ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူထုပိုသိလာအောင် ပြောကြားကြဖို့နဲ့ ဒီကပ်ရောဂါဒဏ်ကနေ ပြန်နလံထူလာစေရေးမှာ ဦးဆောင်လှုပ်ရှားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဘာသာရေးခေါင်းဆောင်တွေကို အင်္ဂါနေ့မှာ ပန်ကြားလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ "AA အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရသူ အမျိုးသား ငါးဦးကို ထိန်းသိမ်းပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။" ဆိုတာ ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါသေးတယ်။
အာရှတိုက် ဒေသတချို့က အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုကို ညွှန်ကြားခိုင်းစေနေတဲ့ IS အကြီးတန်း စစ်သွေးကြွခေါင်းဆောင် (၃)ဦးကို ဖမ်းဆီး ရမိထားတယ်လို့ အာဖဂန် ထောက်လှမ်းရေးဌာနက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်ကို တနင်္လာနေ့ ည(၈)နာရီခွဲ အချိန်လောက်မှာ အမည်မသိ ဆိုင်ကယ်စီးသူ နှစ်ဦးက ဗုံးလို့ ယူဆရတဲ့ အရာနဲ့ လာရောက်ပစ်ခတ် သွားတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန် သတင်းထောက် တဒါဇင်ကျော်ကို တရုတ်အစိုးရက ပြည်နှင်ဒဏ် ပေးခဲ့ပြီးနောက် ၊ အမေရိကန်ကလည်း တရုတ်သတင်းထောက်တေ ွရဲ့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာစည်းမျဉ်းကို တင်းကြပ်လိုက်တဲ့အပေါ် လက်တုံ့ပြန်သာွးမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ တရုတ်နိုင်ငံက ခြိမ်းေ ခြာက် ပြောဆိုလိုက်ပါတယ်။
COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အစိုးရက အကာအကွယ်ပေးဖို့ နိုင်ငံတကာနဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ ၈၀ ကျော်က ဒီကနေ့ပဲ တောင်းဆိုလိုက်ကြပါတယ်။
Oman ပင်လယ်ကွေ့ထဲမှာ အီရန်ရေတပ် လေ့ကျင်ခန်းလုပ်စဉ်အတွင်း missile ဒုံးနဲ့ အချင်းချင်း မှားယွင်းပစ်ခတ်မိတဲ့အတွက် သင်္ဘောသား ၁၉ ယောက် သေဆုံးသွားတယ်လို့ အီရန်ရေတပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် နာလန်မထူနိုင်ခင် ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မယ့် ရာခိုင်နှုန်းဟာ ၂၅ ရာခိုင်နှုန်းထိ ရောက်နိုင်ကြောင်း သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိကြီးတဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ကျော်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၈၀,၀၀၀ ကျော် ရှိလာနေပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၂ ဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ရောဂါကူးစက်သူ ၁၈၀ အထိ ရှိသွားပါပြီ။
အမေရိကန်သမ္မတ Donald Trump ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ပုံတွေဟာ လုံးဝကို ဖရိုဖရဲနဲ့ ပရမ်းပတာ နိုင်လွန်းတယ်လို့ အမေရိကန် သမ္မတဟောင်း Barack Obama က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် ၃ ဦးဟာ COVID-19 ရောဂါပိုးရှိသူတဦးနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီးတဲ့နောက် သူတို့ဘာသာသူတို့ သီးသန့်ခွဲပြီး နေနေကြပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ အသွားအလာ ပိတ်ပင်ကန့်သတ်ထားတာကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ်သီတင်း ၄ ပတ် ထပ်တိုးလိုက်ပါတယ်။
နာဇီဂျာမနီတွေကို အောင်နိုင်တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရုရှားက စနေနေ့မှာ ကျင်းပပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေ သိပ်ဆိုးလာနေတာမို့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ခဲ့ပါဘူး။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်း အငြင်းပွားနေတဲ့ ကျွန်းအနီးမှာ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘော ၂ စင်းက ဂျပန် ငါးဖမ်းသင်္ဘောတစင်းနောက်ကို အမီလိုက်ဖမ်းတဲ့အတွက် ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးခဲ့ရကြောင်းနဲ့ အဲဒီကိစ္စအတွက် တရုတ်နိုင်ငံကို ကန့်ကွက်ထားကြောင်း ဂျပန်နိုင်ငံက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေချထားတဲ့ ဘရာဇီးနိုင်ငံမှာ စီးပွားရေးကျဆင်းမှုဒဏ်ကိုပါ ခံနေရချိန်မှာပဲ အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့တဖွဲ့က Rio de Janeiro က ဆင်းရဲသားရပ်ကွက်မှာ ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ဝေပေးနေပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့ နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲသွားမှာဖြစ်တယ်လို့ မြန်မာ့တပ်မတော်က မေလ ၉ ရက် စနေနေ့မှာ ကြေညာပါတယ်။
ကမ္ဘာမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ရောဂါဆန်းတမျိုးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတဦး နယူးယောက်မြို့မှာ သေဆုံးသွားတာကြောင့် ကလေးတွေကို ဒီကူးစက်ရောဂါရဲ့ အန္တရာယ် အသစ်ထပ်တိုးလာတယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ဒီကနေ့မှာ နောက်တယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၁၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်