ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက်ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ပြောပြတယ်။
ရေချိုမှာနေထိုင်တဲ့ ခရုတွေထဲက ယောက်သွား (mussels) ဂုံးမျိုးစိတ်အသစ် ၈ ခုကို နိုင်ငံတကာပညာရှင်တွေ ပါဝင်တဲ့ သိပ္ပံပညာရှင်တစုက မြန်မာနိုင်ငံမှာတွေ့ရှိခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေဇုံသစ်တော ဆက်လက် ရပ်တည်နိုင်ရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း နိုင်ငံတကာ သစ်တောထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံ အနေနဲ့ တင်းမာမှုတွေ ကြီးထွားလာဖို့ ရည်ရွယ်မထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပြောဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂ (EU) က ဗြိတိန်ခွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ မတိုင်ခင် လွှတ်တော်ရဲ့ လုပ်ငန်းတွေကို လျှော့ချမယ့် အစီအစဉ်တရပ်ကို ဝန်ကြီးချုပ် Boris Johnson ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
မက္ကဆီကို နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု အတွင်းကို နိုင်ငံခြားသားတွေ လူမှောင်ခို တင်သွင်းမှုမှာ ကူညီခဲ့မှု စွဲချက်တွေ အတိုင်း သူ့မှာ အပြစ်ရှိကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံသားက ပြည်ထောင်စု တရာသူကြီး ရှေ့မှောက်မှာ အင်္ဂါနေ့က ထွက်ဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ဆုံး ရုပ်သိမ်းပေးရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ Hassan Rouhani က ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အထဲ ပါဝင်ခဲ့သူ မြန်မာနိုင်ငံ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC ) ဥက္ကဋ္ဌ ခါလမ်ဆမ်ဆွန်ကို တပ်မတော်က တရားစွဲထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကသာ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ပထမဆုံး စတင်လုပ်ဆောင်ပြီး အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုပ်သိမ်းရမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဒီကနေ့ပြောပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်တာကိုတော့ အစိုးရအနေနဲ့ သည်းခံံမှာမဟုတ်ဘူးလို့ပြောပါတယ်။
အီရန်ဘက်က တွေ့ဆုံလိုတယ်လို့ ထင်တဲ့ အကြောင်း သမ္မတ Trump က ပြင်သစ်မှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇နိုင်ငံရဲ့ G-7 ထိပ်သီးဆွေးနွေးပွဲ အပြီးသတ်မှာ ပြောဆိုခဲ့တာပါ။
ကမ္ဘာ့စီးပွားရေး အင်အား အကြီးဆုံးနှစ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ပြန် အခွန်စည်းကြပ်မှုတွေကို အဆုံးသတ်နိုင်ရေး အတွက် တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရရှိနိုင်တယ်ဆိုပြီး အမေရိကန် သမ္မတ Donald Trump က တနလာၤနေ့မှာ အကောင်းမြင် သဘောထားသစ်ကို ပြောဆိုပါတယ်။
ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ကို မြန်မာဖက်က ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အမေဇုံအမြဲစိမ်းသစ်တောကြီး မီးလောင်ကျွမ်းနေတာကို ငြှိမ်းသတ်နိုင်ဖို့ သစ်တောကြီးနဲ့ ဆက်နေတဲ့နိုင်ငံတွေအတွက် ဒေါ်လာ ၂၂ သန်းလောက်နဲ့ ညီမျှတဲ့ ယူရို သန်း ၂၀ ကူညီဖို့ စီးပွားရေး အင်အားကြီး G-7 နိုင်ငံ့ခေါင်းဆောင်တွေ ကတိပြုခဲ့ကြပါတယ်။
ဆူဒန်နိုင်ငံမှာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အခြား လူ ၉၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆူဒန်အစိုးရရဲ့ SUNA သတင်းဌာနက တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူထားပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာ လက်မှတ်ထိုးမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုပါတယ်။
တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ ဇနီးဖြစ်သူ Kim Jung-sook တို့ မြန်မာနိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် ဒီရက်ပိုင်းအတွင်း လာရောက်ဖို့ရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဟောင်ကောင်မှာ မနေ့ တနင်္ဂနွေနေ့က ၁၂ ပတ်မြောက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်တားမြစ်ခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ပထမဆုံးအကြိမ် မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
တရုတ်နဲ့ သွင်းကုန်ခွန် အပြန်အလှန် စည်းကြပ်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး နောက်တမျိုး စဉ်းစားမိတယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်