ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်မယ့် အချိန်အထိ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။
ဒိန်းမတ်နိုင်ငံပိုင် Greenland ကျွန်းကို အမေရိကန် ပြည်ထောင်စုက ဝယ်ယူလိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဆွေးနွေးမှာ မဟုတ်တဲ့အတွက် တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်လိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ခဲ့ပြီး၊ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်ဟာလည်း တောင်ကိုရီးယားမှာ ရောက်ရှိနေပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan ကို ရွေးချယ်ဖို့ စဉ်းစားနေကြောင်း အမေရိကန်သမ္မတ Donald Trump က အတည်ပြု ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကနေထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃,၀၀၀ ကျော်အနေနဲ့ သူတို့မူရင်းနေရာတွေဆီ ပြန်ချင်သလားဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ကစလို့ မေးမြန်းဆန်းစစ်နေပါပြီ။
လွန်ခဲ့တဲ့ လေးလက သမ္မတကို ရာထူးက ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဆူဒန်နိုင်ငံမှာ တနင်္လာနေ့က သမ္မတဟောင်း Omar al-Bashir ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။
အနည်းဆုံး လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ရပြီး တချို့ ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွင်း လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်မှုနဲ့ ဗြိတိန် ပိုင်နက် ဂျီဘရော်တာမှာ ဖမ်းခံခဲ့ရတဲ့ အီရန် ရေနံတင်သဘောၤက တနလာၤနေ့မှာ ဂရိနိုင်ငံကို ဦးတည် ခုတ်မောင်းသွားပြီ ဖြစ်ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေး လိုလားတဲ့ ဆန္ဒပြသူတွေနဲ့ မတူညီမှုတွေကို ဖြေရှင်းတဲ့ နေရာမှာ တရုတ် အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အပြုအမူမျိုးနဲ့ ဆောင်ရွက်ဖို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က တနလာၤနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
IS အစွန်းရောက်အဖွဲ့ ခိုလှုံနေတဲ့ နေရာမှန်သမျှကို အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ အာဖဂန်နစ္စတန် သမ္မတက အခိုင်အမာ ပြောလိုက်ပါတယ်။
တရုတ်ကတင်ပို့တဲ့ နောက်ထပ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က သွင်းကုန်ခွန်ကောက်ခံမယ့် သတ်မှတ်ချက်က Apple ကုမ္ပဏီ ထိခိုက်မယ့်အပြင် တောင်ကိုရီယားကုမ္ပဏီ Samsung တပန်းသာသွားစေလိမ့်မယ်လို့ Apple ကုမ္ပဏီအကြီးအကဲက သမ္မတ Donald Trump ကိုပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးလှုပ်ရှားမှုမှာ မိခင်ပေါင်း နှစ်ထောင်ကျော်ပါဝင်ပြီး သူတို့ရဲ့ကလေးတွေကို တပြိုင်တည်း နို့ချို တိုက်ကျွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ မြန်မာ ကုန်သွယ်စီးပွားရေးမြှင့်တင်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh မနီရှာဆင်း ဟာ သြဂုတ်လ ၁၆- ၂၁ ရက်နေ့ထိ ငါးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
ဗြိတိန်ရဲ့ ဝေးလံတဲ့ ပိုင်နက် နယ်မြေ တခုဖြစ်တဲ့ ဂျီဘရော်တာမှာ ဖမ်းထားတဲ့ အီရန် ရေနံတင် သဘောၤကို ထိန်းသိမ်းနိုင်ရေး အမေရိကန်ရဲ့ ကြိုးပမ်းချက်ကို ဂျီဘရော်တာ အာဏာပိုင်တို့က ပယ်ချလိုက်ပြီးမှာတော့ တနင်္ဂနွေနေ့မှာ သူတို့ သဘောၤ ဂျီဘရော်တာကနေ ထွက်ခွာနိုင်မယ်လို့ ခန့်မှန်းထားကြောင်း အီရန်က ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေးက အချိန်မရွေး စနိုင်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Shahidul Haque က တနင်္ဂနွေနေ့က ဆွေးနွေးပွဲမှာ ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေမှာ ဖော်ပြကြပါတယ်။
အာဏာရပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ပါတီလုပ်ငန်းတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူူးလ်မြို့က မနေ့ညကပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်တခုမှာ အသေခံးဗုံးခွဲမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာပြီး အခုဆိုရင် ၆၃ ယောက်ထက်မနည်းသေဆုံးပြီး၊ ၁၈၃ ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဟောင်ကောင်မှာတော့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ၁၁ ပတ်မြောက်အဖြစ်နဲ့ ဆက်လက်ကျင်းပခဲ့ပြီး၊ ဒီကနေ့မှာတော့ ဆန္ဒပြတဲ့သူအရေအတွက် ဟာ ၁ သိန်းထက်မနည်းရှိခဲ့ပါတယ်။
“လူ့အခွင့်အရေး၊ စာနာမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ ပဋိပက္ခများစွာကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း” နိုင်ငံတကာရေးရာတွေနဲ့ပတ်သက်ပြီး သမ္မတ Donald Trump အစိုးရရဲ့ ရပ်တည်ချက်ကို အမျိုးသားလုံခြုံရေးအကြံပေး John Bolton ပြောသွားတာပါ။
ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping အနေနဲ့ ဆန္ဒပြလူငယ်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့သင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က တွစ်တာကနေ တိုက်တွန်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်