လူမျိုးရေးခွဲခြားမှု၊ ဝိုင်းပယ်မှုတွေကို လက်မခံကြဖို့နဲ့ မျက်ကွယ်ပြုမထားကြဖို့ တန်ဖိုးရှိတဲ့လူ့အသက်တွေကို ကာကွယ်ဖို့ ဗာတီကန်ကျောင်းတော်က အပတ်စဉ် တရားပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေး ထိခိုက်နေသလို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသား တဦး သေဆုံးတဲ့အပေါ် ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေချိန်မှာပဲ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းကိုရွေးချယ်ဖို့ ပါတီတွင်း အကြိုရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်အတွင်း လူမည်းအမျိုးသား George Floyd သေဆုံးသွားတဲ့အပေါ် မကျေနပ်မှုကို ပြသတဲ့အနေနဲ့ အမေရိကန်တလွှား မြို့ကြီးတော်တော်များများမှာ မနေ့ညကလည်း ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ
အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့နေ မြန်မာအသိုက်အဝန်းနဲ့ ကျောင်းသား ကျောင်းသူတွေ လိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးက ဇွန်လ ၂ ရက် အင်္ဂါနေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ မီနီဆိုတာ ပြည်နယ်မှာ ရဲက ဖမ်းဆီးစဉ် သေဆုံးသွားတဲ့ အာဖရိကန် အမေရိကန် လူမည်း အမျိုးသား GEORGE FLOYD နဲ့ BLACK LIVES MATTER လှုပ်ရှားမှုတို့ကို ထောက်ခံကြောင်း ဘောလုံးကွင်းထဲနေ ပြသ
COVID 19 ကြောင့် အလုပ်ဆုံးရှုံးရတဲ့ အထည်ချုပ် အလုပ်သမားတွကို အကူအညီပေးဖို့ ဥရောပ သမဂ္ဂအဖွဲ့ EU ရဲ့ မြန်ကူ အရေး ပေါ် အကူအညီ ရန်ပုံငွေ အစီအစဉ်အရ မေလကစပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ရာမှာ ဇွန်လ ၂ ရက်နေ့အထိ အလုပ်သမား ၁၂၉၀၀ ကျော်ကို မြန်မာ ကျပ်ငွေ သန်း ၁၀၀၀ ကျော် ပေးအပ်ခဲ့ပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် ဆော်ဒီ အာရေးဗျနိုင်ငံ MECCAမြို့မှာ နှစ်စဉ်ကျင်းပတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတို့ရဲ့ကမ္ဘာ့ အကြီးဆုံး HAJJ ဘုရားဖူးပွဲတော်ကို ဒီနှစ်မှာ အင်ဒိုနီးရှားက ဘုရားဖူးတွေကို သွားရောက်ဆင်နွှဲခွင့်ပြုမှာ မဟုတ်ဘူးလို့အင်ဒို နီးရှား သာသနာရေးဝန်ကြီး ဌာနပြောပါတယ်။
အမေရိကန်နိုင်ငံ Minneapolis မြို့ မှာ ပြီးခဲ့တဲ့သီတင်းပတ်က အာဖရိကန် - အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတလွှား မြို့ကြီး အတော်များများမှာ ဆန္ဒပြကန့်ကွက်မှုတွေ ဆက်ရှိနေ
ဇွန်လ ၂ ရက်နေ့ ညပိုင်းမှာ ဓာတ်ခွဲ စစ်ဆေးပြီးစီးခဲ့တဲ့ နမူနာပေါင်း ၇၈၂ ခုမှာ အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M. R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်Minneapolis မြို့မှာ လူဖြူရဲတပ်ဖွဲ့ဝင် တဦးကြောင့် လူမည်း အမျိုးသား တဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ ၆ ည ဆက်တိုက် ပရမ်းပတာ ဆန္ဒပြပွဲတွေ ဖြစ်နေ
အမေရိကန် ပြည်ထောင်စု အတွင်း အကြမ်းဖက် ဆန္ဒပြသူတွေရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်း အကြမ်းဖက် လုပ်ရပ်တွေလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး နိုင်ငံတဝန်း ဥပဒေမဲ့ ဆူပူအုံကြွမှုတွေကို အဆုံးသတ်မယ်လို့ တနလာၤနေ့ ညနေခင်းမှာဘဲ သမ္မတက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၈၉ တုန်းကဖြစ်ခဲ့တဲ့ Tienanmen ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲအတွင်း အကြမ်းဖက်နှိမ်နင်းခံရလို့ သေဆုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲတေ ွ ဟောင်ကောင်မှာ နှစ်စဉ်ကျင်းပေ
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့် ၊ TNLA တအာင်းပလောင် ၊ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကဇွန်လ(၁)ရက်ကနေ သြဂုတ်လ (၃၁)ရက်အထိ နောက်ထပ် ၃ လ တဖက်သတ် အပစ်ရပ်ကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လာလုပ်ကြပါလို့ ဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရဲဖမ်းဆီးစဉ်အတွင်း African American အမျိုးသား George Floyd သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက တနင်္ဂနွေနေ့ညကလည်း ၆ ည ဆက်တိုက်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၃၁ ရက်နေ့ အစောပိုင်း ဓါတ်ခွဲ နမူနာ ၈၃၇ ကို စစ်ဆေးခဲ့ပြီးတဲ့နောက် COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ လေးဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် အတည်ပြုလူနာဦးရေ စုစုပေါင်း ၂၂၈ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၇ နာရီ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်မှာ ရဲလက်ချက်နဲ့ George Floyd သေဆုံးခဲ့ရတာကို ဆန့်ကျင်တဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဒီနေ့လည်း ဆန္ဒပြပွဲတွေလုပ်ကြတာမှာ New Zealand နိုင်ငံ Auckland မြို့မှာ ထောင်နဲ့ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်