အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဟာ တနင်္ဂနွေနေ့မှာ နောက်ထပ်အကူးစက်ခံရသူ ၄၅ ၀၀၀ ကျော်ရှိနေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အိန္ဒိယတောင်ပိုင်း Kerala ပြည်နယ်အတွင်း ကူးစက်မှုအများအပြား တိုးလာတာကြောင့် ဖြစ်ပါတယ်။
နောက်ထပ်တိုက်ခိုက်မှုနဲ့ ကြုံရနိုင်တယ်လို့ သတိပေးထားတဲ့ ကာဘူးလ်လေဆိပ်အတွက် အန္တရာယ်ရှိနိုင်တဲ့ ပုံစံတွေ့နေရတဲ့ မော်တော်ယာဉ်တစီးကို အမေရိကန်က တနင်္ဂနွေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အာဖဂန်နစ်စတန် ကာဘူးလ်လေဆိပ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည် ၁၃ ဦးရဲ့ မိသားစုဝင်တွေကို သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် Jill Biden တို့တွေ့ဆုံပြီး ကျဆုံးသွားတဲ့စစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။
ကိုဗစ် ကူးစက်မှုတတိယလှိုင်းဒဏ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုထိန်းချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးလိုက်ပါတယ်။
ကာဘူးလ်မြို့လေဆိပ်လုံခြုံရေးကို ခြိမ်းချောက်နိုင်တယ်လို့ ယူဆရတဲ့ မော်တော်ယာဉ်တစီးကို အမေရိကန်က ဒီကနေ့ လေကြောင်းက တိုက်ခိုက်လိုက်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၉,၁၂၇ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၁၆၆ ယောက်ရှိပြီး သေဆုံးသူ ၁၀၆ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်ရောဂါပိုးရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနတွေကြားမှာ ကွဲပြားတဲ့ သုံးသပ်ချက်တွေ ရှိနေကြပေမဲ့ ကမ္ဘာ့ကပ်ရောဂါအဆင့် မရောက်ခင် အချိန်အထိ ဒီဗိုင်းရပ်ပိုးအကြောင်း တရုတ်ခေါင်းဆောင်ပိုင်းက မသိရှိခဲ့ကြဘူးလို့ ယူဆကြပါယ်။
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃,၆၀၅ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၆၈၈ ယောက်ရှိပြီး သေဆုံးသူ ၁၁၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပြန်လည်သက်သာ ပျောက်ကင်းသွားသူတဦးမှာ ရောဂါလက္ခဏာတွေ ဆက်တွေ့နေရတဲ့အပေါ် ဆေးပညာအသိုင်းအဝိုင်းက အနည်းအကျဉ်းလောက်ပဲ နားလည်ထားတာကို နောက်ဆုံးထုတ်ပြန်တဲ့ ထိပ်တန်းဆေးပညာဂျာနယ်တခုမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရသူတဦးကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ Nakhon Sawan ရဲဌာနအကြီးအကဲ ရဲမှူး Thitisan Utthanaphon နဲ့ နောက်ထပ် သံသယရှိသူ ရဲအရာရှိ ၆ ယောက်ကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့က စပြီး ဘန်ကောက်အပါအဝင် ခရိုင် ၂၉ ခုက ဈေးဝယ်စင်တာကြီးတွေ၊ ဆံပင် နဲ့ အလှပြင်ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အားကစားခန်းမတွေမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ခွင့်ပြုမှာဖြစ်ပြီး စားသောက်ဆိုင်တွေကိုလည်း ဆိုင်မှာထိုင်စားသူတွေ ပြန်လည်ခွင့်ပြုမှာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် လေဆိပ်အပြင်ဘက်မှာ လူအများအပြား ထိခိုက်သေကြေခဲ့တဲ့ တိုက်ခိုက်မှုဟာ “သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်” ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ရှုတ်ချလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အတူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က လေဆိပ်အပြင်ဖက်မှာ လူအများအပြား ထိခိုက်သေကြေခဲ့တဲ့ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကရှုတ်ချလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံနဲ့ မဟာဗျုဟာ ဆက်ဆံရေး ခိုင်မာအောင် ရည်ရွယ်ပြီး သွားရောက်နေတဲ့ ခရီးစဉ်အတွင်း ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်ဒုတိယသမ္မတ Kamala Harris က ကြာသပတေးနေ့ ဟနွိုင်မြို့မှာ ပြောလိုက်ပါတယ်။
ဂန်နစ်စတန်နိုင်ငံ ကာဘူးလ်လေဆိပ်နားမှာ ကြာသပတေးနေ့က ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကြောင့် အမေရိကန်တပ်သား ၁၂ ဦးနဲ့ အာဖဂန်အများအပြားသေဆုံးရမှုမှာ ကျူးလွန်သူတွေကို လိုက်လံရှာဖွေမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့အတွက် ဓါတ်ခွဲနမူနာ ၁၂,၂၄၉ ခု စစ်ဆေးခဲ့တဲ့အထဲက COVID 19 ကူးစက်သူ ၂,၆၃၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၃၈၃,၅၁၄ ယောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၁၃ ယောက် နဲ့ လက်ရှိမှာ သေဆုံးသူ ၁၄,၈၅၀ ရှိပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့လေဆိပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အနောက်နိုင်ငံ အစိုးရတွေက ဒီကနေ့ ပြောကြားလိုက်ပြီး ပြည်ပကိုထွက်ခွာဖို့ လေဆိပ်မှာရောက်နေသူတွေကို ဘေးကင်းရာနေရာကို ရွေ့ပြောင်းသင့်ကြောင်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်