မြန်မာနိုင်ငံအတွင်း အခြေခံ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရာမှာ အတူတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန (MOPFI) နဲ့ စင်္ကာပူနိုင်ငံက IA တို့အကြား မေလ ၂၇ ရက်နေ့ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၃၅၀,၀၀၀ ကျော် သွားပါပြီ။ အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ်က COVID-19 ဆိုင်ရာ ပြုစုထားတဲ့ စာရင်းအရ တကမ္ဘာလုံးမှာ ရောဂါကူးစက်သူက ၅,၆၀၀,၀၀၀ ကျော်နေပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခံစားနေရချိန်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ၄ နိုင်ငံအစိုးရတွေ အင်တာနက် ဖြတ်တောက်မှု ပြန်ဖွင့်ပေးရေး အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန်အခြေစိုက် HRW နဲ့ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့အစည်း ၄၇ ခုတို့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ဒီကနေ့ ၃ ဦးထပ်တိုးတာကြောင့် အခုချိန်ထိဆိုရင် စုစုပေါင်း ၂၀၆ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဒီကနေ့ညနေပိုင်းက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၇၀ ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ထားသူ သုံးဦးကို တွေ့တာပါ။
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း မေလ ၁၆ ရက်နေ့က ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံရပြီး အိမ် ၂၀၀ လောက် မီးလောင်ပျက်စီးခဲ့တဲ့ကိစ္စကို ဘက်လိုက်မှုမရှိဘဲ ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းလာတဲ့ နိုင်ငံတွေမှာ ကန့်သတ်ချက်တွေ အစောတလျင်ဖြေလေ ျှာ့ပေးလိုက်ရင် ဒုတိယအကျော့ ပိုးကူးစက်မှုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။
လူနာသစ် ၂ ယောက်မှာ တယောက်က အီတလီနိုင်ငံက ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး နောက် တယောက်က အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ဟာ ကျဆုံးစစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အားလပ်ရက်ဖြစ်ပါတယ်။ အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ နိုင်ငံတဝှမ်းမှာ အလံတွေကို တိုင်ဝက်လွှင့်ထူဖို့လည်း သမ္မတ Donald Trump က အမိန့်ထုတ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လာမယ့်ရက်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၀၀,၀၀၀ အထိ ရောက်လာဖို့ ခန့်မှန်းထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရမှုအတွက် မြန်မာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) ထံ တင်သွင်းတဲ့ ပထမဆုံး အစီရင်ခံစာကို ဂမ်ဘီယာဘက်က သုံးသပ်နေကြောင်း ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေကို ပြောဆိုပါတယ်။
အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်မှာ စင်ကာပူနိုင်ငံနဲ့ကတော့ ဆက်ဆံရေး ကောင်းနေတယ်လို့ သုံးသပ်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားလာနေတဲ့ ဘရာဇီးနိုင်ငံအပေါ် တနင်္ဂနွေနေ့က အမေရိကန်သမ္မတ Trump အစိုးရက ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။
အာရှဘက်မှာတော့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၅၄၈ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ပြောကြားလိုက်ပါတယ်။ ဒါကြောင့် အခုဆိုရင် စင်ကာပူမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၁၆၁၆ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံအတော်များများ အသွားအလာတွေ ကန့်သတ်ထားရဆဲ အခြေအနေမှာပဲ ဒီကနေ့ ကမ္ဘာတဝန်း အစ္စလာမ်ဘာသာဝင်တွေ Eid al-Fitr ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။
အမေရိကန်နိုင်ငံတဝန်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ရှိနေတဲ့ ကြားကပဲ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အခမ်းအနားကို နိုင်ငံတဝန်းမှာ မနက်ဖြန် မေလ ၂၅ ရက် တနင်္လာနေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အဆိုပြုချက်အပေါ် ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်