မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ သတင်းမှား၊ သတင်းတုတွေ မပြန့်အောင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြပ်မတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စာပေးပို့ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုတ်ခတ်ခဲ့တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လူ ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အိမ်ခြေထောင်နဲ့ချီ ပျက်စီးသွားပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုတ်ခတ်ခဲ့တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄ ယောက်ထက်မနည်းသေဆုံးပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးသွားပါတယ်။
အမေရိကန်ပြည်ထောင်စုက အတည်ပြုလူနာ ၁,၅၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၉၃,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ မနေ့ ဗုဒ္မဟူးနေ့ကတော့ တကမ္ဘာလုံးမှာ အတည်ပြုလူနာ တနေ့ထဲ ၁၀၆,၀၀၀ နဲ့ စံချိန်တင် အများဆုံးဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
လူကိုယ်တိုင်တက်ရောက်မယ့် စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေရဲ့ G 7 ထိပ်သီးအစည်းဝေး ကို အမေရိကန်နိုင်ငံက လက်ခံကျင်းပဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီအစည်းဝေးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။
တရုတ်သမ္မတ Xi Jinping က မြန်မာသမ္မတ ဦးဝင်းမြင့်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောပြီး COVID-19 တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးရေးနဲ့ တရုတ်ဆေးပညာအဖွဲ့တွေ စေလွှတ်ပေးရေး ဆက်လက် အကူအညီပေး သွားမယ်လို့ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ပြန်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း COVID-19 ရောဂါကူးစက်သူ ၂၀၀ နီးပါး ရှိသွားပါပြီ။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်တိုက်မယ့် ဒီမုန်တိုင်းဟာ ဒေသတွင်းမှာ တိုက်ခဲ့ဖူးသမ ျှ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံးမုန်တိုင်း တခုဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။
COVID-19 ကပ်ရောဂါကြောင့် မတ်လကစပြီး နိုင်ငံအသီးသီးမှာ အသွားအလာတွေ ကန့်သတ် ထားတာကြောင့် ဧပြီအစောပိုင်းထိ နေ့စဉ်အတိုင်းအတာနဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ သိပ္ပံလေ့လာချက်စာတမ်း တစ်စောင်က အစီရင်ခံထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာကြောင့် ဗြိတိန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူဟာ ဧပြီလမှာ ၈၅၆,၀၀၀ ရှိခဲ့တာကြောင့် ဒါဟာ နှစ်ပေါင်း ၂၅ အတွင်း အများဆုံး ဖြစ်သွားတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မက်သာဖီတမင်းဆေးပြား ၁၉၃ သန်းအပါအဝင် ဓါတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ Fentanyl ဆေးရည်အမြောက်အမြား ဖမ်းဆီးမိတာက အရှေ့တောင် အာရှ ဒေသ ဓါတု မူးယစ် ဆေးဝါးတွေ ထုတ်လုပ်ရာ ပင်မ နေရာဖြစ်လာ ခါနီးပြီဆိုတာကို ပြသနေတာလို့ UNODC က သတိပေးပြောကြားလိုက်ပါတယ်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ လိမ်လည်မှုတွေ တိုးမြင့်လာနေတဲ့ကိစ္စကို ထိုင်းနိုင်ငံက ကြုံတွေ့နေရတယ်လို့ ထိုင်း ထိပ်တန်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 အတည်ပြု လူနာသစ် ၂ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် ရောဂါ ကူးစက်သူ စုစုပေါင်း ၁၉၃ ဦး ရှိပြီလို့ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက မေလ ၁၉ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ လာမယ့်ရက်ပေါင်း ၃၀ အတွင်း အဓိက တိုးတက်မှုကြီးတွေလုပ်ဖို့ ကတိပြုဆောင်ရွက်တာမျိုး မရှိရင် အမေရိကန်ပြည်ထောင်စုက ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေ ဖြတ်တောက်မယ့်အစီအစဉ်ဟာ ယာယီအနေနဲ့မဟုတ်ပဲ အတည်ဖြစ်သွားလိမ့်မယ်လို့ သမ္မတ Donald Trump ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၃ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် ရောဂါ ကူးစက်သူ စုစုပေါင်း ၁၉၁ ဦး ရှိပြီလို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၉ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကာလအတွင်း ပါလီမန်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် ပြန်စခဲ့ပြီး မလေးရှားဘုရင်က လာရောက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်မှာ ပါလီမန်ကို အမြန်ဆုံးရပ်ဆိုင်းလိုက်တာကြောင့် လက်ရှိ ဝန်ကြီးချုပ် Yassin အနေနဲ့ သူ့အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မယ့်အရေးကနေ လွတ်မြောက်သွားပါတယ်။
Myanmar Now နဲ့ Development Media Group (DMG)အွန်လိုင်း သတင်းဌာနတေ ွအတွက် အလုပ်လုပ်နေတဲ့ သတင်းထောက် ကိုကျော်လင်းကို အမည်မသိ ဆိုင်ကယ်သမားတွေက မေလ(၁၃)ရက်နေ့က လာရောက် ခြိမ်းခြောက် စော်ကား သ ွားတဲ့အပေါ် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အမြန်ဆုံး စုံစမ်းဖေါ်ထုတ်ပေးဖို့ IFJ အဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ည ၈ နာရီအထိ COVID-19 ဓါတ်ခွဲနမူနာ ၃၅၈ ခုကို စစ်ဆေးခဲ့တဲ့ထဲမှာ အတည်ပြုလူနာ ၁ ယောက်ကို ထပ်တွေ့ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၁၈၈ ယောက် ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်