ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က နောက်ထပ်ကူးစက်ခံရသူ လုံးဝမတွေ့ရဘူးလို့ NHC တရုတ် ကျန်းမာရေးကော်မရှင်က စနေနေ့မှာ ပြောပါတယ်။
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေးအတွက် Provisional Measures ကြားဖြတ်ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ချမှတ်ထားပေမယ့် မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲအောင် အစိုးရက အရေးယူဆောင်ရွက်တာ မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွ့ဲကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက်ဘန်ဂေါပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း မုန်တိုင်း Amphan ကြောင့် သီးနှံတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိတယ်လို့ အနောက်ဘန်ဂေါပြည်နယ် အရာရှိတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခု တနင်္လာနေ့ မေလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် Memorial Day အောင်မေ့ဖွယ်နေ့နဲ့ ပေါင်းပြီး ဒီသီတင်းပတ်ကုန်ရက်တွေမှာ လူတွေ သန်းနဲ့ချီ အပြင်သွားကြမယ်လို့ ခန့်မှန်းရတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်မြင့်လာမှာကို ကျန်းမာရေးအရာရှိတွေ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် တယောက်မှ မတွေ့ရှိရဘဲ ရောဂါပိုးကင်းစင်သူ ၁၂၀ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
COVID-19 ကပ်ရောဂါ ကျရောက်နေတဲ့ ကာလအတွင်း အင်တာနက် အွန်လိုင်းကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလာပြီး အန္တရာယ်ပေးနိုင်တဲ့ အီးမေးလ် ၆၀၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အကြီးအကဲ Izumi Nakamitsu က မနေ့က သတိပေးလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့မှာ ပျက်ကျသွားတဲ့ လေယာဉ်ကနေ သေဆုံးသူ ၉၇ ဦးရှိပြီး ၂ ဦး အသက်ရှင်ကျန်ရစ်ကြောင်း နောက်ဆုံးဝင်လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
COVID-19 သတင်းမှားရေးသားတဲ့ပြစ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချခံလိုက်ရတဲ့ ဒဲ့ပြော သတင်း တာဝန်ခံ အယ်ဒီတာ ဦးဇော်ရဲထက်ကို မြန်မာ အာဏာပိုင်တွေ အနေနဲ့ ချက်ချင်း ပြန်လွှတ်ပေးသင့်ကြောင်း သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က မေလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရုရှားမှာ Covid-19 အကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ သမ္မတ Vladimir Putin က အစိုးရတာဝန်ရှိသူတွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။ အခုလို စမ်းသပ် စစ်ဆေးမှုတွေ တိုးလုပ်ခိုင်းပေမဲ့ နိုင်ငံတွင်း ဒီကပ်ရောဂါ အခြေနေဟာ တည်ငြိမ်နေပြီလို့လည်း ပြောပါတယ်။
၁၉၈၇ ခုနှစ်တုန်းက ပျက်ကျခဲ့တဲ့ ကိုရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၈၅၈ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေလို့ ယူဆရတဲ့ အပိုင်းအစတွေကပ္ပလီပင်လယ်ပြင်တွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ မြန်မာနဲ့ တောင်ကိုရီးယားတို့ ကြား သဘောတူညီမှုရခဲ့ကြပါတယ်။
Pakistan International Airline လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ် တစ်စင်း Karachi မြို့တော်မှာ ပျက်ကျခဲ့တာမှာ အနည်းဆုံး ခရီးသည် တစ်ယောက် အသက်ရှင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံက ဒီနှစ် ၂၀၂၀ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို မနှစ်ကထက် ၆.၆ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ကြေညာပါတယ်။ ဒီနှုန်းဟာ အနှစ် ၃၀ အတွင်းကာကွယ်ရေးစရိတ်တိုးမြှင့်မှုတွေထဲမှာ အနည်းဆုံးနှုန်းဖြစ်ပါတယ်။
ဒီကနေ့ ရောဂါကူးစက်ခံရသူ ၆၁၂ ယောက်ထက်မနည်းရှိပြီး အဲဒီထဲက အများစုဟာ ပြည်ပကနေ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ နိုင်ငံခြားကနေ လာပြီး အလုပ်လုပ်ကြတဲ့သူတွေနေတဲ့ အဆောင်တွေမှာ ရောဂါကူးစက်မှုတွ နေ့စဉ် ရာနဲ့ချီ ရှိနေပြီး အခုဆိုရင် ရောဂါကူးစက်ခံရသူဟာ စုစုပေါင်း ၃၀,၄၂၆ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်ရှိပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေမှာ မကြာခဏ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ခဲ့တာကြောင့် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ်လို့ တရုတ်လွှတ်တော်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် အမေရိကန်က ခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ စီးပွားရေး ထိခိုက်နေတာတွေမှာ အထောက်အကူဖြစ်စေဖို့ ဖွံဖြိုးဆဲနိုင်ငံတွေကို ဆေးဘက် ဆိုင်ရာပစ္စည်းနဲ့ ငွေကြေး အကူအညီတွေပေးအပ်သွားဖို့ ကမ်းလှမ်းသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့က ပြောလိုက်ပါ တယ်။
ငှက်ဖျားရောဂါကုသတဲ့ Chloroquine နဲ့ Hydroxychloroquine ဆေး တွေဟာ COVID-19 ရောဂါ ကုသရေး ဒါမှမဟုတ် ကာကွယ်ရေးအတွက် အသုံးပြုလို့ ရမရ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုကြီးမှာ ဗြိတိန်ဆေးရုံတွေက ကျန်းမာရေးလုပ်သားတွေ ပထမဆုံး ပါဝင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြလျှောက်ထားလွှာ ကောက်ယူမယ့် အစီအစဉ်ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့နိုင်ချေ ရှိခဲ့တာကို အလိုအလျောက် အသိပေးမယ့် လူအများ မျှော်လင့်စောင့်စားနေတဲ့ စမတ်ဖုန်း application တစ်ခုကို Apple နဲ့ Google နည်းပညာ ကုမ္မဏီနှစ်ခု ပူးပေါင်းပြီး မိတ်ဆက်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
မွတ်စလင်တွေရဲ့ တလကြာ Ramadan ဥပုသ်ကာလဟာ မတ်လ ၂၃ ရက် စနေနေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂ လနီးပါး အသွားအလာ ကန့်သတ်ထားရာကနေ ပြန်ဖွင့်ပေးလိုက်တဲ့ ပါကစ္စတန် နိုင်ငံမှာတော့ ဥပုသ်ထွက်တဲ့ Eid al-Fitr အစ်နေ့ မတိုင်ခင် ဈေးဝယ်ထွက်သူတွေနဲ့ စည်ကားနေပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ မေလ ၂၁ ရက်နေ့အတွက် စစ်ဆေးပြီးသလောက် COVID-19 ဓာတ်ခွဲနမူနာ ၃၄၈ ခုမှာ လူနာသစ် ထပ်မရှိတဲ့အတွက် ည ၈ နာရီအထိ စုစုပေါင်း အတည်ပြုလူနာ ၁၉၉ ယောက် ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်