ဗုဒ္ဒဟူးနေ့က တစ်ရှိန်ထိုး ကျဆင်းသွားခဲ့တဲ့ အမေရိကန် စတော့ ရှယ်ယာ ဈေးနှုန်းဟာ ကြာသပတေးနေ့မှာတော့ အသင့်အတင့် ပြန်လည် မြင့်တက်လာခဲ့ပါတယ်။
အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦး ဖြစ်တဲ့ Ilhan Omar နဲ့ Rashida Tlaib တို့ကို အစ္စရေးက မနေ့ က ပြည်ဝင်ခွင့်ပိတ်လိုက် ပါတယ်။ သူတို့နှစ်ဦးက အစ္စရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့သလို ပါလက်စတိုင်း အပေါ်ထားတဲ့သူတို့ရဲ့ သဘောထားတွေကြောင့်အခုလို တားမြစ်လိုက်တာလို့ဆိုပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ တရုတ်နိုင်ငံကြား ပျော့ပြောင်းညင်သာတဲ့ အဖြေတခုရတဲ့ထိ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တခုရဖို့ နှောင့်နှေးနေနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။
မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ သုံလတာ ဖမ်းဆီးခံနေရပြီ ဖြစ်တဲ့ ဗွီဒီယို သတင်းထောက် အောင်ကြည်မြင့်ရဲ့ အရေးကို မေ့ဖျောက်မထားဖို့ နယ်စည်းမထား သတင်းထောက်များ အဖွဲ့ RSF က နိုင်ထက်စီးနင်း ဖမ်းဆီးခြင်းဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ကို ပြောကြားလိုက်ပါတယ်။
စီးပွားရေး ညွှန်းကိန်းတွေက လာမယ့်နှစ်မှာ ကမ္ဘာ့ စီးပွားရေး ကျဆင်းမယ့် လက္ခဏာ ပြသလာပြီးတဲ့နောက်မှာ အမေရိကန် စတော့ ရှယ်ယာ ဈေးကွက် ဗုဒ္ဓဟူးနေ့က ၃ ရာခိုင်နှုန်း လျော့ကျ သွားခဲ့ပါတယ်။ ဥရောပ ဈေးကွက်မှာလည်း စတော့ ဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးတာကြောင့် သြဂုတ်လ ၁၁ ရက်နေ့အထိ နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ၊ လူသား စာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Jammu နဲ့ Kashmir ဒေသတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် မကြာသေးခင်က လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိစေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ဒီကနေ့ သတိပေး လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေကြီးပြီး နိုင်ငံတဝန်းမှာ လူ ၂၄၀ ကျော် သေဆုံးပြီးတဲ့နောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ် တချို့နေရာတွေအတွက် ရေကြီးမယ့်သတိပေးချက် ထုတ်ထားပါတယ်။
တရုတ်က အဓိက တင်ပို့မယ့် လူသုံးကုန်ပစ္စည်းတွေအပေါ် အကောက်ခွန်အသစ် ၁၀% စည်းကြပ်မှုကို ဆိုင်းငံ့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ပြင်းထန်လှတဲ့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လူပေါင်းများစွာသေဆုံးခဲ့ပြီး အပျက်အစီးဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက ပြည်သူတွေနဲ့ အစိုးရတွေအတွက် အလွန်ပဲ ဝမ်းနည်းကြေကွဲရပါကြောင်း အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ ကုန်သွယ်ဖက်စာရင်းဝင် နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် နားမလည်နိုင်ကြောင်း ဂျပန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
မုတ်သုံမိုးနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိသွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပြည်နယ် ၄ ခုမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီတွေ လိုက်ပေးနေပါတယ်။ ရေဘေးကြောင့် လူပေါင်း ၁ သန်းကျော် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရတာပါ။
ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ရှုတ်ချတဲ့ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဟောင်ကောင် လေဆိပ်ကို ချီတက်ခဲ့ကြတာကြောင့် လေယာဉ် ခရီးစဉ် အားလုံး မဖြစ်မနေ ဖျက်သိမ်းခဲ့ရပါတယ်။
ဗြိတိန် ဘုရင်မကြီး Elizabeth အနေနဲ့ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေထွက်ရေး အရှုပ်တော်ပုံမှာ ဝင်ညပ်မှာ စိုးရိမ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။
ရန်ကုန်မြို့တော်က ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်ပါမစ် စနစ်ကို ပြင်ဆင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လွယ်ကူစွာ ဆောင်ရွက်နိုင်တဲ့ မြို့ ဖြစ်ရေး ဆောင်ရွက်ဖို့အတွက် IFC က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရဲ့ ဆောက်လုပ်ရေးဆိုင်ရာ ထိန်းချုပ်ရေးအဖွဲ့ BCA ကို ထောက်ပံ့အားပေး နေပါတယ်။
စကာၤပူမှာ ဆင်စွယ်နဲ့ ဆင်စွယ် ထုတ်ကုန်တွေ ရောင်းချမှုကို ၂၀၂၁ ခုနှစ် အရောက်မှာ လုံး၀ တားမြစ်မယ်လို့ သားရိုင်း တိရစ္ဆာန် မှောင်ခိုကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ စကာၤပူ အစိုးရက တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို လာရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေ ခရီးသွားလာရေး လွယ်ကူစေမယ့် ပြည်ဝင်ခွင့် ဗီဇာ အစီအစဉ်ကို စတင်လိုက်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက တောင်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၃ ဦး အထိ ရှိသွားပြီလို့၊ မြန်မာနိုင်ငံ မီးသတ်ဌာနက နောက်ဆုံးဖော်ပြထားပါတယ်။ ကယ်ဆယ်ရှာဖွေရေးတွေ ဝိုင်းလုပ်ပေးနေတဲ့ ဒီမီးသတ်ဌာနအနေနဲ့ နောက်ထပ်အလောင်း တစ်လောင်း ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူဦးရေ ခုလို မြင့်တက်သွားတာပါ။
ကက်ရှမီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယက ရုပ်သိမ်းတဲ့ အပေါ် ဆန္ဒပြပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မူဆလင်တို့ရဲ့ Eid al-Adha ပွဲတော်က တနလာၤနေ့မှာ စတင်မယ့် အချိန်မှာ အိန္ဒိယ အာဏာပိုင်တွေဘက်က ကက်ရှမီးယား ဒေသမှာ စစ်တပ်ကို တင်းတင်းကျပ်ကျပ် ချထားမယ်လို့ ယူဆထားကြပါတယ်။
ဒီနှစ်မှာ ဘုရားဖူး လာရောက်သူ ၂ သန်းခွဲလောက် ရှိခဲ့ပြီး ဒီလူတွေ အတွက် သယ်ယူပို့ဆောင်ရေးက အခက်အခဲ တခု ဖြစ်တယ်လို့ ဆော်ဒီ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Nabil al-Amoudi က AFP သတင်းအေဂျင်စီကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်