အမေရိကန် သမ္မတအိမ်ဖြူတော် အနီးမှာ တနင်္ဂနွေနေ့ ညနေခင်း (မကြာခင် နာရီပိုင်းအတွင်းက) ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မြို့တော် ဝါရှင်တန်ဒီစီတဝိုက်ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အာရှတလွှား နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်ရှိနေရာမှာ စင်ကာပူနိုင်ငံမှာတော့ တနင်္ဂနွေနေ့က ဒီရောဂါကူးစက်သူ ၅၁၈ ဦး ထပ်မံ တွေ့ရှိတဲ့အတွက် ကူးစက်သူပေါင်း ၃၄,၈၀၀ ကျော် ရှိသွားပါပြီ။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိသမျှ သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ် ပိုပြီး ရင်ဆိုင်ရဖို့ရှိမယ်လို့ မြန်မာ့သတင်းလောကမှာ အတွေ့အကြုံ ရင့်ကျက်သူတွေက တနင်္ဂနွေနေ့က သတိပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က လူမည်းအမျိုးသားတဦး ရဲလက်ချက်နဲ့ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ အမေရိကန် မြို့ကြီးအတော်များများမှာ ဒီရက်ပိုင်း ဖြစ်ပွားရာမှာ စနေနေ့ညပိုင်းက အကြမ်းဖက်တာတွေ၊ လုယက်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေအထိ ဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ Crew Dragon အာကာသယာဉ်နဲ့အတူ အာကာသထဲ ရောက်ရှိနေတဲ့ အမေရိကန် အာကာသယာဉ်မှူး Douglas Hurley နဲ့ Bob Behnken တို့ဟာ နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိသွားပါပြီ။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ Crew Dragon အာကာသယာဉ်နဲ့အတူ အာကာသထဲ ရောက်ရှိနေတဲ့ အမေရိကန် အာကာသယာဉ်မှူး Douglas Hurley နဲ့ Bob Behnken တို့ဟာ ဝါရှင်တန်ဒီစီ ဒေသစံတော်ချိန် တနင်္ဂနွေ မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လမ်း ၂ လမ်းလောက် အကွာမှာ မနေ့ စနေနေ့ည သန်းခေါင်အချိန်က ဆန္ဒပြပွဲတွေကနေ ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရာက အနီးအနား Lafeyette ရင်ပြင်တဝိုက်ကို ရဲတပ်ဖွဲ့တွေ၊ ထောက်လှမ်းရေးတွေ၊ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေနဲ့ အကာအကွယ် ပေးခဲ့ရပါတယ်။
အမေရိကန်မှာ လူမည်းအမျိုးသားတဦး ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားရာကနေ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖို့အတွက် Minnesota ပြည်နယ် အပါအဝင် တခြားပြည်နယ် ၁၁ ခုက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေကို ဆင့်ခေါ်လိုက်ပါတယ်။
အိန္ဒိယနဲ့ တခြားနေရာတွေမှာ အခြေအနေ ဆိုးလာတာကို မြင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်သမ္မတ Donald Trump က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ခဲ့တာကို ပြန်လည်စဉ်းစားဖို့ အီးယူ ဥရောပသမဂ္ဂက ပန်ကြားလိုက်ပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီက တည်ဆောက်တဲ့ SpaceX ဒုံးပျံကို အသုံးပြုပြီး ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန် အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားတဲ့ အာကာသယာဉ်ကို စနေ့နေ့ နေ့လယ်ပိုင်းက အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
ဗစ်တိုးရီးယားလို့ ထင်ရှားတဲ့ ကလေးငယ်ရဲ့အမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ် ကျူးလွန်တဲ့ မှုခင်းရဲတပ်ဖွဲ့ အရာရှိသုံးဦးကို အရေးယူထားပြီလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြပွဲတွေ တမြို့နဲ့တမြို့ ပျံ့နှံ့ဖြစ်ပွားနေပြီး အခင်းစတင်တဲ့ Minneapolis မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားရသလို အစိုးရရဲ့ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လူပေါင်းထောင်နဲ့ချီ ၄ ညမြောက်အဖြစ် ညဘက်တွေပါ ဆန္ဒပြနေကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ တရုတ်အစိုးရအပေါ် ရည်ရွယ်ပြီး ဟောင်ကောင်ကျွန်းနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပိတ်ပင်မယ့် အစီအစဉ်ကို ဟောင်ကောင်အစိုးရ အရာရှိတွေ တန်ပြန်ရှုတ်ချ ဝေဖန်သွားပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၇,၉၆၄ ယောက်နဲ့ သေဆုံးသူ ၂၆၅ ယောက် ရှိခဲ့တာကြောင့် နေ့စဉ် ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ စံချိန်တင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၃၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၂၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ ကမ္ဘာတလွှား ကုသရေးဆိုင်ရာ နည်းပညာနဲ့ အချက်အလက်တွေမ ျှဝေဖို့ C-TAP လို့နာမည်ပေးထားတဲ့ COVID-19 Technology Access Pool နည်းပညာ ဆိုင်ရာ အချက်အလက်ဘဏ် တခုဖွင့်လှစ်မယ့် အစီအစဉ်ကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သောကြာနေ့မှာ စတင်လိုက်ပါပြီ။
အီရတ်နဲ့ ဆီးရီးယားက နယ်မြေတချို့ကို ကာလီဖိတ်နိုင်ငံ အဖြစ်ကြေညာပြီး ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ နောက်လိုက်တွေနဲ့ သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေဟာ အခုအခါမှာ ပြန်ခေါင်းထောင်လာနေ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ထိန်းချုပ်ရေး အပြင်မထွက်ရ အမိန့်၊ Curfew နဲ့ Quarantine တားမြစ်ချက်တွေကို ချိုးဖောက် တာကြောင့် ကလေးငယ်တွေ၊ ပြည်တော်ပြန်တွေနဲ့ လူနည်းစု ဘာသာဝင်တွေ အပါအဝင် ထောင်ချ ခံရသူ အနည်းဆုံး ၅၀၀ ရှိနေပါတယ်။
တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ဖို့ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလ ကုန်ဆုံးချိန် ရှေ့အပတ် တနင်္လာနေ့က စပြီး ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံတွေနဲ့ လက်လီ အရောင်းဆိုင်တွေ အပါအဝင် စီးပွါးရေး လုပ်ငန်း တချို့ကို ပြန်ဖွင့် ခွင့်ပြုသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ တကယ်ပဲ တရုတ်အလိုကျ လိုက်လုပ်နေတဲ့ အဖွဲ့အစည်း တခု ဖြစ်လာနေတယ်လို့ ပြောပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုင်ရာ WHO ရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုဟာ WHO အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်