စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်အတွင်းက ခရိုင် ၂ ခုအတွင်းကို လူ ၁၀၀ ကျော်လောက် ဝင်ရောက်လာခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် အစိုးရက ပြောပါတယ်။
တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၂၄.၃ သန်းရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူဟာ ၄.၆ သန်း ရှိသွားပြီလို့ John Hopkins ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဆိုင်ရာဌာနက အခု တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း မြို့နယ်တချို့မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
မန္တလေး သံဃသမဂ္ဂဆရာတော်တွေ ဦးဆောင်ပြီး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂမှာ တရားဝင် အသိအမှတ်ပြုရေး စက်တင်ဘာ ၁၂ ရက်နေ့က လမ်းမတွေပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
မလေးရှားနယ်စပ် Sadao ခရိုုင်ရဲ့တဖက် ထိုင်းနိုင်ငံဘက်ခြမ်းထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို စနေနေ့က ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းစာက ရေးပါတယ်။
တာလီဘန်တွေကို ခုခံတိုက်ခိုက်နေတဲ့ NRF အာဖဂန်အမျိုးသားခုခံရေးတပ်ဖွဲ့တွေ အနေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အမာခံဒေသဖြစ်တဲ့ ပန်ရှီ တောင်ကြားဒေသကို ၆၀ ရာခိုင်နှုန်းလောက် ဆက်လက်ထိန်းထားနိုင်ကြောင်း NRF ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် 9/11 အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာဟာ သူတို့အတွက်နဲ့ အမေရိကန်နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ထာဝရ ပြောင်းလဲမှုတရပ် ဖြစ်ခဲ့ရတယ်လို့ စနေနေ့မှာ ကျရောက်တဲ့ 9/11 အနှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အမေရိကန်ခေါင်းဆောင်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့စာရင် အခု ပိုပြီး လုံခြုံစိတ်ချရမှု ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Lloyd Austin က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အခု စက်တင်ဘာ ၁၄ ရက်မှာ စတင်တော့မယ့် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ဟာဆိုရင် အကြမ်းဖက်ဝါဒီတွေက ခရီးသည်တင်လေယာဉ်တွေ ပြန်ပေးဆွဲပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည် အမှတ်တရ အောက်မေ့ပွဲတွေကို သမ္မတ Joe Biden နဲ့ ဇနီးဖြစ်သူ သမ္မတကတော် Jill Biden တို့ တက်ရောက်ခဲ့ကြပါတယ်။ (ဓာတ်ပုံ - AP)
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၆,၁၉၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါကူးစက်သူ ၂,၃၆၄ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၉၈ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကူးစက်မြန် ပြင်းထန်တဲ့ Delta မျိုးကွဲသစ် အပါအဝင် ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုတွေအပေါ် ကာကွယ်ဆေး အစွမ်းအလွန်ထက်တာကို အမေရိကန် CDC က တွေ့ရှိလိုက်ပါတယ်။
ဒီကနေ့ဟာ အကြမ်းဖက်ဝါဒီတွေက ခရီးသည်တင်လေယာဉ်တွေ ပြန်ပေးဆွဲပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
9/11 ခေါ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မူအတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အာဖဂန်နစ္စတန်မှာ al-Qaida တွေ ခြေကုပ်ယူခဲ့အပြီး အခုလည်း ကမ္ဘာတဝန်း မျိုးဆက်သစ် အကြမ်းဖက်သမားတွေ သွားအခြေချမယ့် လက္ခဏာ ပေါ်နေတယ်လို့ သုံးသပ်မှုတွေ ထွက်လာပါတယ်။
အမေရိကန်ပြည်ထောင်စုကို မကြာသေးခင်က ရောက်လာတဲ့ အာဖဂန်နိုင်ငံသားတွေကြားမှာ ဝက်သက်ရောဂါဖြစ်နေသူ အတော်များများ တွေ့ရတာကြောင့် အာဖဂန်နစ္စတန်ကနေ ကယ်ထုတ်လာသူတွေကို တင်ပြီး အမေရိကန်ကို ရောက်လာမယ့် လေယာဉ်တွေအားလုံးကို ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၈ ကြိမ်မြောက် အစည်းအဝေး စတင်တဲ့ စက်တင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတရပ်ကို အပြန်အလှန် ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။
လက်ဘနွန်နိုင်ငံမှာ တနှစ်ကျော်အကြာမှ အစိုးရတရပ်ကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ဖွဲ့စည်းနိုင်လိုက်ကြောင်း သမ္မတက မနေ့ ဗုဒ်ဓဟူးနေ့က ကြေညာပါတယ်။ အခု ဝန်ကြီးအဖွဲ့ဝင် ၂၄ ဦးပါဝင်ကြတဲ့ အစိုးရသစ်ကို စီးပွားရေးလုပ်ငန်းရှင် Billionair သူဌေးကြီး Najib Mlkati က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ကယ်ထုတ်လာခဲ့တဲ့ နိုင်ငံသားတွေထဲမှာ ဝက်သက်ရောဂါဖြစ်ပွားနေသူတွေ တွေ့ရှိရတဲ့အတွက် အာဖဂန်ကနေ အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တွေကို ခေတ္တဆိုင်းငံထားလိုက်တယ်လို့ အမေရိကန် ကေ ပြာပါတယ်။
ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးထားသူတွေဟာ ထိုးမထားသူတွေထက် သေဆုံးနိုင်ခြေ ၁၁ ဆ နည်းပြီး ဆေးရုံရောက်နိုင်ခြေ ၁၀ ဆနည်းတယ်လို့ အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ကကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ယာယီအကာကွယ်ပေးရေးအစီအစဉ် Temporary Protected Status TPS ရ နိုင်ငံ ၆ နိုင်ငံကလူတွေကို ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်