တရုတ်နိုင်ငံကနေစပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ COVID-19 ကပ်ရောဂါဆိုးနဲ့ ပတ်သက်ပြီး စတင်ဖော်ထုတ်ခဲ့သူ တရုတ်ဆရာဝန် Dr. Li Wenliang ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ တရုတ်သံရုံးရှေ့က လမ်းကို Dr. Li လမ်းလို့ နာမည်ပြောင်းဖို့ အဆိုတရပ်ကို အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ ၇၅ နှစ်မြောက် အထိန်းအမှတ်နေ့ကို ဥရောပ တလွှား သောကြာနေ့မှာ ကျင်းပနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခမ်းအနားတွေဟာ အရင်နှစ်တွေလို ကြီးကြီးကျယ်ကျယ် မကျင်းပနိုင်ကြပါဘူး။
COVID-19 လူနာတွေကို ကုသရာမှာ Remdesivir ဆေးဝါးကို အသုံးပြုပြီး ကုသပေးဖို့ ဂျပန် အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အဆင့်တွေကို ကျော်လွန်ပြီး ၄ ရက်အတွင်း ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက အမြန် ဆုံးဖြတ်အတည်ပြု ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean နဲ့ သတင်းဓာတ်ပုံဆရာ ခွန်လတ်တို့ဟာ ၂၀၂၀ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ စာနယ်ဇင်းထူးချွန်ဆုတွေ ချီးမြှင့်ခံရပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၈ ရက်၊ သောကြာနေ့အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၂ ခုမှာ COVID-19 ကူးစက်တဲ့ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ ၁ ဦး တွေ့ရှိရတဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာည ၁၀ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၈ ရက်၊ သောကြာနေ့ညဘက် ဓာတ်ခွဲနမူနာစုစုပေါင်း ၄၁၉ ခုမှာ COVID-19 ကူးစက်တဲ့ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံက အမေရိကန်ကို ရောင်းချနေတဲ့ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေး မပြည့်မီတာကြောင့်ဆိုပြီး တရုတ်ကုမ္ပဏီ ၆၆ ခုက ရောင်းတဲ့ နှာခေါင်းစည်းတွေကို သမ္မတထရမ့်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။
အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လေ ျှာက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ လျော့ကျသွားခဲ့ပေမယ့် အခုအချိန်အထိ နိုင်ငံ့စီးပွါးရေး အခြေနေက ဆက်ပြီး ဆိုးနေဆဲမို့ အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားမယ့် သူ နောက်ထပ် ၃.၂ သန်းလောက် ရှိနေ ပါတယ်။
ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ပြန့်ပွားမှု မရှိအောင် ကူညီပေးဖို့နဲ့ လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို အကာကွယ်ပေးနိုင်ဖို ဒေါ်လာငွေ ဘီလီယံနဲ့ ချီ လိုအပ်နေတာ ကြောင့် အကူအညီရန်ပုံငွေ တိုးမြှင့် ချထားပေးဖို့ ကုလသမဂ္ဂက ပန်ကြား လိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အသုံးပြုနိုင်ဖို့ COVID- 19 အရေးပေါ် တယ်လီဖုန်းလိုင်း ဝန်ဆောင်မှုကို စတင်လိုက်ပြီလို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။
EU ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ်ငွေကြေးထောက်ပံ့မှုတွေကို မဟာဗြူဟာကျကျ မတားဆီးနိုင်ဘူးဆိုပြီး ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကို ဥရောပကော်မရှင်က ထည့်သွင်းလိုက်တာပါ။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း ဓာတ်ခွဲစစ်ဆေးအတည်ပြုသူ နောက်ထပ် ၁၄ ဦး တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ဖို့နဲ့ ထိခိုက်လွယ်တဲ့ နိုင်ငံတွေမှာ ရောဂါပိုးကူးစက်မှု ရပ်အောင်ကာကွယ်ဖို့ ရန်ပုံငွေ ပိုပြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးက ဒီကနေ့ ပြောကြားပါတယ်။
စင်ကာပူမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ ၂၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၇၈၈ ယောက် တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀,၁၉၈ ယောက်ထက်မနည်းရှိသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်