မလေးရှားနိုင်ငံက လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်ပြဖို့ မလေးရှားဘုရင်က သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် နီးလာတာနဲ့အမျှ ဝန်ကြီးချုပ်အဖြစ် အရွေးခံရရေး ပြိုင်ဆိုင်တာတွေ ဒီကနေ့မှာ အကျိတ်အနယ်ဖြစ်လာနေပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် နိုင်ငံတကာလေဆိပ်ကနေ ကယ်ဆယ်ရေးအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက အရှိန်မြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပြီး တရက်ကို လူ ၅,၀၀၀ ကနေ ၉,၀၀၀ ကြား လေယာဉ်နဲ့ကယ်ထုတ်ဖို့ မှန်းထား
ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးလာတဲ့ နိုင်ငံတွေထဲမှာမှ အမြန်ဆုံးနှုန်းနဲ့ တိုးနေတဲ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ခုနစ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသကဖြစ်တယ်လို့ Our World in Data အွန်လိုင်း သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။
ဗွီအိုအေ ရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးလည်းဖြစ် ဝါရင့်သတင်းသမားတဦးလည်းဖြစ်သူ ဦးစည်သူအောင်မြင့်ကို မြန်မာစစ်ကောင်စီအာဏာပိုင်တွေက ဩဂုတ်လ ၁၅နေ့ညက ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။
အာဖဂန်စစ်တပ် မြန်မြန်ဆန်ဆန် ပြိုကွဲသွားရတာဟာ အာဖဂန်အစိုးရ ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်း မြောက်အတ္တလန်တိတ်စာချုပ် နေတိုး တပ်ဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ထွက်ခွာမယ့်သူတွေ လုံခြုံရေးအတွက် တာလီဘန်ဘက်က ကတိကဝတ် ရထားကြောင်းလည်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး ပြသနာတွေကို ဘေးဖယ်ထားပြီး အရေးတကြီး လိုအပ်နေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနဲ့ စာနာမှု အကူအညီတွေ ပေးနိုင်ရေး ဆောင်ရွက်ကြဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ဟေတီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငလျင်ဒဏ် သင့်ခဲ့ပြီးနောက် အပူပိုင်း လေဖိအားနည်း ရပ်ဝန်း Grace ဝင်ရောက် တိုက်ခတ်တာကြောင့် မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်မှုနဲ့ ထပ်ပြီး ကြုံတွေ့ရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော် နိုင်ငံတကာလေဆိပ်ကနေ သံတမန်တွေနဲ့ အရပ်သားတွေအတွက် ကယ်ဆယ်ရေးလေယာဉ်တွေ ဒီနေ့ ပြန်ထွက်နေပါပြီ။
ပြီးခဲ့တဲ့စနေနေ့က ပြင်းအား ၇.၂ ရှိတဲ့ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဟေတီတောင်ပိုင်းဒေသက နေရာတချို့မှာ ငလျင်ကြောင့် အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေရေးလုပ်ငန်းတွေလည်း အခုမုန်တိုင်းကြောင့် ထိခိုက်လာရပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ အတိအလင်း ရပ်တည်ကြောင်း အမေရိကန် သမ္မတ Joe Biden က ပြောပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံကို တာလီဘန်တို့ အပြည့်အ၀ ထိန်းချုပ်ပြီးနောက် ပထမဆုံး လူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေရှ့် အစိုးရရဲ့ Covid-19 ကာကွယ်ဆေးထိုးအစီအစဉ် အချိန်တိုးချဲ့လိုက်ကြောင်း ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တနလာၤနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တာလီဘန်တွေ အနေနဲ့ အာဖဂန်ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ နဲ့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ အာဖဂန်ပြည်သူတွေကို ပစ်မထားဖို့ တနင်္လာနေ့မှာပဲ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။
လေဆိပ်မှာရှိတဲ့ အမေရိကန်စစ်သားတွေက လုံခြုံရေးအတွက် သတိပေးသေနတ်ပစ်ဖေါက်တာတွေ ရှိနေသလို အနောက်နိုင်ငံတချို့ကလည်း သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အစီစဉ်တွေ လုပ်နေကြတာပါ။ ပရမ်းပတာ ဖြစ်နေတဲ့ လေဆိပ်က ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ကြား သေဆုံးရသူက အနည်းဆုံး ၅ ဦးလောက်ရှိနေတာပါ။
ကိုဗစ် တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ အကျဉ်းကျနေသူတွေ အပါအဝင် ဂရုမစိုက် အပစ်ပယ်ခံနေရသူ တွေကြားမှာ ကိုဗစ်ကူးစက်မှု တရိပ်ရိပ်တိုးနေပြီး စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေကို ကိုဗစ်ကူးစက်မှုတိုးနေတဲ့ အကျဉ်းထောင်တွေထဲ ထည့်ထားတယ်လို့ HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးက ဝေဖန်ပါတယ်။
မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ဟာ တနင်္လာနေ့မှာ နှုတ်ထွက်ဖို့ရှိတယ်လို့ Malaysiakini သတင်းဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါပိုးကူးစက်သူတွေ နေ့စဉ် ထောင်နဲ့ချီရှိနေတဲ့အပြင် သေဆုံးသူတွေဟာလည်း နေ့စဉ် ရာ ဂဏန်းမှာ ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အမေရိကန်သံရုံးပရဝုဏ်ထဲက ဝန်ထမ်းတွေကို အမေရိကန်ဘက်က ရဟတ်ယာဉ်တွေနဲ့ လေဆိပ်ကို ကယ်ဆယ် ပို့ဆောင်ပေးနေတဲ့အချိန်မှာပဲ ကဘူးမြို့တော် လုံလုံခြုံခြုံရှိပြီး မကြာခင်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အာဏာလွှဲပြောင်းသွားမယ်လို့ အာဖဂန်ယာယီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၉၀ ကျော်လာပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာရော ပြည်ပမှာရောက်နေတဲ့ မြန်မာတွေကပါ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်