အမေရိကန် စစ်ဘက်ဝန်ထမ်းတွေအားလုံး လာမယ့်လကစပြီး COVID-19 ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးကြရတော့မှာဖြစ်ပါတယ် ပန်တဂွန်စစ်ဌာနချုပ်က ချမှတ်ပြင်ဆင်ပြီး သမ္မတ Joe Biden က သဘောတူ ထောက်ခံထားတဲ့ ဒီအစီအစဉ်ကို မနေ့ တနင်္လာနေ့က ကြေညာခဲ့တာပါ။
အကြမ်းဖက်မှုတွေတိုးလာနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်စနိုင်အောင် တွန်းအားပေးတဲ့ အနေနဲ့ နိုင်ငံတကာဆွေးနွေးပွဲ ၂ ခုကို Qatar နိုင်ငံမွာ စတင်ကျင်းပနေပါပြီ။
မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေဟာ စိန်ခေါ်မှုအသစ်ပုံစံနဲ့ ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သြဂုတ်လ ၉ ရက်နေ့ မှာ ကွယ်လွန်သွား သူတွေကတော့ ထင်ရှားတဲ့ ကဗျာ ဆရာ အောင်ချိမ့်၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာ ကိုကိုကြီး (စိတ်ပညာ) တို့ ဖြစ်ပါတယ်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘာမှမသက်ဆိုင်ပဲ ဒါဟာ အမေရိကန်ပြည်တွင်းရေး အမှုတခုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့နဲ့ အကြမ်းဖက်ဖို့ ကြံစည်သူလို့ စွပ်စွဲပြီး လူ ၂ဦးကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ကိစ္စမှာ ကုလသမဂ္ဂ အနေနဲ့ ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့မှာ ပြောပါတယ်။
ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံ ကယ်တင်ရေး ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ချီတက်တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးကို စနေနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပေါ်ပေါက်နေပြီး တနင်္ဂနွေနေ့ကတော့ ဘန်ကောက်မြို့ အချမ်းသာဆုံးလူတွေရဲ့ ရပ်ကွက်တွေထဲ ဇိမ်ခံကားတွေနဲ့ လှည့်လှည်ပြီး ဝန်ကြီးချုပ် Prayuth Chan-ocha နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံက အနုမြူဗုံးကြဲခံခဲ့ရတဲ့ ၇၆နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့မှာ ဒီကနေ့ကျင်းပပါတယ်။ အမေရိကန်ရဲ့အကာအကွယ်ကိုရယူနေမယ့်အစား ဂျပန်နိုင်ငံကို နျူကလီးယားကင်းစင်တဲ့ဇုံ တခုဖြစ်လာအောင် ဂျပန်အစိုးရက ဦးဆာင်ဖို့ မြို့တော်ဝန်က နှစ်ပတ်လည်အခမ်းအနားမှာတိုက်တွန်းခဲ့။
“ဥတုရာသီပြောင်းလဲဖောက်ပြန်မှုအန္တရာယ်ဟာ လူသားထုကြီးတခုလုံးအတွက် အနီရောင်အဆင့် ကိုရောက်လာနေပြီ” ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IPCC)
၈၈၈၈ လှုပ်ရှားမှုမှာ အသက်ပေးသွားရသူတွေကို ဗြိတိန်နိုင်ငံကလည်း အမှတ်ရနေပြီး အဲဒီအချိန်ကလိုပဲ အခုလည်း မြန်မာပြည်သူတွေနဲ့ တသားတည်း ဆက်ရှိနေမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Pete Vowles က ပြောပါတယ်။
အာဖဂန်စစ်ပွဲ ဟာ သေကြေမှုနဲ့ ထိခိုက်မှုတွေ များလာနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဖဂန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Deborah Lyons က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သတိပေးခဲ့တာပါ။
အမေရိကန် အားကစားသမားတွေက ရွှေတံဆိပ် ၃ ခု ထပ်မံ ဆွတ်ခူးခဲ့ပြီးနောက်မှာတော့ ရွှေတံဆိပ် ၃၈ ခု ရထားတဲ့ တရုတ်ကို ကျော်ပြီး ရွှေတံဆိပ် ၃၉ ခုနဲ့ အမေရိကန်တို့က အိုလံပစ် ရွှေတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများ အာဆီယံရဲ့ မြန်မာ ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားသူ ဘရူးနိုင်း သံတမန် Erywan Yusof က သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားတဲ့ အခါ သက်ဆိုင်သူ အားလုံးနဲ့ အပြည့်အ၀ တွေ့ဆုံခွင့် ရသင့်ကြောင်း စနေနေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွါးမှုကို အစိုးရက ကောင်းကောင်းမကိုင်တွယ်နိုင်တာကို မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူ နဲ့ ရဲတွေကြား ဘန်ကောက်မြို့မှာ စနေနေ့က အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ Covid-19 ကူးစက်မှုက ပျမ်းမျှ နေ့စဉ် ၁၀၀,၀၀၀ လောက် ရှိလာပြီး ပြီးခဲ့တဲ့ ဆောင်းရာသီနောက်ပိုင်း အများဆုံးဖြစ်ကြောင်း AP သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအပေါ် အမေရိကန် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
နေ့စဉ်စမ်းသပ်မှု နဲ့ ယှဉ်လျှင် ပိုးတွေ့ရှိမှု ၂၉ .၁၈ % ရှိပြီး၊ သေဆုံးမှုကတော့ ၃.၅၃ ရာခိုင်နှုန်း နဲ့ နေ့စဉ်သေဆုံးမှုနှုန်းမှာ အများဆုံးဖြစ်တယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတဦးလည်းဖြစ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထား
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof က သူ့အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေ ပေမယ့်၊ ဘယ်တော့သွားမယ်ဆိုတာတော့ ရက် သတ်မှတ်ထားခြင်းမရှိသေး
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ရန်ကုန်၊ မန္တလေး နဲ့ နိုင်ငံတဝန်းက မြို့တချို့မှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ ဗကသကျောင်းသားများ သပိတ်စစ်ကြောင်း နဲ့ စက်မှု စုပေါင်း သပိတ်စစ်ကြောင်းတွေ ပူးပေါင်း
နောက်ထပ်ကြည့်ရှုရန်