ကိုဗစ် ၁၉ ကပ်ရောဂါကျော်လွှားနိုင်ဖို့ အချိန်က အဝေးကြီးလိုသေးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
အာဖဂန်နစ်စတန်မှာ နှစ်ပေါင်း ၂၀ လောက် စစ်ရေးလေ့ကျင့်သင်ကြားခဲ့ကြတဲ့ အာဖဂန်တပ်ဖွဲ့တွေ အနေနဲ့ တာလီဘန်အဖွဲ့ဝင်တွေနဲ့ အတူ လုံခြုံရေးဆိုင်ရာ ဌာနတွေမှာ လာရောက် ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ဖို့ တာလီဘန်တွေ က တနင်္လာနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ စက်တင်ဘာလ အလယ်ပိုင်း လောက်မှာ Covid-19 တတိယလှိုင်း ကူးစက် ပျံ့နှံမှု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ဒီအခြေအနေကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ တနေ့ကို ဆေးဘက်သုံး အောက်စီဂျင် တန် ၁၅,၀၀၀ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း Linde လုပ်ငန်းကြီးရဲ့ အိန္ဒိယ ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ပါကစ္စတန်နဲ့ ဆွေးနွေးထားကြောင်း အာဖဂန် တာလီဘန်က တနလာၤနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် လျော့ကျသွားပြီဆိုပေမယ့် အခုချိန်ထိ ရောဂါပိုး ကူးစက်၊ သေဆုံးသူတွေဆက်ရှိနေဆဲပါ။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်ကြမယ့် ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတဲ့ သတိပေးချက်တခုကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာအောက်မှာရှိတဲ့ နိုင်ငံတကာကုန်သွယ်ရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Panjshir (ပန့်ဂျ်ရှီးရ်) တောင်ကြားက တခုထဲကျန်တဲ့ ခုခံတိုက်နေတဲ့သူတွေကို အပြီးသတ် အောင်ပွဲခံလိုက်ပြီလို့ တာလီဘန်တွေက တနင်္လာနေ့မှာ ကြေညာပါတယ်။
ဘရာဇီးနိုင်ငံ São Paulo မြို့မှာ မနေ့ စက်တင်ဘာ ၅ ရက်နေ့က အာဂျင်တီးနားနဲ့ ဘရာဇီး ဘောလုံးအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားတဲ့အချိန် ဘရာဇီး ကျန်းမာရေးအရာရှိတွေ ကွင်းထဲဝင် ဟန့်တားခဲ့တဲ့အတွက် ဘောလုံးပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာဖဂန်အရေး မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် ကာတာနိုင်ငံကို တနင်္ဂနွေနေ့က ခရီးထွက်ခွာသွားပြီး အဲဒီကနေတဆင့် ဂျာမနီနိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဝန်ကြီး Blinken ဟာ ကာတာနိုင်ငံ Doha နဲ့ ဂျာမနီနိုင်ငံ Ramstein တို့ကို သွားရောက်မှာပါ။
ကမ္ဘာကြီးပူနွေးမှုနဲ့အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေလွှမ်းပြီး လူအများအပြား ရွှေ့ပြောင်းအခြေချရတဲ့ အဖြစ်နဲ့ ကြုံနေရတာကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေရဲ့ အရှေ့ပိုင်းက Sunderbans မြစ်ဝကျွန်းပေါ်ဒေသမှာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။
တရုတ်-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အရ တရုတ်အစိုးရက ဒုတိယအကြိမ်အဖြစ် ဆေးပစ္စည်းတွေကို တနင်္ဂနွေနေ့မှာ ရှမ်းပြည်နယ် ကိုဗစ်တိုက်ဖျက်ရေးအတွက် ပေးလှူခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က လူစည်ကားရာ Asoke လမ်းဆုံမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ၁,၀၀၀ ကျော် စုဝေးကြပြီး ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေ စက်တင်ဘာလလယ်ထဲ ထောက်ပံ့နိုင်ဖို့ အဖွဲ့အားလုံး ၄ လ အပစ်အခတ်ရပ်စဲကြဖို့ တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ Erywan Yusof က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လေ့ရှိတဲ့ မြို့နယ်တချို့မှာ စက်တင်ဘာ ၅ ရက် ဒီကနေ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကို သတင်းယူခဲ့တဲ့ မြန်မာ ဓာတ်ပုံသတင်းထောက်တဦး ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Perpignan မှာကျင်းပတဲ့ "Visa Pour L'Image" ဓာတ်ပုံဆိုင်ရာ အကြီးဆုံးပွဲတော်မှာ ထိပ်တန်းဆုကို ရရှိသွားပါတယ်။
သြစတြေးလျနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တခုဖြစ်တဲ့ New South Wales ပြည်နယ်မှာ အခု တနင်္ဂနွေမှာတော့ COVID-19 ရောဂါနဲ့ သေဆုံးသူ ၃ ဦးရှိပြီး ကူးစက်မှုအသစ် ၁,၅၀၀ နီးပါးရှိကြောင်း သတင်းရရှိပါတယ်။
ထိုင်ဝမ်မှာ ခေတ်မီ စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးနဲ့ တိုးချဲ့ရေးအတွက် လာမယ့်နှစ်မှာ စစ်တပ်အသုံးစရိတ် တိုးမြှင့်ရေး အစိုးရက အဆိုပြုထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတွင်း အခြေအနေတွေ အရေးကို အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကာတာနဲ့ ဂျာမနီနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသူတွေထဲက မီဇိုရမ်ပြည်နယ်ရောက် မြန်မာကလေးငယ်ပေါင်း ၄၀၀ နီးပါးကို ကျောင်းတက်ခွင့် ပေးလိုက်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို အိန္ဒိယက Deccan Herald သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုပေးတဲ့ လုပ်ငန်းကို နော်ဝေအခြေစိုက် Telenor ကုမ္ပဏီဆီကနေ ဝယ်ယူခဲ့တဲ့ လက်ဘနွန်အခြေစိုက် M1 Group က လာမယ့် ၃ နှစ်အတွင်း လုပ်ငန်းချဲ့ထွင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၃၀ သုံးစွဲမှာဖြစ်ကြောင်း အဖွဲ့အမှုဆောင်အရာရှိချုပ် Azmi Mikati က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်