မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၁,၉၇၃ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ရောဂါကူးစက်သူ ၃,၀၇၈ ထပ်တွေ့ပြီး သေဆုံးသူက ၁၀၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး အထူးသံတမန် Erywan Yusof က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေကို စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးဆဲရှိပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဒီကနေ့ပြောပါတယ်။
စစ်တပ်နဲ့ရဲက အပြင်းအထန် အင်အားသုံး ဖြိုခွဲဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေ ကျဲသွားတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တော့ အင်းစိန်၊ စော်ဘွားကြီးကုန်းမှာ လူငယ်တစု လျှပ်တပြက် ဆန္ဒပြပွဲ လုပ်ခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ သူ့အပေါ် အယုံအကြည်မရှိ အဆိုကို အနိုင်ရခဲ့ပေမယ့်လည်း သူနုတ်ထွက်ရေး တောင်းဆို ဆန္ဒပြပွဲတွေကတော့ ဆက်ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ဖို့ နိုင်ငံ ၁၀ နိုင်ငံက ခရီးသွားတွေပေါ် ပြည်ဝင်ခွင့် ကန့်သတ်ထားတာကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြန်ရုပ်သိမ်းလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရက ဒီကနေ့ပြောပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Firozabad ခရိုင်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့်ရော ဖျားနာတာကြောင့်ပါ ကလေးငယ် ၃၀ ကျော် အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် Erywan Mohd Yusof ဟာ မြန်မာနိုင်ငံကို ဘယ်နေ့သွားခွင့်ရမယ်ဆိုတာသိရဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က သတင်းထောက်တွေကို ပြောပါတယ်။
တာလီဘန်တွေအနေနဲ့ မကြာမီ အာဖဂန်အစိုးရသစ်ကိုကြေငြာတော့မှာဖြစ်ကြောင်းနဲ့ အမေရိကန် အပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ အပြန်အလှန်လေးစားမှုကို အခြေခံပြီး၊ ရင်းနှီးစွာဆက်ဆံသွားမှာဖြစ်ကြောင်း တာလီဘန် ခါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံထုတ် အမေရိကန်က Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို ဥရောပနိုင်ငံတွေဆီ တင်ပို့တော့မှာမဟုတ်တော့ပဲ အဲဒီအစား အာဖရိကတိုက်အတွင်းက နိုင်ငံတွေကိုပဲ ဖြန့်ချီပေးသွားမယ်လို့ အာဖရိကသမဂ္ဂ AUက မနေ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း အရင်ဆုံးစဖြစ်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းမှာ ပိုးတွေ့မှုတွေ ကျဆင်းလာချိန်မှာ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာတော့ အဖြစ်များနေပါသေးတယ်။
နယူးဇီလန်နိုင်ငံမှာ ISIS စစ်သွေးကြွတွေကို အားကျ ထောက်ခံသူတယောက်က Supermarket ကုန်တိုက်ကြီးထဲမှာ ဈေးဝယ်နေတဲ့ လူ ၆ ယောက်ကို ဒီနေ့ ဓားနဲ့ထိုး တိုက်ခိုက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ပရာယုသ် နုတ်ထွက်တဲ့အထိ နေ့စဉ်ဆန္ဒပြပွဲတွေလုပ်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက အခိုင်အမာပြောထားပါတယ်။ ကြာသပတေးနေ့တုံးကလည်း ဘန်ကောက်မြို့လည်ခေါင်က လူစည်ကားတဲ့ Asoke လမ်းဆုံမှာ ဒီနှစ်အတွင်း အကြီးမားဆုံး စုဝေးဆန္ဒပြပွဲတခု လုပ်ခဲ့ကြ
စစ်ဘေးဒဏ်နဲ့ရော ကိုဗစ်ကပ်ဘေးဒဏ်ကိုပါ ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလန်းတွေ အရင်ကထက် ရှားပါးလာနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်ရဖို့ ပိုပြီးခက်ခဲလာတယ်လို့ ကိုယ်တိုင်အလုပ်ရှာနေသူတွေက ပြောကြပါတယ်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်သူ ဦးတေဇနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူလိုက်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြေညာခဲ့တာကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Twitter မှာရေးပါတယ်။
ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က သူ ရာထူးက နုတ်ထွက်တော့မယ့်အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်သက်တမ်း တနှစ်လောက် ကာလအတွင်း ကိုဗစ်ကပ်ဘေးအပေါ် သူ့အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေ ဝေဖန်ခံခဲ့ရပြီး လူထုထောက်ခံမှု သိသိသာသာ ကျဆင်းနေချိန်မှာ ခုလိုနုတ်ထွက်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။
ဗီယက်နမ်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုမှာ အဓိကနေရာဖြစ်တဲ့ ဟိုချီမင်းမြို့တော်မှာ တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ချထားခဲ့တာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ အဆိုပြုတင်ပြထားပါတယ်။
ကိုဗစ်-၁၉တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၃၅,၂၄၈ ခုကိုစစ်ဆေးခဲ့တာမှာ ၃၄၅၉ ဦးမှာရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ည ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထား အရေးယူတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာချက်လိုက်ပါတယ်။
ဂျာမနီအခြေစိုက် စားသောက်ကုန် လက်ကားဖြန့်ချိရောင်းချရေးကုမ္ပဏီ Metro Wholesale က အောက်တိုဘာလမှာ မြန်မာနိုင်ငံကလုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ကြာသပတေးနေ့က ပြောပါတယ်။ ဩဂုတ်လမတိုင်ခင်က အစားအသောက်ဈေးနှုန်းတွေ နှစ်လဆက်တိုက် ကျဆင်းခဲ့ပြီးတဲ့နောက် အခုလို ပြန်ပြီး မြင့်တက်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်