကင်မရာ အသုံးပြု ရိုက်ကူးခွင့်ကို အီရန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့မှာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံသား ၂၆ ယောက်ကို တရားမဝင် လာရောက်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယရဲက ပြောပါတယ်။
ကိုဗစ်ကြောင့် လေကြောင်းလုပ်ငန်းတွေ ထိခိုက်နေတာကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား ပထမဦးဆုံးသော အရပ်ဘက် လေကြောင်းပျံသန်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတရပ်ကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။
COVID-19 တတိယလှိုင်းဒဏ် ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရေဂါပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ စစ်ကောင်စီက အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်နေတာမှာ စက်တင်ဘာလ ၂၄ ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်သွားမယ်လို့ အိန္ဒိယနဲ့ သြစတြေးလျနိုင်ငံ နှစ်နိုင်ငံက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်