ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း --၂၄၈၁၈-- ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂၁၀၂ ဦး ရှိခဲ့ပြီး သေဆုံးသူက -၈၈ - ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ထောက်ခံနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ထပ်ပြောခဲ့ပါတယ်။ NUG အစိုးရရဲ့စစ်ဆင်ရေးသဘောကြေညာချက်အပေါ် တနေ့ကတုံ့ပြန်ရာမှာ မြန်မာ့အကြပ်အတည်းကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာလက်မခံနိုင်ဘူးလို့ အမေရိကန်က ပြောခဲ့
အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့ နှစ်ဝက်ကျော်အတွင်း ပထမဆုံး း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သဘောတူခဲ့ကြပြီးကမ္ဘာ့စီးပွါးရေးအင်အားအကြီးဆုံး ခေါင်းဆောင်နှစ်ဦ ၇ လအတွင်း မနေ့က ပြန်ဆွေးနွေးကြရာမှာ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေ ထိပ်တိုက်မတွေ့ရေး၊မိနစ် ၉၀ ကြာ ပြောဆို သဘောတူခဲ့ကြ
အာဖဂန်နစ္စတန်နယ်မြေကို အသုံးပြုပြီး တခြားနိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်လာမယ် အန္တရာယ်ကနေ တားဆီးရေးအတွက် အဓိကထားတဲ့ အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲတခုကို BRICS အဖွဲ့ဝင် ငါးနိုင်ငံရဲ့ ခေါင်းဆောင်တွေက မေ န့ ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။
မဟာ မဲခေါင်မြစ်ဝှမ်း GMS နိုင်ငံများအနေနဲ့ ဒေသတွင်းမှာ ရေရှည်ဖွံဖြိုးတိုးတက်မှုတွေ ရရှိနိုင်အောင် ခိုင်ခိုင်မာမာနဲ့ ကြိုစားကြဖို့ နဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြီး တည်ဆောက်ကြဖို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က မနေ့ ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ်ကြိုးစားမှုတရပ် အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ကန်ထရိုက်လုပ်နေသူ ၂ သန်းခွဲအတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ အမိန့်ချမှတ်လိုက် ပါတယ်။
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေကို သယ်ဆောင်လာတဲ့ ဘယ်လှေသင်္ဘောကို မဆို ပြန်လှည့်ခိုင်းဖို့ ဗြိတိန်အစိုးရက အတည်ပြုချက် ချလိုက်တာဟာ ဒုက္ခသည်ဆိုင်ရာ ဗြိတိန်နဲ့ ပြင်သစ်ကြား သဘောထားကွဲပြားမှုကို ပိုကြီးလာစေပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံမှာရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် လျော့ကျသွားပြီဆိုပေမယ့် အခုချိန်ထိ ရောဂါပိုး ကူးစက်၊ သေဆုံးသူတွေ ဆက်ရှိနေဆဲ
အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာကိစ္စရပ်တွေ ဆွေးနွေးကြတဲ့ သြစတြေးလျနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် အရေးကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ အစည်းအဝေးကြီးတွေ ရှေ့သီတင်းပတ်အတွင်း ကျင်းပဖို့ ရှိနေချိန်မှာပဲ SAC-M မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက R2P လမ်းစဉ်နဲ့ လက်တွေ့အရေးယူဆောင်ရွက်ဖို့ ထပ်ပြီးအကြံပြုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ဖို့နဲ့ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ မနိုင်မနင်း မဖြစ်ရလေအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုဗစ် အရေးပေါ် စည်းကမ်းကန့်သတ်ချက်တွေကို ဒီလကုန်အထိ သက်တမ်းတိုးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၅,၃၉၈ ခုကို စစ်ဆေးခဲ့တာမှာ ကူးစက်သူအရေအတွက် ၂,၇၀၂ ယောက် ရှိခဲ့ပြီး သေဆုံးသူက ၉၁ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas တို့ ပူးတွဲကမကထပြုပြီး လက်တွဲလုပ်ဆောင်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ အာဖဂန်နစ္စတန် အခြေအနေဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ဒီကနေ့လုပ်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားဖို့နဲ့ လူသားစာနာမှုအကူအညီတွေ ပေးလို့ရအောင် လုပ်ပေးကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတချို့က တိုက်တွန်းထားပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံရဲ့ အစ္စလာမ်ယာယီအစိုးရအဖြစ် အင်္ဂါနေ့မှာပဲ တာလီဘန်တွေ ကြေညာလိုက်ပြီး တာလီဘန်အဖွဲ့ကို ထူထောင်ခဲ့တဲ့ ကွယ်လွန်သူ Mullah Omar နဲ့ ရင်းနှီးတဲ့ Mullah Hasan Akhund ဦးဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ နောက်ထပ်ဖြစ်လာမယ့်ပဋိပက္ခတွေကြောင့် အကာအကွယ်မဲ့သူတွေ၊ ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ်မှာ ထိခိုက်နစ်နာစေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အင်္ဂါနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ကူးစက်မြန် မျိုးဗီဇပြောင်း ကိုဗစ်ကပ်ရောဂါပိုးမျိုးကွဲ Delta ကူးစက်သူ တွေ့ရှိထားတဲ့ ရခိုင်ပြည်နယ်မှာ လူတိုင်းကိုတော့ ဘယ်မျိုးကွဲကူးနေသလဲဆိုတာ စစ်ပေးနိုင်ဖို့ ခက်ခဲတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
အာဖဂန်နိုင်ငံထဲက ခရီးသွားလာစာရွက်စာတမ်းရှိတဲ့ သူတွေကို အဟန့်အတားမရှိ ထွက်ခွါခွင့်ပြုမယ်ဆိုတဲ့ တာလီဘန်တို့ ကတိစကားအတိုင်း လိုက်နာမှုရှိအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ပြီးသတိပေးထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကအင်္ဂါနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံမှာမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကိုဗစ် ၁၉ အတွက် တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖေါက်မှုနဲ့ ဗိုင်းရပ်စ်ပိုး ပြန့်ပွါးအောင်လုပ်ဆောင်မှုတွေအတွက် အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးကို တနင်္လာနေ့က ထောင်ဒဏ်ပစ်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်