မြန်မာနိုင်ငံမှာ ဒီကနေ့ စစ်ဆေးပြီးသလောက် ဓာတ်ခွဲနမူနာ ၅၆၁ ခုမှာ COVID-19 အတည်ပြုလူနာ တစ်ယောက်တွေ့ရှိတာကြောင့် ဒီနေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၂၀၇ ယောက်ရှိသွားပါပြီ။
မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် အဲဒီမှာရှိတဲ့ ဗြိတိန်သံရုံးကို ယာယီပိတ်ထားတယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။
အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား လက်ရှိဖြစ်နေတဲ့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာကို ကြားဝင်ဆောင်ရွက်ပေးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ်းလှမ်းလိုက်တဲ့အပေါ်မှာ နှစ် နိုင်ငံစလုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
ကူးစက်တဲ့သူအများစုက လူဦးရေထူထပ်တဲ့ မြို့တွေမှာဖြစ်ပေမဲ့ အခုအခါမှာတော့ မြို့တွေမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ပြုတ်ပြီး သူတို့ရဲ့ရွာတွေကို ပြန်ကြတာကြောင့် နိုင်ငံအရှေ့ပိုင်းက ဆင်းရဲတဲ့ပြည်နယ်တွေမှာလည်း ကူးစက်မှုတွေ တိုးလာနေပါတယ်။
လက်ရှိအမေရိကန်မှာ ပြဌာန်းထားတဲ့ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ ပုဒ်မခွဲ ၂၃၀ အရ လူမှုကွန်ယက်တွေပေါ်မှာ ရေးတင်နေကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ Facebook, Twitter, YouTube စတဲ့ လူမှုကွန်ယက်ကုမ္ပဏီတွေအနေနဲ့ တာဝန်ခံစရာမလိုဘူးဆိုပြီး ဥပဒေအရ အကာအကွယ်ပေးထားပါတယ်။
မက္ကဆီကိုနိုင်ငံ မြို့တော် Mexico City နားက ရှေးဟောင်းသုတေသန တူးကွက် မှာ mammoth ခေါ် ရှေးဆင်ရိုင်း အကောင် ၆၀ ရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့တယ်လို့ မက္ကဆီကိုအမျိုးသား (INAH) မနုဿဗေဒနဲ့ သမိုင်းဌာန က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်စမယ်လို့ ပရီမီယာလိဂ်က ကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။
ဥရောပသမဂ္ဂ EU ရဲ့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်ပြီးမြန်မာ့ကျွန်းသစ်တွေကို ဥရောပ သစ်ကုန်သည်တွေက ဆက်လက် တင်သွင်းနေဆဲဖြစ်ကြောင်း Mongabay ပတ်ဝန်းကျင်ဆိုင်ရာ သတင်းဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရ တသိန်းကျော် (၁၀၁ ၁၉ ၆) နဲ့ အများဆုံး ဖြစ်နေတာဟာ သိပ်ကို ဝမ်းနဲစရာကောင်း တဲ့ မှတ်ကျောက်တင်စရာ ဖြစ်ရပ် တခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောပါတယ်။
မွတ်ဆလင် ဘာသာရေးအဖွဲ့Tablighi Jammat နဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ကို အိန္ဒိယနိုင်ငံ GAYA လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဗုဒ္ဓဟူးနေ့က ထိန်းသိမ်းလိုက်ပါတယ်။
ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၀ ခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ် ၁ ခု၊ စုစုပေါင်း ၁၁ ခုမှာ ကိုယ့်အိမ်မှာ ကိုယ်နေကြဖို့ အမိန့် ထုတ်ပြန်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၂,၀၂၉ ယောက်ရှိပြီး စံချိန်တင်အောင်များခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ သေဆုံးသူကလည်း ၁၅ ယောက်ရှိတယ်လို့ပြောပါတယ်။
New York မြို့အခြေစိုက် Hunger Project အစီအစဉ် ပရဟိတအဖွဲ့ကလည်း ကမ္ဘာမှာ ဆာလောင်မှုကို ရေရှည်ကြုံနေကြရသူပေါင်းက သန်း ၈၂၀ လောက်ရှိနေတယ်လို့ ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာတဝန်း ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဥပဒေအဖြစ်နဲ့ ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။ အခုလို ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်တာကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့ကြားမှာ ဆက်ဆံရေး တင်းမာလာပါတယ်။
တောင်ကိုရီးယားမှာ ဒီနေ့ နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉ ယောက်ရှိပြီး အဲဒီထဲက ၆၇ ယောက်က ဆိုးလ်မြို့ဒေသတဝိုက်က ဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (KCDC) က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ပုဂ္ဂလိကပိုင် အာကာသယာဉ်သုံးပြီး အာကာသယာဉ်မှူးတွေ အာကာသကို သွားမယ့် ပထမဆုံးခရီးစဉ်ကို ရာသီဥတုကြောင့် ဗုဒ္ဓဟူးနေ့က ရွှေ့ဆိုင်းခဲ့ရပါတယ်။
တရုတ်နိုင်ငံက အဝေးထိန်းစက်ရုပ်ငယ် တခုကို သယ်ဆောင်သွားမယ့် အာကာသ စူးစမ်းလေ့လာရေးယာဉ်တစင်းကို အင်္ဂါဂြိုဟ်ကို ဇူလိုင်လအတွင်းမှာ လွှတ်တင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ တရုတ် အာကာသ သိပ္ပံ နဲ့ နည်းပညာကော်ပရေးရှင်း (CASC) က ပြောလိုက်ပါတယ်။
ဘရာဇီးလ်သမ္မတ Jair Bolsonaro ဟာ သတင်းသမားတွေအပေါ် သူ့ကိုထောက်ခံသူတွေရဲ့ ပုတ်ခတ် အနိုင်ကျင့်မှုတွေကို အကာအကွယ်မပေးတဲ့ အတွက် သမ္မတ အိမ်တော် သတင်းရယူဖို့ လွှတ်ထားတဲ့ သူတို့ရဲ့ သတင်းထောက်တွေကို ပြန်ခေါ်ယူလိုက်ပြီလို့ ဘရာဇီးလ် နာမည်ကြီး သတင်းဌာန ၄ ခုက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးရသူဟာ အခုဆိုရင် တသိန်းနီးပါး (၉၉,၇၂၄) ရှိနေပြီး ကမ္ဘာတလွှားမှာတော့ သုံးသိန်းခွဲကျော် (၃၅၂,၇၈၉ ) ရှိနေတယ်လို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်