မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်အတွင်း တချို့မြို့နယ်တွေမှာ လနဲ့ချီ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို တစိတ်တဒေသ ပြန်ပြီးတော့ ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ စနေနေ့က ၁၃ ပတ်မြောက် အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ဆက်ပြီး ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ တရုတ်နဲ့ ကုန်သွယ်စစ်ပွဲဟာ အခုအခါမှာ အမေရိကန် စားသုံးသူတွေကို ထိခိုက်ဖို့ ဖြစ်လာနေတယ်လို့ အများက ပြောဆိုလာကြပြီ ဖြစ်ပါတယ်။
ဟာရီကိန်းမုန်တိုင်း Dorian က စနေနေ့မှာတော့ Bahamas ကျွန်းကို တိုက်ရိုက် ဝင်ရောက်တိုက်ခတ်နေပါတယ်။
ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စနေနေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ အာဏာပိုင်တွေကို အာခံပြီး မြို့လယ်မှာ ချီတက်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံထဲမှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူတွေကို ဖြည်းဖြည်းချင်း စိစစ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်က လူပေါင်း ၂ သန်းလောက်ဟာ နိုင်ငံမဲ့ဖြစ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အပြုအမူတွေဟာ ရိုးသားမှုမရှိသလို နျူကလီးယာအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် မျှော်လင့်ချက်တွေ မှေးမှိန်လာနေပြီဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ သတိပေးလိုက်တဲ့ မှတ်ချက်စကားအပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ဘက်ကို ရွေ့လျားတိုက်ခတ်နေတဲ့ ပြင်းအားအဆင့် ၄ ဟာရီကိန်းမုန်တိုင်း Dorian ဟာ ဒီကနေ့ထပ်ပြီး အားကောင်းလာဖို့ရှိသလို နောက်ရက်တွေမှာလည်း ဆက်အားကောင်းလာမယ့်ပုံ ရှိတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ဒီကနေ့ စနေနေ့မှာပဲ ပြောသွားပါတယ်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာ ကူးစက်ရောဂါပိုးကြောင့် သေဆုံးသူ (၂,၀၀၀)အထိ ရှိသွားပြီးလို့ WHO က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီ သေဆုံးသူ အရေအတွက်ကို WHO က အတည်ပြုနိုင်ခဲ့ပြီး ၊ နောက်ထပ် အလားအလာရှိသူ အရေအတွက်က မှတ်တမ်းတင်ရ လောက်အောင် ၃,၀၀၀ အထက်မှာ ရှိမယ်လို့ဆိုပါတယ်။
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း အဖွဲ့၄ ဖွဲ့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ်လ ၃၁ ရက်နေ့မှာ ကျိုင်းတုံမြို့မှာ ကျင်းပ ဖို့ရှိတယ်လို့ ၂ ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ နေ့ရက်ဟာ မြန်မာ တပ်မတော်က တစ်ဖက်သက် အပစ်ရပ်ဖို့ ကြေညာထားတဲ့ကာလရဲ့ နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။
လူမျိုးခွဲခြား နှိမ့်ချသူတွေက Papua ကျောင်းသားတွေကို မြို့အတော်များများမှာ တိုက်ခိုက်ခဲ့ပြီး၊ ဒေသခံတွေ ဒေါသထွက် မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ၊ Papua နဲ့ အနောက် Papua ကျွန်းတွေမှာ ပြန်လည်တည်ငြိမ် အေးချမ်းလာစေဖို့ဆိုပြီး တယ်လီဖုန်း ဆက်သွယ်ရေးကို ဆက်လက် ဖြတ်တောက်ထားဦးမှာ ဖြစ်ပါတယ်။
တိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ ကြုံခဲ့သမျှထဲမှာ အကောင်းဆုံးအဆင့်ကို ရောက်နေတယ်လို့ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Dorian ဟာရီကိန်းမုန်တိုင်းဟာ Bahamas နိုင်ငံ အနောက်မြောက်ပိုင်းကို ဖြတ်နေပြီး ဖလော်ရီဒါကျွန်းဆွယ်ကို ဒီစနေ၊ တနင်္ဂနွေထဲ ချဉ်းကပ်လာချိန်မှာလည်း အလွန့်အလွန် အန္တရာယ်ပြင်းထန်တဲ့အဆင့်မှာ ဆက်ရှိဖို့များတယ်လို့ ဒီဟာရီကိန်းစင်တာက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားရမယ့် အချက်အလက်တွေ သတင်းမီဒီယာ တွေကို ဖွင့်ချတာဟာ FBI ညွှန်ကြားရေးမှူးဟောင်း James Comey အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူချက်နဲ့ မူဝါဒတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းတိုက်တွန်းကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul က ဒါကာမြို့ အခြေစိုက် နိုင်ငံတကာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တိုက်တွန်း လိုက်ပါ တယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ ၂၀၁၉ခုနှစ်အတွက် Smart City Award နည်းပညာဆိုင်ရာ အသုံးချမှုဆု ကို ရရှိခဲ့ပါတယ်။ သက်တမ်း ၁၆၀ ရှိပြီဖြစ်တဲ့ ရှေးဟောင်း မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး နည်းပညာမြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။
ဗြိတိန်လွှတ်တော်ကို တလကြာ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson က Elizabeth ဘုရင်မကြီးထံ ခွင့်ပြုချက် တောင်းခံခဲ့တဲ့ လုပ်ရပ်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်တဲ့ လုပ်ရပ်အဖြစ် စွပ်စွဲခံနေရပါတယ်။
အမေရိကန်က အီရန်နဲ့ ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင် ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာကြား သဘောတူညီမှုတွေကို လေ့လာပါလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကပြောကြားလိုက်ပါတယ်။
အီရန်စစ်တပ်ရဲ့ အကျိုးအတွက် လျှို့ဝှက်လုပ်ကိုင်နေတယ်လို့ စွပ်စွဲပြီး အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ကွန်ယက် ၂ ခုအပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ တရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်