ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်တာကြောင့် ၂၀၁၅ ခုနှစ်ကချုပ်ဆိုခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ မှတ်ယူကြောင်း KNU Concerned Group က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ လူပေါင်း တသိန်း နှစ်သောင်း လေးထောင်ကျော် ကို တက်သုတ်ရိုက် ကယ်တင်ခဲ့ရတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ နောက်ဆုံးနေ့ရက် အခြေအနေကို ပြောဆိုရာမှာ ထိပ်တန်း အမေရိကန် အရာရှိတွေကြား ကွဲလွဲချက်တွေ ရှိနေပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီကနေ့ တနေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၅,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၆၀ ကျော်ရှိတဲ့အကြောင်း ထိုင်းကျန်းမာရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီကနေ့ သေဆုံးသူ ၂၆၂ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၉ ဦး ပါဝင်ပြီး အမေရိကန် နှစ်ဦးနဲ့ နော်ဝေနိုင်ငံသားတဦး ပါဝင်
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၉,၄၆၁ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၃၅၈ ယောက်ရှိပြီး သေဆုံးသူ ၁၀၁ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ သူ့ရည်ရွယ်ချက်အတိုင်း ပေါက်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်ကပြောပါတယ်။
အမေရိကန် Louisiana ပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း Ida ဝင်တိုက်ခဲ့တာကြောင့် လ ျှပ်စစ်မီးနဲ့ သောက်သုံးရေပြတ်လပ်နေပါတယ်။ New Orelans မြို့နဲ့ Louisiana ပြည်နယ်တောင်ပိုင်းကို လ ျှပ်စစ်မီးအဓိကပို့လွှတ်နေတဲ့ လ ျှပ်စစ်ဓာတ်အားလိုင်း ၈ ခုစလုံး မုန်တိုင်းဝင်ရောက်ခဲ့တဲ့တနင်္ဂနွေနေ့ မှာ ပျက်စီးသွားတာပါ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဈေးဝယ်ကုန်တိုက်ကြီးတွေ၊ စာသင်ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေ ဒီကနေ့ပဲ ပြန်ဖွင့်ပါတယ်။ ဒါကြောင့်လည်း ကပ်ရောဂါဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ၃ လနီးပါးချမှတ်ထားရာက ခုတော့ အခြေအနေတွေ ပုံမှန်လို ပြန်ဖြစ်လာပါတယ်။
မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ( ၃၉ ၂၈၉)ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ(၃၃၉၉ ) ယောက်ရှိပြီး သေဆုံးသူ (၁၀၂ ) ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်
စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာတွေရှိခဲ့တာကြောင့် စစ်အာဏာသိမ်းမှုဆန့့်ကျင်ရေး ဆန္ဒပြပွဲတွေ ကြိုကြားဆိုသလိုပဲရှိတော့တဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တော့ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်က အပြီးသတ်ဆုတ်ခွာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ် ပြီးတဲ့နောက် တာလီဘန်တွေ ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့စွဲနဲ့ကြေငြာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster နဲ့ တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ Bloomberg သတင်းဌာနက တရုတ်နိုင်ငံသား သတင်းထောက် Haze Fan တို့ကို ၂၀၂၁ ခုနှစ်အတွက် John Aubuchon သတင်းလွတ်လပ်ခွင့် ဆုရှင်တွေအဖြစ် း (The National Press Club) က ရွေးချယ်
ရိုက်တာသတင်းဌာနက ဆန်းစစ်ခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ထဲမှာ ထိုင်းနိုင်ငံဟာ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ အသက် ၆၀ နှစ်နဲ့အထက် လူကြီးအရေအတွက် အနည်းဆုံးနိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Benny Gantz နဲ့ ပါလက်စတိုင်း သမ္မတ Mahmound Abbas တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆင့်မြင့်ခေါင်းဆောင်တွေ ပထမဆုံးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်အသစ် Ismail Sabri Yaakob ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အတွက် သီးခြားခွဲနေရတာကြောင့် သူ့ရဲ့ကက်ဘိနက်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ဘူးလို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်တပ်တွေ နှစ်ပေါင်း ၂၀ ကြာ ရှိနေမှုဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အစ္စရေးလ် ကာကွယ်ရေးဝန်ကြီးနဲ့ ပါလက်စတိုင်း သမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပါလက်စတိုင်း သမ္မတ Mahmound Abbas နဲ့ အစ္စရေးလ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးတွေ လုံးဝနီးပါး ရပ်သွားတော့မလိုဖြစ်နေပေမယ့် ဒီအစည်းအဝေးရ ဆက်ဆံရေးလမ်းကြောင်းတွေ ပြောင်းလဲလာနိုင်ခြေရှိ
နျူကလီးယားလက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေ ထုတ်လုပ်နေတယ်လို့ သံသယရှိခံထားရတဲ့ နျူကလီးယားစက်ရုံကို မြောက်ကိုရီးယားက ပြန်လည်ပတ်နေတယ်လို့ ကုလသမဂ္ဂ နြူကလီးယားစောင့်ကြည့်ရေး အေဂျင်စီ IAEA ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဟာရီကိန်း အိုင်ဒါဟာ အန္တရာယ်ကြီးတဲ့ ပြင်းအား အဆင့် ၄ ဟာရီကိန်း အဖြစ်နဲ့ ပင်လယ်ကွေ့ကမ်းရိုးတန်း ပြည်နယ် Louisiana ကို တနင်္ဂနွေနေ့မှာဝင်ရောက်လာပါပြီ။ ဒါဟာ ပြည်နယ်တွင်း အပျက်အစီးများခဲ့ရတဲ့ Katrian ဟာရီကိန်း ဝင်ရောက်ခဲ့တဲ့ ၁၆ နှစ်မြောက် နှစ်ပတ်လည် နေ့လည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်