ဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာ ရုရှားနိုင်ငံ မော်စကိုက Patriot ပန်းခြံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ စစ်တပ်စွမ်းရည် ပြိုင်ပွဲ IAG ဖွင့်ပွဲနဲ့ ၂၀၂၁ ခု နိုင်ငံတကာ စစ်ရေးနည်းပညာ ဖိုရမ် IMTFA 2021 ကို တက်ရောက် နေပါတယ်။
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်အလယ်ပိုင်းမှာ မကြုံစဖူးမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့နောက် ရေကြီးရေလျှံမှုကနေ တနင်္ဂနွေနေ့ အထိဆို အနည်းဆုံး လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံး နေသလို နေအိမ်တွေလည်း အများအပြား ပျက်စီးခဲ့ရပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့နောက် ကာဘူးလ်လေဆိပ်တဝိုက် ထောင်နဲ့ချီတဲ့ ပြည်ပထွက်ခွါဖို့ကြိုးစားသူတွေနဲ့ ပရမ်းပတာ ဖြစ်နေတာအတွက် တနင်္ဂနွေနေ့မှာ တာလီဘန်တွေက အမေရိကန်ကိုအပစ်တင်ခဲ့ပါတယ်။
အာဖဂန်နစ်စတန်မှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးသီတင်းတပတ်ကြာလာချိန်မှာ ကဘူးမြို့တော်မှာ အလုပ်အကိုင် ဆုံးရှုံးသူတွေ တိုးလာနေသလို၊ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဟေတီမှာ ပြီးခဲ့တဲ့ စနေက ပြင်းအား ၇.၂ ငလျင်ကြောင့် သေဆုံးသူ ၂ ၂၀၇ ယောက်ရှိပြီး ၃၄၄ ယောက်ပျောက်ဆုံးနေသလို နေအိမ်ပေါင်း ၅၀ ၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်
၃၆ နာရီ အတွင်းမှာ လူပေါင်း ၁၁,၀၀၀ ကယ်ထုတ်နိုင်ခဲ့ကြောင်း သမ္မတ Biden က ပြောပါတယ်။ ကာဘူးလ် မြို့တော်ကနေ ထွက်ခွာဖို့ အတွက် လူပေါင်း သောင်းချီ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။
အစိုးရသစ် ဖွဲ့စည်းရေး မူဘောင်တွေကို မကြာခင် ကြေညာနိုင်ဖို့ ခန့်မှန်းထားကြောင်းလည်း ကာဘူးလ်မြို့တော်က တာလီဘန် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သောင်းနဲ့ချီတဲ့ အာဖဂန်ဝန်ထမ်းတွေနဲ့ မိသားစုတွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီး ကယ်ထုတ်ဖို့ ဆိုတာက လက်တွေ့ မဖြစ်နိုင်ကြောင်း EU ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Josep Borrell က စနေနေ့မှာ သတိပေးပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ ဟာမစ်ဒ် ကာဇိုင်း နိုင်ငံတကာ လေဆိပ်ကနေ အမေရိကန် စစ်တပ်က ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း လူပေါင်း ၃,၈၀၀ ကယ်ထုတ်ခဲ့ကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံ အရေးမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံဘက်က မျှော်မှန်း ထားသလောက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြောင်း စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက သြဂုတ်လ ၂၀ ရက် သောကြာနေ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။
မြန်မာသတင်းမီဒီယာ သမားတွေကို စစ်အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတဲ့အပေါ် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ရှုတ်ချလိုက်ပြီး၊ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရုရှား ထောက်လှမ်းရေးကနေ အတိုက်အခံနိုင်ငံရေးသမား Alexey Navalny ကို ဓါတု့အဆိပ်နဲ့ လုပ်ကြံရာမှာ ပါဝင်ခဲ့တယ် လို့ဆိုပြီး ရုရှားနိုင်ငံသား ၇ ဦးကို အမေရိကန် နဲ့ ဗြိတိန်အစိုးရတွေက ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း မနေ့ သောကြာနေ့က ပူးတွဲကြေညာလိုက်ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်မြောက်ပိုင်းက ဒေသ ၃ ခုကို အာဖဂန်အစိုးရအဖွဲ့ဟောင်းကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက သောကြာနေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ အများစု အပါအဝင် ရေကြောင်းကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့နှစ်ဟာ အဆိုးဆုံးနှစ်တနှစ် ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အသက် ၄၉ နှစ်အရွယ် Floyd Ray Roseberry ဆိုသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာပါ။
အာဖဂနစ္စတန်နိုင်ငံမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာန UNESCO က တိုက်တွန်းလိုက်ပြီး၊ အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။
ကိုဗစ်-၁၉တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၁,၅၄၆ ခုကို ပြုလုပ်ခဲ့တာမှာ ၂,၅၉၀ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF မှာရှိတဲ့ အာဖဂန်နစ္စတန်ရဲ့ အရံငွေကြေး ဒေါ်လာ သန်း ၄၄၀ ထုတ်ယူခွင့်ကို ဆိုင်းငံ့လိုက်တဲ့အကြောင်း IMF အဖွဲ့ကြီးက မနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာပါတယ်။
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အားလုံးကြားမှာ ယုံကြည်မှုတည်ဆောက်ပေးဖို့အပါအဝင် အချက်လေးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို အကြံပြုခဲ့
ကမ္ဘာတဝန်း ပဋိပက္ခအခြေအနေတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာမှုနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်