မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ကူညီ ကြိုးပမ်းသွားမယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က ပြောပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံသား သင်္ဘောသားတွေပါတဲ့ ရေနံတင် သင်္ဘောတစင်းကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အင်ဒိုနီးရှားရေတပ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
သတင်းထောက်တွေ သူတို့အလုပ် သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် တုန်လှုပ် ချောက်ချားမိကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက်ထုတ် ပြောကြားလိုက်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေ ကိုဗစ်ရောဂါ ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံကြဖို့ ကာကွယ်ရေး ဝန်ကြီးLloyd Austin ဗုဒ္ဓဟူးနေ့ က ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေထွက်ခွာဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့ အချိန်မှာ အမေရိကန်အရပ်သား ၁၅၀၀ လောက် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်ထိုးပြီးသူတွေအတွက် နောက်ထပ် အားဖြည့်ဆေးထိုးပေးဖို့ လို၊ မလိုဆိုတာနဲ့ ပတ်သက်လို့ အချက်အလက် ပြည့်ပြည့်စုံစုံ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၈၆၆ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၅၀၂ ယောက်ရှိပြီး သေဆုံးသူ ၁၁၅ ယောက်ရှိ
ရုရှားနိုင်ငံက မြန်မာစစ်တပ်အတွက်ရောင်းထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်ထဲမှာပါတဲ့အတိုင်း သက်မှတ်ရက်နဲ့အညီပေးပို့သွားမယ်
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအများအပြားမှာ ဒီရက်ပိုင်းတွေအတွင်း စစ်တပ်နဲ့ရဲက ပစ်ခတ်တာတွေ၊ ရှာဖွေဖမ်းဆီးတာတွေ ပိုလုပ်လာနေတဲ့ကြားမှာပဲ ဒေသတချို့မှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေ
ဗီယက်နမ်နိုင်ငံအတွက် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး အလုံးရေ တသန်း လှူဒါန်းမယ်ဆိုတာကို အေမေရိကန်ဒုတိသမ္မတ Kamala Harris က ဗီယက်နမ်ဝန်ကြီးချုပ် Phan Minh Chinh နဲ့ ဒီကနေ့ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တာပါ။
ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု လူ့အခွင့်အရေးကိုအကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒီမိုကရေစီရေးလိုလားတဲ့အစုအဖွဲ့တွေရဲ့ မေ ျှာ်မှန်းချက်နဲ့ ကတိကဝတ်တွေကို အမေရိကန်ပြည်ထောင်စုက ကြိုဆို
အရှေ့တောင်အာရှခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris ကမြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ တောင်းဆိုသွားပါတယ်။
ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတွေအနေနဲ့ နောက်ထပ်အားဖြည့်ကာကွယ်ဆေးလုံး Booster dose ထပ်မထိုးခင် အနည်းဆုံး ၂ လလောက်စောင့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယား နျူကလီးယားအရေး ဘယ်လိုအခြေအနေတွေပဲရှိရှိ လူသားစာနာမှု အကူအညီပေးရေးကို အမေရိကန်က ထောက်ခံတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်က ဒီကနေ့ပြောပါတယ်။
Covid-19 ရောဂါနဲ့ ဆေးရုံးတက်ကုသခံနေတဲ့ စစ်အာဏာရှင်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးတို့ သက်သာပျောက်ကင်းပြီး ဆေးရုံဆင်းသွားကြပြီလို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ ၈၈ နှစ်အရွယ် ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်က သိုက်ချောင်းစစ်ဆေးရုံကနေ သောကြာနေ့က ဆင်းခွင့်ပြု
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့လူထုကို အမေရိကန်က အခိုင်အမာ ထောက်ခံနေပါတယ်လို့ အမေရိကန် ဒုတိသမ္မတ Kamala Harris က ဒီကနေ့ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ရထားတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို ထိန်းသိမ်းကာကွယ်ဖို့ လူသားစာနာမှုနဲ့ သံတမန်ရေးဆိုင်ရာ နည်းလမ်းမှန်သမျှကို အသုံးပြုသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကပြောပါတယ်။
ဒါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို တရားရုံးထုတ် စစ်ဆေးခြင်းမရှိတာ တလခွဲနီးပါး ကြာမြင်နေပြီဖြစ်ပါတယ်။ အဲဒီအတွက် အသစ်တိုးချမှတ်တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်မေးမြန်းတိုင်ပင်စရာတွေ ရှိတဲ့အတွက်ကြောင့် လူချင်းတွေ့ဖို့ ကြိုးစားနေတယ်လို့လည်း ဦးခင်မောင်ဇော် က RFA သတင်းဌာနကို ပြောပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာ့အရေးထိရောက်အောင်ဆောင်ရွက်ရေး အာဆီယံကို ပိုမိုတွန်းအားပေးဖို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူတွေက တိုက်တွန်းလိုက်ပါတယ်။
Pfizer ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲ့အထက် လူအားလုံးအတွက် အသုံးပြုဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန FDA က အပြည့်အဝ မနေ့ တနင်္လာနေ့က အသိအမှတ်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်