မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြု လူနာသစ် ၃ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ရောဂါ ကူးစက်ခံထားရသူ ၁၈၇ ဦး ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှု ဆက်မဖြစ်ရအောင် တားဆီးနိုင်ဖို့ အသွားအလာ ကန့်သတ်မှုအမိန့်ကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
ကမ္ဘာ့နာမည်ကြီး ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတွေဖြစ်တဲ့ H&M, Zara, Inditext နဲ့ C&A စတဲ့ ကုမ္ပဏီတွေဟာ COVID-19 ကပ်ရောဂါကြောင့် နစ်နာထိခိုက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ ၁၈၄ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama က COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ရည်ရွယ်ပြီး ဖေန်ပြောကြားလိုက်ပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရှိတဲ့ ဥရောပနိုင်ငံတွေကြား သဘောထားတွေ ကွဲစေခဲ့ပါတယ်။
ပင်လယ်ထဲမှာ သီတင်းပတ်များစွာ လှေနဲ့မျောနေပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကယ်တင်ပြီး ဘာရှန်ချာကျွန်းကို ပို့ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ရွှေ့ပြောင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ရောဂါနဲ့ ဆေးကုသမှု ခံယူနေတဲ့ နောက်ဆုံးလူနာကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး နောက်ထပ် အတည်ပြုလူနာသစ် မရှိတဲ့အကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း ခရီးသည်တင်လေယာဉ် ဝင်ရောက်မှု ပိတ်ပင်ထားတာကို ဇွန်လ ၃၀ ရက်နေ့အထိ ရက်ထပ်မံတိုးမြှင့်လိုက်တယ်လို့ ထိုင်း မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က စနေနေ့က ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ စနေနေ့အထိဆိုရင် ကမ္ဘာတလွှား လူပေါင်း ၄ သန်း ၆ သိန်းနီးပါးကို ကူးစက်နေပြီး သေဆုံးရသူက ၃ သိန်း ၁ သောင်းကျော် ရှိနေပါပြီ။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ထပ်တိုးမလာဘဲ ကူးစက်ခံထားရသူတွေထဲက ထက်ဝက်ကျော် ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ၁,၀၀၀ ထက်မနည်းဟာ ဘယ်ကမ်းမှ ကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာပဲ ရှိနေကြတယ်လို့ AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။
လူတွေမှာ COVID-19 ရောဂါ ရှိမရှိ ဆိုတာကို အလွယ်တကူ သိနိုင်ဖို့အတွက် ခွေးတွေနဲ့ အနံ့ခံပြီး စမ်းသပ်ဖို့ ဗြိတိန်သုတေသီတွေ စမ်းသပ်ကြတော့မှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အချိန်ကာလတခုထိ ဆက်ရှိနေဦးမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း ဒီဗိုင်းရပ်စ်ပိုးကို ဆက်ရင်ဆိုင်ပြီး နေထိုင်မှုပုံစံသစ်နဲ့ ဘယ်လိုနေထိုင်သွားကြရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ဒီလကုန်ပိုင်းလောက်မှာ ထွက်လာနိုင်ပါတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ တရုတ်နိုင်ငံထက် ကျော်သွားပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၁ယောက် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်တာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၁၈၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်စေတဲ့ COVID-19 ရောဂါ ကုသတဲ့ Remdesivir ဆေးကို လာမယ့် သီတင်းပတ်တွေအတွင်း စတင်ထုတ်လုပ်တော့မယ်လို့ ပါကစ္စတန်က သောကြာနေ့မှာ ကြေညာပါတယ်။
Semiconductor အီလက်ထရွန်းနစ် ချစ်ပ်ပြားထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို တရုတ် နည်းပညာ ကုမ္ပဏီ Huaweiကို ရောင်းချခွင့်ကို တားမြစ်ဖို့ သမ္မတ Trump အစိုးရအဖွဲ့က သောကြာနေ့က စတင်လုပ်ဆောင်လိုက်တဲ့ အတွက် အမေ ရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ပိုပြီး တင်းမာလာခဲ့ပါတယ်။
မဏိပူရနဲ့ အာသံပြည်နယ်တွေထဲ အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို သောကြာနေ့က မြန်မာနိင်ငံက အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေပြီး အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်မစနိုင်ပဲ ဖြစ်နေပေမဲ့လည်း အမေရိကန် အစိုးရက အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်သား ထောင်ပေါင်းများစွာကို ပြန်ရုပ်သိမ်းပေးမယ်လို့ ဖေဖေါ်ဝါရီလတုန်းက သဘောတူထားတဲ့ အတိုင်း လုပ်ဆောင်ဖို့ ရှိနေပါတယ်
နောက်ထပ်ကြည့်ရှုရန်