ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို ရာဇဝတ်သားတွေ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းတော့မယ် လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်နဲ့မကာအို အထူးအုပ်ချုပ်ရေးဒေသက ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် အပြင် တရုတ်နိုင်ငံက လေယာဉ်နဲ့လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ တောင်းခံနိုင်ခွင့်ကို ၂၀၂၀ ၊ စက်တင်ဘာ ၃၀ ရက်အထိ တိုးပေးဖို့ အစီအစဉ်ရှိပါတယ်။
ဟာရီကိန်း မုန်တိုင်း Dorian က Grand Bahama ကျွန်းကို အင်္ဂါနေ့မှာ အကြီးအကျယ် မွှေနှောက် တိုက်ခတ် ဖျက်စီးခဲ့ပြီး အမေရိကန်ရဲ့ တောင်ပိုင်း ပြည်နယ် ဖလော်ရီဒါကို စတင်ချဉ်းကပ်လာ နေပါတယ်။
ဗြိတိန် ပါလီမန်အတွင်း အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မှု တစ်ရပ် ပြုလုပ်ပြီးတဲ့နောက် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Boris Johnson က ရွေးကောက်ပွဲ စောကျင်းပဖို့ တောင်းဆို လိုက်ပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ် Johnson က သူ့မှာ တစ်ခြား ရွေးစရာ လမ်းမရှိတော့ဘူး လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ချိန်ကစလို့ အစိုးရစစ်တပ်က ပြင်ပနဲ့ အဆက်အဆံဖြတ်တောက်ပြီး ထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အဲဒီလို ထိန်းသိမ်းထားစဉ်မှာ သေဆုံးခဲ့တာတွေနဲ့ ပတ်သတ်လို့ အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ် မော်ဟစ်စုစည်းရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
Dorian ဟာရီကိန်းမုန်တိုင်းဟာ Grand Bahama Island ကျွန်းမြောက်ဖျားမှာ အင်အားကောင်းကောင်းနဲ့ ဆက်ပြီး တိုက်ခတ်နေတာကြောင့် ဘဟားမားကျွန်းစုမှာ နေထိုင်သူတွေဟာ ဒီမုန်တိုင်း ဒဏ်ကို အပြင်းအထန်ခံနေရပါတယ်။
ဟာရီကိန်း မုန်တိုင်း Dorian က ပြင်းအား အဆင့် ၄ နဲ့ Bahamas နိုင်ငံရဲ့ Abaco ကျွန်းစုကို တိုက်ခတ်နေဆဲ ဖြစ်တာနဲ့ အတူ အနည်းဆုံး ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ ခံစားနေရတဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးရေး လူသားချင်း စာနာမှု အကူအညီ ယူရို ၉ သန်း ထပ်မံ ပေးအပ်မယ့် အကြောင်း ဥရောပ ကော်မရှင်က တနင်္လာနေ့မှာ ကြေညာပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ကူညီကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေးဆိုင်ရာ မဟာမင်းကြီးသစ် အဖြစ် Mahbub Alam Talukder ကို ဘင်္ဂလားဒေရှ့် အစိုးရက ခန့်အပ်လိုက်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ တရားဝင် စတင် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ တသန်းနီးပါး နေထိုင်ရာ Cox’s Bazar ရှိ ဒုက္ခသည် စခန်းတွေမှာ SIM ကဒ် တွေ အသုံးပြုခွင့် ရပ်တန့်ပြီး မိုဘိုင်းလ်ဖုန်းသုံးတဲ့ ဝန်ဆောင်လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ပေးလိုက်ပါတယ်။
ဆန္ဒပြမှုတွေဆက်ဖြစ်နေတဲ့ ဟောင်ကောင်မှာ ဒီကနေ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ကျောင်းသား ရာနဲ့ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့ ဒီနေ့တနင်္လာနေ့မှာ ကျောင်းသူ ကျောင်းသားတွေဟာ စာသင်ခန်းတွေကို မသွားဘဲ ဒီမိုကရေစီရေးဆန္ဒပြသူတွေနဲ့ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ဝင်နိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲ ရေကြောင်း စစ်ရေး လေ့ကျင့်မှု ဒီကနေ့စတင်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဗုဒ္ဓဟူးနေ့မှာ တေ့ွဆုံဖို့ရှိသလို၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာရှိတဲ့ ကိုရီးယားမြန်မာစက်မှုဇုန်မှာကျင်းပမယ့် အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
Dorian ဟာရီကိန်းဟာ Grand Bahamas ကျွန်းကို ဒီကနေ့ ဖြတ်တိုက်နေပြီး မုန်တိုင်းရှင်ကြောင့် အန္တရာယ်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ထနေသလို မိုးကြီးရွာပြီးတော့ လေပြင်းတိုက်နေပါတယ်။ မုန်တိုင်းဟာ ကပ်ဘေးဆိုးကြီးလို ဖြစ်လာနေပြီး ဖျက်ဆီးအားကြီးမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောနေပါတယ်။
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Odessa မြို့မှာ စနေနေ့က လူ ၇ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ တကိုယ်တော် လုပ်ခဲ့ပုံရပြီး နိုင်ငံတကာ ဒါမှမဟုတ် ပြည်တွင်းက အကြမ်းဖက်အုပ်စုတွေနဲ့ ဘာမှ ပတ်သက်ဆက်စပ်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ပြောပါတယ်။
မြေနေရာ လိုအပ်လှတဲ့ စင်ကာပူနိုင်ငံက မိုးမျှော်တိုက်ကြီးတွေ၊ နောက် ပင်လယ်ထဲအထိ အဆောက်အအုံတွေ ဆောက်လုပ် တိုးချဲ့ထားတာကနေ အခု ဖွံ့ဖြိုးရေးလုပ်ဖို့ နေရာသစ် ရှာနေတာမှာတော့ မြေအောက်မှာ တည်ဆောက်ရေးလုပ်ဖို့ စီစဉ်သူတွေက ကြံဆနေကြပါတယ်။
ဟောင်ကောင်မှာ တနင်္ဂနွေနေ့က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ နိုင်ငံတကာလေဆိပ်နားက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ကို သွားရောက်မယ့် တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ပြီး တနလာၤနေ့မှာတော့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဆွေးနွေးမယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်လာနေတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ လေတိုက်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ပြင်းအား အဆင့် ၅ အထိ ရောက်လာနေပြီဖြစ်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း လေ့လာစောင့်ကြည့်ရေးဌာနက ဒီကနေ့ အစောပိုင်းမှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်