အာဖဂန်သမ္မတ Asharf Ghani က တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူပုန်တွေ မြို့တော်ကို ချဉ်းကပ်လာတဲ့အခါ အစိုးရတပ်တွေက တွန်းလှန်နိုင်အောင် ပြင်ဆင်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၃,၀၃၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၃,၄၁၉ ယောက် တွေ့ခဲ့ပြီး သေဆုံးသူက ၁၉၉ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို ပြန်ပို့လိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေထဲက ပထမဆုံးအသုတ် သောကြာနေ့က ရောက်သွားပြီဖြစ်တာနဲ့အမျှ အာဖဂန်နိုင်ငံတဝန်း အလျင် အမြန် ထိုးစစ်ဆင်နေတဲ့ တာလီဘန်တွေကတော့ ကာဘူးလ်မြို့တော်နဲ့ မဝေးလှတော့တဲ့နေရာထိ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက အဓိကပြည်နယ်မြို့တော် ၅ ခုကို ညတွင်းချင်း အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီး မြို့တွေကတော့ တောင်ပိုင်းက ကန်ဒါဟာ၊ အနောက်ပိုင်းက ဟီရတ်၊ အရှေ့မြောက်ပိုင်းက ကာဟာရ်-အီး နော်၊ တောင်ပိုင်းက လက်ရှ်ခါ ဂါးနဲ့ အရှေ့တောင်ပိုင်းက မဟာဗျူဟာကျတဲ့ ဂါဇနီ မြို့တွေ ဖြစ်ကြပါတယ်။
အမေရိကန်နဲ့ အာရှ ၃ နိုင်ငံ ကြာသပတေးနေ့က ဆွေးနွေးရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ COVID-19 တတိယလှိုင်းကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူတွေ နေ့စဉ် တိုးများနေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုနမူနာ ၁၂,၈၀၁ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုး ကူးစက်သူ ၃,၄၃၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့အတွက် အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းတည်ဆောက်ရေးကုမ္ပဏီကို အမေရိကန်အစိုးရအနေနဲ့ လုပ်ငန်းလုပ်ခွင့်လိုင်စင် ချမပေးဖို့ Justice for Myanmar အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွေကို မေလကတည်းကစပြီး အကြီးအကျယ် နှိမ်နင်းလာခဲ့တာမှာ မူးယစ်ဆေးတွေ စံချိန်ကျိုးလောက်အောင် သိမ်းဆည်းရမိနေသလို လူပေါင်း ၂ ထောင်နီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘာလင်မြို့က ဗြိတိသျှသံရုံးမှာ အလုပ်လုပ်နေရင်း ရုရှားအတွက် သူသျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်နိုင်ငံသား တယောက်ကို ဖမ်းဆီးလိုက်ကြောင်း ဂျာမန်အာဏာပိုင်တွေ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
ကိုဗစ်ရောဂါကို ကုသရာမှာ တခြားရောဂါတွေအတွက် အသုံးပြုနေတဲ့ ဆေး ၃ မျိုးကို စတင်စမ်းသပ်ကြည့်ဖို့ ပြင်ဆင်နေကြောင်း (WHO) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေအပေါ် မကျေနပ်တဲ့အတွက် ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသူတွေနဲ့ လုံထိန်းရဲတွေကြား ဗုဒ္ဓဟူးနေ့ကလည်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတဦးအဖြစ် အလုပ်လုပ်နေတဲ့ Danny Fenster ကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် အမေရိကန် အလွန်အမင်း စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ချက်ခြင်းပြန်လွှတ်ဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။
မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ ဒေါ်လာ ၆ သန်းကျော် တရုတ်နိုင်ငံက လွှဲပြောင်းပေးမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအခြေအနေပြောင်းလဲလာတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို အစိုးရက ဆက်ပြီးနှိပ်ကွပ်နေချိန်မှာပဲ ဟောင်ကောင်ရဲ့ အကြီးဆုံး ဆရာ၊ ဆရာမများသမဂ္ဂက သူတို့ အဖွဲ့ကိုဖျက်သိမ်းလိုက်ပါတယ်။
အမျိုးသမီး ၁၁ ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ စွပ်စွဲခံထားရတဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ရာထူးက နုတ်ထွက်ကြောင်း အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်းက ယိုယွင်းနေတဲ့ လမ်းတွေ၊ တံတားတွေ ပြင်ဆင်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုကို တိုးချဲ့မယ့် ဒေါ်လာ ၁ ထရီလီယံ သုံးမယ့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဥပဒေကြမ်းကို အင်္ဂါနေ့မှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချပြီး သံအမတ်ကြီးနဲ့ အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပါတယ်။
မြန်မာနိုင်ငံလူဦးရေအားလုံးအတွက် COVID-19 ရောဂါကာကွယ်ဆေးကို ပြည်ပကနေပဲ ဝယ်ရရင် တိုင်းပြည်မွဲသွားနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ကုလသမဂ္ဂက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သိပ္ပံဆိုင်ရာ အထူးအစီရင်ခံစာမှာ တနေ့တခြားပိုးဆိုးလာတဲ့ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုဒဏ်ကနေ ဘယ်သူမှမလွတ်နိုင်သလို ဒီကိစ္စကိုအရေးတကြီးကာကွယ်ဖို့လိုနေပြီလို့ သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်