အမေရိကန် သမ္မတ Donald Trump ကို တရားရေးလုပ်ငန်းတွေမှာ နှောက်ယှက်မှုအတွက် အပြစ်မရှိကြောင်း သူ့အနေနဲ့ မဆုံးဖြတ်နိုင်ခဲ့ကြောင်း ရုရှားအရေး အထူးစုံစမ်းရေးမှူး Robert Mueller က ဒီကနေ့ လွှတ်တော်ရှေ့မှောက် ထွက်ဆိုရာမှာ ပြောဆိုလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ မကြာသေးခင်ကပဲ ဆင်စွယ် တန်ချိန်ပေါင်း ၈.၈ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အခုချိန်အထိဆို အများဆုံး သိမ်းဆည်းရမိတဲ့ ပမာဏ ဖြစ်ကြောင်း စင်္ကာပူအမျိုးသားဥယာဉ်ဘုတ်အဖွဲ့နဲ့ စင်္ကာပူ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့က အင်္ဂါနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရေး ကြံစည်ခဲ့မှုနဲ့ တရုတ်နိုင်ငံသား ၄ ဦးနဲ့ တရုတ် ကုမ္ပဏီ တခုကို အမေရိကန် တရားရေး ဌာနက တရားစွဲဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိနေပါတယ်။
ဗြိတိန်နိုင်ငံက လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲမှာ Boris Johnson အနိုင်ရသွားပြီဖြစ်တာကြောင့် သူဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ် အသစ် ဖြစ်ကြောင်း ပါတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံပိုင် လေပြင်နယ်နိမိတ်ထဲ ဒီကနေ့ ဝင်လာတဲ့ ရုရှားစစ်လေယာဉ်ကို သတိပေးတဲ့အနေနဲ့ တောင်ကိုရီးယားဂျက်လေယာဉ်တွေက အချက်ပြမီးတွေပစ်ဖောက်ပြီး သတိပေးခဲ့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်အကြား နှစ်ကာလရှည်ကြာစွာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Kashmir ဒေသက ပဋိပက္ခကို ကူညီ ဖြေရှင်းပေးဖို့ အိန္ဒိယက သူ့ကို အကူအညီတောင်းခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြောဆိုမှုဟာ မမှန်ကန်ကြောင်း အိန္ဒိယအစိုးရက ငြင်းဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်ရွေးချယ်ဖို့ မဲပေးမှုဟာ တနင်္လာနေ့မှာ ပြီးဆုံးသွားပြီ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen က ထိုင်းပင်လယ်ကွေ့မှာ ရှိတဲ့ သူတို့ရဲ့ရေတပ်စခန်းကို တရုတ်ရေတပ်ကို အသုံးပြုခွင့်ပေးဖို့ လျှို့ဝှက်သဘောတူ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ ဝန်ကြီးချုပ်က တနင်္လာနေ့မှာ ငြင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ လူဆိုးဂိုဏ်းဝင်တွေလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး ဒီလို တိုက်ခိုက်ခံရမှု အပေါ် စိတ်ဆိုး ဒေါသထွက် နေကြပါတယ်။
သူလျှိုတွေကို ပြီးခဲ့တဲ့နှစ်အတွင်းက ဖမ်းခဲ့တာဖြစ်တယ်လို့ အီရန် ထောက်လှမ်းရေးဌာနက ဆိုပါတယ်။ အဲဒီလူတွေဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA အတွက် စစ်ဘက်နဲ့ နျူကလီးယားဆိုင်ရာ နေရာဌာနတွေကနေ လျှို့ဝှက် အချက် အလက်တွေကို စုဆောင်းရယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း လူမှောင်ခိုကူးခံရသူတွေကို ကယ်တင်နိုင်တဲ့ အရေအတွက်ဟာ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ အခုနှစ်အတွင်း အများဆုံးဖြစ်မယ်လို့ထိုင်းအစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ကယ်တင်ခံရသူ အများစုဟာ မြန်မာ နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာတဲ့ အသံမှတ်တမ်း တခုအရတော့ ဗြိတိန် အလံတင် Stena Impero ရေနံတင် သဘောၤ Hormuz ရေလက်ကြားကို ဖြန်သန်းရာ လမ်းကြောင်းမှာ အနှောင့်အယှက် မပေးဖို့ အီရန် ကင်းလှည့် ရေယာဉ်ကို ဗြိတိန် စစ်သဘောၤ တစင်းက သတိပေးခဲ့ပါတယ်။
မြောက်ကိုရီးယား ပြည်သူတွေ တနင်္ဂနွေနေ့က ဒေသန္တရ ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့ကြပါတယ်။ ပြည်နယ်၊ မြို့နဲ့ ခရိုင် ဆိုင်ရာ လူထု လွှတ်တော်တွေ အတွက် ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပေးတဲ့ ရွေးကောက်ပွဲတွေကို လေးနှစ် တကြိမ် ကျင်းပတာပါ။
အမေရိကန် ပြည်ထောင်စု တဝန်းမှာ အပူလှိုင်း ရိုတ်ခတ်တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ရပြီး တနင်္ဂနွေနေ့ အထိ ရာသီဥတုက ပူလောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အပူလှိုင်း ရိုက်ခတ်မှု ပြီးဆုံးခါနီးပါပြီလို့လည်း မိုးလေဝသ ပညာရှင်တွေက ပြောဆိုထားပါတယ်။
ဟောင်ကောင်က လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က ထပ်ပြီး ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီရေး တောင်းဆိုသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ ရာဘာ ကျည်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြတဲ့သူတွေဟာ အနက်ရောင် အင်္ကျီတွေကို ဝတ်ဆင်ဆန္ဒပြခဲ့ကြပြီး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တရပ်လုပ်ဆောင်ဖို့ စာတမ်းတွေကိုကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံပိုင် ရေနံတင်သင်္ဘောကို အီရန်နိုင်ငံဖမ်းဆီးလိုက်ပြီးတဲ့နောက် ၊ ၂ နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေတာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံက ဗြိတိန်နိုင်ငံကို သတိပေးလိုက်ပါတယ်။
ပနားမားနိုင်ငံရဲ့ ကမ်းခြေတွေ ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးနဲ့ ကမ္ဘာပေါ်မှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်ချက်တွေ အကြီးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာကို အရေးယူ ကိုင်တွယ်တာမှာ အထောက်အကူ ဖြစ်စေဖို့ အခုလို ဆောင်ရွက်လိုက်တာပါ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ ဗဟိုချက်ဒေသလို့ တင်စားခေါ်ကြတဲ့ ပါကစ္စတန် အနောက်မြောက်ဘက် အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသမှာ ပထမဦးဆုံးသော ဒေသဆိုင်ရာ ရွေးကောက်ပွဲကို ပါကစ္စတန်နိုင်ငံက စနေနေ့မှာ ကျင်းပခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်