COIVD-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AAတို့အကြား ပဋိပက္ခတွေအရှိန်မြင့်တက်နေပြီး အရပ်သားတွေ ထိခိုက်နေတာကြောင့် ယူကေနိုင်ငံက အဲဒီ အစည်း အဝေးကို ခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ယူကေနိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုထဲမှာ ရိုဟင်ဂျာဒုက္ခသည်တယောက် COVID-19 ရောဂါကူးစက်နေတယ်လို့ အတည်ပြုခဲ့ပြီးနောက် ကပ်ရောဂါ တုံ့ပြန်ရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှု အဆိုးဆုံးဖြစ်ခဲ့တဲ့ New York ပြည်နယ်ထဲက ခရိုင် ၅ ခုမှာတော့ မလိုအပ်ရင် အပြင်မထွက်ရ တားမြစ်ချက်တွေကို ဒီနေ့ကစပြီး ဖယ်ရှားလိုက်ပါတယ်။ အဲဒီထဲမှာ New York မြို့တော့ မပါသေးပါဘူး။
ရုရှားနိုင်ငံမှာ ပညာရေးဝန်ကြီးမှာလည်း COVID-19 ကူးစက်ခံနေရတယ်လို့ သမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ ပြောကြားလိုက်တဲ့ အတွက် အခုဆို ဝန်ကြီး ရုရှား ၄ ဦး ဒီ ရောဂါအကူးစက်ခံနေရပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် နိုင်ငံ့စီးပွားရေး ဆက်ပြီးကျဆင်းနေတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လေ ျှာက်ထားသူဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ နည်းနည်း လျော့ကျ လာပေမဲ့ နောက်ထပ် လူပေါင်း ၃ သန်းလောက် ခံစားခွင့် လျှောက်ထားဖို့ ရှိနေဆဲပဲလို့ အလုပ်သမားဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ပထမဆုံး COVID-19 ရောဂါကူးစက်မှုကိုတွေ့ရှိရတာဟာ စိုးရိမ် ချောက်ချားဖွယ် အခြေအနေတစ်ရပ်ကို အစပျိုးလိုက်တာဖြစ်လို့ နောက်ထပ်ရောဂါ မပျံ့ပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်ဆင်မှု တွေ အလျှင်အမြန် လုပ်ပေးဖို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မိုးခေါင်ရေရှား ပြဿနာကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ဆန်သစ်တွေ ပေါ်လာတာနဲ့ အတူ ဈေးပိုသက်သာတဲ့ အိန္ဒိယနဲ့ ဗီယက်နမ်ဆန်တွေနဲ့လည်း အကြိတ်အနယ် ဈေးပြိုင်ခဲ့ရတာကြောင့် ပြည်ပပို့ ဆန်ဈေးတွေ ကျဆင်းခဲ့ပါတယ်။
ကိုယ့်အိမ်ထဲမှာပဲနေကြဖို့ (Stay at Home) အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လေးမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တစ်ခု၊ စုစုပေါင်း ငါးမြို့နယ်မှာ မေလ ၁၅ ရက်နေ့ကစပြီး အိမ်တွင်းနေအစီအစဉ် ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
Coronavirus ပိုး ဘယ်ကနေ စပေါ်လာသလဲဆိုတဲ့ ဇစ်မြစ်ကို ဖော်ထုတ်နိုင်ဖို့ Australia နိုင်ငံက ဆက်လက် စုံစမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ထိခိုက်ရင်တောင် စုံစမ်းမှုလုပ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့ပြောကြားခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ အရပ်သားတွေကို ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ၃ နှစ်ကြာ စစ်မှုထမ်းခွင့်ပေးမယ့် အဆိုတရပ်ကို ကမ်းလှမ်းဖို့ အိန္ဒိယစစ်တပ်က စဉ်းစားနေတယ်လို့ Press Trust of India သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
တကမ္ဘာလုံး COVID-19 ကပ်ရောဂါပြဿနာ ဖြေရှင်းနေရချိန်မှာ အစိုးရတွေအနေနဲ့ စိတ်ကျန်းမာရေးကိုလည်း အာရုံစိုက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကြောင့် မိသားစုတွေ၊ လူမှုအသိုင်းအဝိုင်းတွေမှာ နောက်ထပ် စိတ်ဒဏ်ခံစားကြရတယ်လို့ဆိုပြီး အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမဏီနိုင်ငံမှာ ကုန်းတွင်းပိုင်းနယ်စပ်ဂိတ်တွေမှာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ စစ်ဆေးမှုတွေကို ရှေ့လလယ်လောက်မှာ ရပ်ဆိုင်းဖို့ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ဂျာမဏီ ပြည်ထဲရေးဝန်ကြီး Horst Seehofer က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ ခိုင်မြတ်ကျော်ကို တရားစွဲဆို ထားတာကို ရုပ်သိမ်းပေးဖို့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသား တင်ပြနေတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်နေ တာတွေကိုရပ်ဆိုင်းဖို့ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ က မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ်တစ်ဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ၁၈၁ ယောက်အထိ ရှိသွားပါပြီ။
မက္ကစီကိုနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်လုပ်ခွင့်ပေးမဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတ Andrés Manuel López Obrador ဒီကနေ့ ကြေညာဖို့ ရှိနေချိန်မှာပဲ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။
တရုတ်နိုင်ငံ ဝူဟန်မြို့က မြို့သူမြို့သားတိုင်းကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ အစီအစဉ်တွေကို မနေ့ အင်္ဂါနေ့ နေ့လည်ပိုင်းနောက်ဆုံးထားပြီး တင်ပြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ အစိုးရ ညွှန်ကြားလွှာ Notice တစ်ခုကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်