ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီးဘောလုံးပွဲမှာတော့ ထိုင်းအမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းကို အနိုင်ရပြီး ဖိုင်နယ်တက်သွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ G-7 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၇ နိုင်ငံရဲ့ အစည်းအဝေးကို တက်ရောက်ဖို့အတွက် ပြင်သစ်နိုင်ငံ Biarritz မြို့ကို ရောက်ရှိနေပြီးတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာတို့ အမာခံနယ်မြေထဲ အစ္စရေး Drone ယာဉ် နှစ်စင်း ပျက်ကျလာခဲ့တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့အညီ ဆန္ဒအလျောက် ဌာနေပြန်နိုင်ဖို့နဲ့ ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာကို ဆက်ပြီး တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညညချက်ထုတ် ပြောဆိုပါတယ်။
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီရဲ့ အစည်းအဝေးတရပ်ကို သြဂုတ်လ (၂၆) ကနေ စက်တင်ဘာ (၂၀) အထိ ဂျနီဗာမြို့ ကုလ လူ့အခွင့်အရေးကောင်စီ ဌာနချုပ်မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။
၁၈ နှစ်ကြာလာပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲတွေ အဆုံးသတ်နိုင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တာလီဘန်သူပုန်တွေနဲ့ အမေရိကန်တို့ကြား ဆွေးနွေးညှိနှိုင်းနေပြီး နောက်ဆုံး သဘောတူညီစာချုပ် တခုရဖို့ တနင်္ဂနွေနေ့မှာ အပြီးသတ်ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။
ကမ္ဘာ့စက်မှုစီးပွားရေးအင်အားကြီး ၇ နိုင်ငံအုပ်စု G-7 ရဲ့ နှစ်ပတ်လည် ထိပ်သီးစည်းဝေးပွဲကို ပြင်သစ်နိုင်ငံက ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ Biarritz မှာ ဒီကနေ့ စနေနေ့ကစပြီး တနင်္လာနေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ရုရှားနိုင်ငံက ဆိုယု အာကာသယာဉ်ဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ISS မှာ ကြိုတင် သတ်မှတ်ထားတဲ့အတိုင်း ဒီကနေ့ ဆင်းသက်နိုင်ခြင်း မရှိခဲ့ပါဘူး။
အီရန်နိုင်ငံက ဒုံးကျည်သစ်တခုကို စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် Hossein Salami က ဒီကနေ့ ပြောလိုက်တယ်လို့ Tasnim သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။
“တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြင့်ကောက်မယ်လို့ သမ္မတ Donald Trump က ကြေညာလိုက်တာကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာခဲ့ပါတယ်။”
ဂျူးတွေဟာ ဘုရားကျောင်းတွေမှာ အသတ်ခံကြရပြီး သူတို့အုတ်ဂူတွေကို နာဇီစြက်ာပုံတွေနဲ့ ရေးခြယ်ဖျက်ဆီးခံရပါတယ်။ မွတ်ဆလင်တွေဟာ ဗလီတွေမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သူတို့ရဲ့ဘာသာရေးနေရာတွေ ဖျက်ဆီးခံရပါတယ်။
Brazil နိုင်ငံထဲက အမေဇုံသစ်တောကြီး အကြီးအကျယ်မီးလောင်ကျွမ်းနေတဲ့ကိစ္စကို မကြာခင်ကျင်းပမယ့် G-7 ထိပ်သီးစည်းဝေးပွဲမှာ အဓိကထား ဆွေးနွေးသင့်တယ်လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့တာကို Brazil သမ္မတ Jair Bolsonaro က သူ့နိုင်ငံအချုပ်အခြာကို ဝင်စွက်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကနေဒါနိုင်ငံသား နှစ်ယောက် လွတ်မြောက်ရေးကို အမေရိကန်အနေနဲ့ ဆောင်ရွက်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မနေ့က Ottawa ခရီးစဉ်အတွင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး အမုန်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ မြန်မာစစ်တပ်ပိုင်၊ ဒါမှမဟုတ် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်ကြောင်း Facebook လူမှုကွန်ယက်က သြဂုတ်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မူရင်းသတင်းတွေ၊ ဖျော်ဖြေရေးသတင်းတွေကို အများပြည်သူတွေကြား အမြင်မှား၊ အငြင်းပွား စရာဖြစ်အောင် လိုရာစွဲပြန်လည်တင်ပြနေတဲ့ Facebook စာမျက်နှာတွေ၊ Facebook Page တွေနဲ့ Instagram အကောင့်တွေကို Facebook ကုမ္ပဏီရဲ့ ဆိုင်ဘာလုံခြုံရေးဌာနက ပိတ်ပင်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဂျူးလူမျိုးတွေဟာ Democrat တွေကို မဲထည့်ကြတဲ့အတွက် အကြီးအကျယ်သစ္စာမဲ့ကြသူတွေဖြစ်တယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့တဲ့အပေါ် ဂျူးအဖွဲ့ခေါင်းဆောင်တွေက ဝေဖန်တုံ့ပြန်ခဲ့ကြပါတယ်။
အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံတော် အကျိုးစီးပွားအတွက် အထောက်အကူ မဖြစ်တော့တဲ့အတွက် ရပ်ဆိုင်းတော့မယ့်အကြောင်း ဒီကနေ့ပဲ တောင်ကိုရီးယားသမ္မတအိမ်တော်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ထိုင်ဝမ်ကို အမေရိကန်က F16 အမျိုးအစား တိုက်လေယာဉ် ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ်လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ခြိမ်းခြောက်လိုက်ပြီး အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်အစီအစဉ်ကိုလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ယူကရိန်းရဲ့ Crimea ကျွန်းဆွယ်ကို ရုရှားက ဆက်လက်ထိန်းချုပ်ထားဆဲရှိပေမယ့် ကမ္ဘာ့စီးပွားရေးထိပ်တန်း နိုင်ငံတွေကျင်းပမယ့်G-7 စက်မှုထိပ်သီးညီလာခံကို ရုရှား တက်ရောက်ဖို့ သူ့အနေနဲ့လိုလားကြောင်းအမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နှစ်နိုင်ငံကြား အခွန်ငွေ အပြန်အလှန် ကောက်ခံနေမှုကို အဆုံးသတ်ရေးအတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ် ရရှိဖို့ ညှိုနှိုင်းဆောင်ရွက်ဖို့ တရုတ်အစိုးရကို အမေရိကန်ကို ဗုဒ္ဓဟူးနေ့က မေတ္တာရပ်ခံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်