နိုင်ငံရဲ့ ထိပ်တန်း အုပ်ချုပ်မှု အဖွဲ့ နိုင်ငံရေးရာ ကော်မရှင်မှာ ကင်ဂျုံအွန်းကို အကြီးအကဲအဖြစ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။ ဒ့ါအပြင် နျူကလီးယား လက်နက် နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်း ကင်ဂျုံအွန်းကို ခေါ်တွင်လိုက်ပါတယ်။
တရုတ် ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ ရဲတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကြား အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီး ဟောင်ကောင်မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာပါ။
တောင်အာရှဒေသက အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၅၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၁၅၂ သန်း နဲ့ တိရစ္ဆာန်တွေလည်း ရေဘေးအန္တရာယ်နဲ့ ကြုံနေရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက Hormuz ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ဗြိတိန်အလံတင် ရေနံတင်သင်္ဘော ကိုမနေ့ သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အီရန်နိုင်ငံအနေနဲ့ အန္တရာယ်များတဲ့ လမ်းကိုလျောက်နေတဲ့အပေါ် စိုးရိမ်တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ဒီကနေ့ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲတွေအတွက် ပွဲစဉ်ဇယားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မဲနှိုက် ရွေးချယ်ခဲ့ရာမှာ အာရှနိုင်ငံတွေက အသင်းပေါင်း ၄၀ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
သတင်းရေးသားတဲ့ အလုပ်ကြောင့် ၂၀၁၈ ခုနှစ်အတွင်း အသက်သေဆုံးခဲ့ရတဲ့ သတင်းထောက် အရေအတွက်ဟာ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းစာရင် နှစ်ဆ နီးပါး မြင့်တက်နေပြီလို့ သတင်းထောက်တွေကို အကာအကွယ်ပေးရေး ကော်မတီ Committee to Protect Journalist ကပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပစ်မှတ်ထား ကြံစည်နေတယ်လို့ သံသယရှိသူ လူမှောင်ခိုသမား ၁၂ ယောက်ကို ဘင်္ဂလားဒေ့ရှ် ရဲတွေက သောကြာနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ရိုဟင်ဂျာအမျိုးသမီး နှစ် ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကလေးငယ် တဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ဒါကာမြို့တော်မှာ သောကြာနေ့က စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ကက်သလစ်ဘာသာဝင် နိုင်ငံသား အရေအတွက်နဲ့ ခရစ်ယာန်ဘုန်းတော်ကြီး အချိုးအစားကိုကြည့်ရင် ဘုန်းတော်ကြီး အရေအတွက် အများဆုံးဟာ မြန်မာနိုင်ငံ ဖြစ်တာ တွေ့ရတယ်လို့ Georgetown တက္ကသိုလ် သုတေသနတရပ်မှာ ဖေါ်ပြထားပါတယ်။
ကိုဆိုဗို ဝန်ကြီးချုပ် Ramush Haradinaj ဟာ The Hague မြို့စစ်ရာဇဝတ်မှု တရားရုံးကနေ သံသယရှိသူအဖြစ် ဆင့်ခေါ်ခြင်း ခံရပြီး သောကြာနေ့မှာ ရုတ်တရက် ရာထူးက နုတ်ထွက်သွားပါတယ်။
မြန်မာနိုင်ငံကနေထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးကို မြန်မာနိုင်ငံကပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလိုလားနေပြီး အဲဒီလိုဖြစ်လာအောင် နိုင်ငံတကာက ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုနဲ့ ထောက်ခံပံ့ပိုးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်းတာဝန်ရှိသူတဦးကပြောပါတယ်။
အရှေ့မြောက်နဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာ လက်ရှိမှာကိုပဲ အပူချိန် မြင့်မားနေပြီး အခုသီတင်းပတ်ကုန်အတွင်း အပူချိန်ဟာ စံချိန်တင်မြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်။ ရေဓာတ် ခမ်းခြောက်မသွားအောင် သတိထားနေထိုင်ကြဖို့ လူထုကို သတိပေး ချက် ထုတ်ပြန်ထားပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေး နေထိုင်သူတွေ လက်ရှိနေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းရေး မဟာဗျူဟာကိုရေးဆွဲခဲ့ပြီး ဒီမဟာဗျူဟာအတိုင်း လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတဲ့အပေါ် ကြိုဆိုတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့ နေစွဲနဲ့ သတင်းမီဒီယာတွေကို ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ထဲမှာ သူမက ပြောလိုက်ပါတယ်။
ပါရှန်း ပင်လယ်ကွေ့ ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အမေရိကန် ရေတပ် သင်္ဘောတစ်စီးက အီရန်ရဲ့ Drone ယာဉ်တစ်စီးကို ပစ်ချ ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်အစိုးရရဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ စန်ချပ်မြို့က ဟန်ပြ ကာရာအိုကေတခုကို ပြည့်တန်ဆာ အဖြစ် ရောင်းစားခံနေရတဲ့ မြန်မာနဲ့ လာအို နိုင်ငံသူ (၁၂)ဦးကို ထိုင်းရဲတပ်ဖွဲ့ ကကယ်ဆယ်ခဲ့ ကြောင်းနဲ့ ကယ်ဆယ်ခံရသူတွေအထဲ အသက်မပြည်သေးတဲ့ မိန်းကလေးတွေ လည်း ပါဝင်ကြောင်း ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ မေ့ထားမှာမဟုတ်ပဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောပါတယ်။
အီရန်နိုင်ငံ တော်လှန်ရေး ပြည်စောင့်တပ်က ရေနံမှောင်ခိုတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြား ရေနံတင်သင်္ဘောတစင်းကို ဒီနေ့ပဲ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ပြောဆိုလိုက်ပါတယ်။
သူ့အပေါ် တရားစွဲမယ့်ကိစ္စ အခြေအတင် ဆွေးနွေးမှုဟာ သူဆောင်ရွက်ခဲ့ဘူးသမျှကိစ္စတွေထဲမျာ အဓိပ္ပါယ်မရှိဆုံး၊ အချိန်အဖြုန်းဆုံး ကိစ္စဖြစ်တယ်လို့ သမ္မတ Trump ကဆိုပါတယ်။
အသက် ၆၂ နှစ်အရွယ် El Chapo ဟာ မက်ဆီကို Sinaloa မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ထိပ်တန်း ခေါင်းဆောင် အနေနဲ့ ကိုကင်း၊ ဘိန်းဖြူနဲ့ ဆေးခြောက် တန်ချိန်ပေါင်း များစွာကို မှောင်ခို တင်သွင်းမှုကြောင့် ဖေဖေါ်ဝါရီလတုန်းက ပြစ်မှုထင်ရှား ဆုံးဖြတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲတွေအတွက် ပွဲစဉ်ဇယားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့က မဲနှိုက် ရွေးချယ် ရေးဆွဲခဲ့ပါတယ်။ ဒီ အဆင့်မှာ အာရှနိုင်ငံတွေက အသင်းပေါင်း ၄၀ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်