George Floyd သေဆုံးမှု ကမ္ဘာတဝန်းက ဆန္ဒပြပွဲ မြင်ကွင်းများ
အီရန်မှာ ၂ နှစ်နီးပါး အဖမ်းခံနေရတဲ့ အမေရိကန် ရေတပ်သားဟောင်း Michael White ကို အီရန်အစိုးရက ကြာသပတေးနေ့မှာ ပြန်လွှတ်ပေးလိုက်ပါပြီ။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကမကထလုပ် ကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ညီလာခံ ( Global Vaccine Summit ) ကို ကြာသပတေးနေ့မှာ ကွန်ပြူတာအွန်လိုင်းနဲ့ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်က တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံခြား လေကြောင်းလိုင်းတွေက လေယာဉ်တွေ နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာကို ဖြေလျှော့ပေးမယ်လို့ တရုတ် နိုင်ငံက ကြာသပတေးနေ့ က ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သရော်ပြီး မလေးမစားလုပ်တဲ့သူတွေကို ပြစ်ဒဏ်ချမှတ်သွားမယ့် အငြင်းပွားဖွယ်ရာ ဥပဒေ ကြမ်းကို ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ ကြာသပတေးနေ့က ဟောင်ကောင်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင် ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
COVID-19 ကပ်ရောဂါကာလအတွင်း ဒါဇင်နဲ့ချီရှိတဲ့ အာရှနိုင်ငံတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ စိုးရိမ်စဖွယ် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ပြောပါတယ်။
မေလ ၂၅ ရက်နေ့က ရဲတွေ ဖမ်းထားစဉ် သေဆုံးခဲ့ရတဲ့ အာဖရိကန် - အမေရိကန်အမျိုးသား George Floyd အတွက် အောက်မေ့ဖွယ် အခမ်းအနား အများအပြား လုပ်ဖို့ ရှိတဲ့ထဲက ပထမဆုံး အခမ်းနားကို Minneapolis မြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁,၁၀၀ ကျော် စစ်ဆေးခဲ့တဲ့ထဲမှာ ရောဂါပိုးကူးစက်ထားသူ နှစ် ယောက် တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း အတည်ပြုလူနာ ၂၃၆ ယောက် ရှိသွားပါပြီ။
ရဲအရာရှိတွေ ရက်ရက်စက်စက် လုပ်မှုကို ဆန့်ကျင်တဲ့ အမေရိကန်တဝန်းက ဆန္ဒပြမှုတွေကိုနှိမ်နှင်းဖို့ စစ်တပ်ကို နိုင်ငံရေးအရ အသုံးချနေတဲ့အပေါ် အမေရိကန်ကာကွယ်ရေးဆိုင်ရာ လက်ရှိတာဝန်ရှိသူတွေရော အရင်တာဝန်ယူခဲ့သူတွေကပါ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။
အမေရိကန်တဝန်းက မြို့တွေမှာ ဗုဒ္ဓဟူးနေ့ညက ဆန္ဒပြပွဲ အများစုက ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပါတယ်။ ဝါရှင်တန်မြို့တော်မှာ ဆန္ဒပြသူ ထောင်နဲ့ချီဟာ အိမ်ဖြူတော်ရှေ့၊ လွှတ်တော်အဆောက်အဦးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို သမ္မတအိမ်ဖြူတော်ရှေ့Pennsylvania လမ်းမကြီးတလေ ျှာက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
COVID - 19 ကာလ ကမ္ဘာတဝန်းက မြင်ကွင်းတချို့။
George Floyd သေဆုံးသွားသည့်အပေါ် မကျေနပ်သည့် ဆန္ဒပြပွဲများမှ မြင်ကွင်းတချို့
တရုတ်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ်တွေ အမေရိကန်နိုင်ငံတွင်းဝင်ရောက် ခွင့်ကို ဇွန်လ ၁၆ရက်နေ့က စပြီး ပိတ်မယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အနေနဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်တယ်လို့ USAID ရဲ့ ယာယီ အကြီးအကဲ John Barsa က မေလ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
George Floyd သေဆုံးရတာနဲ့ ပတ်သက်ပြီး ရဲတဦးကိုသာ စွဲချက်တင်ထားခဲ့ရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ကျန် ရဲ ၃ ဦးကိုပါ ဒုတိယ အဆင့် လူသတ်မှု ဖြစ်မြောက်စေရေး အတွက် အကူအညီပေးသူတွေ အဖြစ် စွဲချက် တင်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ကြေညာခဲ့ ပါတယ်။
ပါကစ္စတန်နိုင်ငံတလွှားမှာ ပြီးခဲ့တဲ့ တလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရသူ အဆ ၅၀၀ လောက် ဖြစ်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ကတော့ လွှတ်တော်အမတ် နောက်ထပ် ၂ ဦး ဒီရောဂါ အကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပါကစ္စတန်ကျန်းမာရေးတာဝန်ခံ တွေက ပြောပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အကြံပေးခဲ့သလို အမေရိကန်နိုင်ငံ တလွှားက ဆန္ဒပြမှုတွေ နှိမ်နင်းရာမှာ စစ်တပ်ကို သုံးဖို့ ကိစ္စကို သူမထောက်ခံဘူးလို့ ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားရောဂါ အတွက် သုံးတဲ့ Hydroxychloroquine ဆေးနဲ့ ကုသလို့ ရမရ စမ်းသပ် စစ်ဆေးမှုတွေ ပြန်စမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ဖို့ မြန်မာတာဝန်ရှိသူတွေရဲ့တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဘာသာရေး ဆုတောင်းပွဲကျင်းပတာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားက အာမခံပေးဖို့ လေ ျှာက်ထားတာကို တရားရုံးက ဒီကနေ့ ငြင်းပယ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်