သေဆုံးသူဟာ တူရကီဒုတိယ ကောင်စစ်ဝန်ချုပ်ဖြစ်ပြီး နောက်ထပ် သေဆုံးသူ အများအပြားရှိသေးတယ်လို့ အီရတ်အစိုးရပိုင် သတင်းဌာန က ဆိုပါတယ်။
Christine Lagarde ဟာ ECB ခေါ် ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လျာထားခြင်းခံရပြီးတဲ့နောက် အခုလို နုတ် ထွက်စာ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသား Lagarde ဟာ ဥရောပ ဗဟိုဘဏ်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်ပြီး...
ဆူဒန်နိုင်ငံမှာ အာဏာခွဲဝေရေး ဒီလဆန်းပိုင်း သဘောတူညီချက် တစိတ်တပိုင်းအဖြစ် နိုင်ငံရေး ကြေညာစာတမ်း တစောင်ကို အာဏာသိမ်း စစ်ကောင်စီနဲ့ ဒီမိုကရေစီရေး ညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
အမေရိကန် နိုင်ငံသား ဖြစ်လာသူတွေနဲ့ အသားအရောင်ရှိသူတွေအပေါ် မုန်းတီးစိတ်တွေ၊ စိုးရိမ်ကြောက်လန့်စိတ်တွေ ပေါ်ပေါက်လာစေမယ့် သမ္မတ Trump ရဲ့ မှတ်ချက်အပေါ် အပြင်းအထန် ရှုတ်ချထားတဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၂၄၀၊ ကန့်ကွက်မဲ ၁၈၇ နဲ့ မဲခွဲ အတည်ပြုလိုက်တာပါ။
မြန်မာနိုင်ငံက ဆိုးဝါးလှတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကြောင့် နိုင်ငံတကာက လက်နက်ရောင်းချခွင့် တားမြစ်ထားတဲ့ကြားက မြန်မာအရာရှိတွေ အစ္စရေးနိုင်ငံ Tel Aviv မှာ ကျင်းပခဲ့တဲ့ လက်နက်ပြပွဲကို တက်ရောက်ခဲ့ပြီးနောက်မှာ မြန်မာအရာရှိတွေကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းဖို့ အစ္စရေးက ဆုံးဖြတ်လိုက်ပါတယ်။
အခု ဒဏ်ခတ်အရေးယူခံရတဲ့ ပုဂ္ဂိုလ်လေးဦးကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ဖြစ်ကြပါတယ်။
လူနည်းစု ဒီမိုကရက် အမျိုးသမီး အောက်လွှတ်တော်အမတ်တွေအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က လူမျိုးရေး ခွဲခြားတဲ့ ကောက်ချက်ချ ပြောကြားမှုတွေနဲ့ပတ်သက်လို့ အပြစ်တင် ရှုတ်ချတဲ့ အဆိုပြုချက်တရပ်ကို အောက်လွှတ်တော်မှာ ရီပတ်ဘလီကင်အမတ် လေးဦးအပါအဝင် ဒီမိုကရက် အမတ်အားလုံးတို့က အတည်ပြုခဲ့ကြပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေအပေါ် သမ္မတ Donald Trump က လူမျိုးရေးအရ မှတ်ချက်စကားပြောခဲ့တဲ့ အပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဒီမိုကရက်အများစုလွှမ်းထားတဲ့ အောက်လွှတ်တော်မှာ ဒီကနေ့ အင်္ဂါနေ့ မဲခွဲဖို့ ရှိနေပါတယ်။
ရှေ့လထဲကျရင် အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မယ့် အစီအစဉ်ဟာ ဝါရှင်တန်မှာ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
နေပြည်တော်ရှိ Wisdom Hill နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စ တရားရုံးမှာ စစ်ဆေးကြားနာမှု စတင်နေပြီဖြစ်ကြောင်း အေပီ သတင်းတစ်ရပ်မှာ ပါရှိပါတယ်။
အသားအရောင် ကွဲပြားသူ အမေရိကန် အောက် လွှတ်တော် ဒီမိုကရက် အမျိုးသမီး အမတ် လေးဦးကို ဝေဖန်နေတာဟာ လူမျိုးရေးခွဲခြားမှု ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုှတွေကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု တောင်ပိုင်းနယ်စပ်က လာရောက်တဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ အများစုကို ပိတ်ဆို့ဟန့်တားဖို့ သမ္မတထရမ့် အစိုးရ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
အိန္ဒိယရဲ့အဆင့်မြင့် အပေါ့စား(Advanced Light Torpedo TAL) Shyena အမျိုးအစားတော်ပီဒို ပထမအသုတ်ကို မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေး ဆိုင်ရာ အပတ်စဉ် သတင်းစာစောင်ဖြစ်တဲ့ Jane’s Defense Weekly မှာဖေါ်ပြထားပါတယ်။
တနင်္ဂနွေနေ့က ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ကုန်တိုက်ထဲကို ဝင်သွားကြသူတွေဟာ ဆူပူအုံကြွသူတွေလို့ တရုတ်ပြည်မကြီးကို လိုလားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာကျင်းပနေတဲ့ WIMBLEDON တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲမှာတော့ နိုဘက်ဂျိုကိုဗစ်ချ်က ရော်ဂျာဖယ်ဒရာကို အနိုင်ရပြီးတော့ ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၅ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။
Sha Tim က ဆန္ဒပြပွဲကတော့ တနင်္ဂနွေ တနေ့လုံး နီးပါး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် ဆန္ဒပြပွဲ အပြီးသတ်ခါနီးလေးမှာဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု အတွင်းက ဌာနေပြန်ပို့ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဖမ်းဆီးနိုင်ရေး ရည်ရွယ်ပြီး နိုင်ငံတဝန်း ရှာဖွေ ဖမ်းဆီးမှုကို လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် နယ်စပ်မှာရှိနေတဲ့ လူဦးရေအလွန်ထူထပ်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဧပြီလကတည်းက မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးပြီး တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန်သမ္မတ Trump က အီရန်နျူးကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာဟာ၊ သူ့အရင်သမ္မတ Obama အပေါ်မှာ မလိုမုန်းထားစိတ်နဲ့ သံတမန်ရေးအရ တမင်သက်သက် ဖျက်လိုဖျက်ဆီးလုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းက မှတ်ယူတယ်လို့ ဗြိတိန်သတင်းစာက ဒီကနေ့မှာ ထပ်မံဖော်ပြလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့Manhattan အနောက်ဘက်ခြမ်းမှာ စနေနေ့ ညနေပိုင်းက လျှပ်စစ်မီးပျက်သွားခဲ့ပြီးတဲ့နောက် ညသန်းခေါင်မတိုင်ခင်မှာ မီးပြန်ရသွားပြီဖြစ်တယ်လို့ နယူးယောက်မြို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်