လွှတ်တင်ဖို့ ရက်နဲ့ချီ နှောင့်နှေးခဲ့ပြီးနောက် အခုလို လွှတ်တင်နိုင်ခဲ့တာပါ။ Spektr-RG အဝေးကြည့်မှန်ပြောင်းကို ကမ္ဘာပတ်လမ်းထဲမှာ ပို့ဆောင် ရပ်နားထားခဲ့ပြီးနောက် စနေနေ့မှာတော့ အာကာသယာဉ်ကို ကမ္ဘာပတ် လမ်းအပြင်ဘက်ကို ရောက်အောင် လွှတ်တင်ပြီး နောက်ဆုံး ဆိုက်ရောက်ရမယ့် L2 Lagrange ကို အပြီးသတ် လွှတ်တင်ခဲ့တာပါ။
ဆိုမာလီနိုင်ငံ တောင်ပိုင်း Kis-mayo ဆိပ်ကမ်းမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကြောင့် အခုအချိန်အထိ သေဆုံးသူ အရေအတွက် ၃၃ ဦး အထိ တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုထဲမှာ ပြည်နှင်ဒဏ်ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရည်ရွယ်ပြီး နိုင်ငံတဝန်း ဖမ်းဆီးမှုတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ခန့်မှန်းကြပါတယ်။
ဇွန်လကနေ စက်တင်ဘာလအထိ ရွာသွန်းလေ့ရှိတဲ့ မုတ်သုန်မိုးကြောင့် နှစ်စဉ်ဆိုသလို တောင်အာရှဒေသမှာ လူသေဆုံးတာ၊ ပျက်စီးဆုံးရှုံးမှုကိုပါ ကြုံရလေ့ ရှိပါတယ်။ နီပေါနိုင်ငံမှာတော့ မိုးသည်းထန်တာကြောင့် ရေကြီးမြေပြိုတာဖြစ်ပြီး နိုင်ငံရဲ့အရှေ့ဘက်နဲ့ တောင်ပိုင်းလွင်ပြင်ဒေသတွေမှာ လူ ၂၇ ဦး သေဆုံးသွားရတယ်လို့ ဆိုပါတယ်။
၀င်ဘယ်လ်ဒန်အမျိုးသမီး တဦးချင်း ဖိုင်နယ်ကိုတော့ ဒီကနေ့မှာ ကစားခဲ့ကြတာမှာ ရိုမေနီးယားက Simona Halep က အနိုင်ရပြီး အမေရိကန်ကနာမည်ကြီး Serena Williams ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
တရုတ်ပြည်မကြီးကလာတဲ့ ကုန်သည် စီးပွားရေးသမားတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဒီကနေ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။ ဟောင်ကောင်နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်ပြည်မကြီးဘက်ခြမ်း Shenzhen မြို့အနီးက Sheung Shui မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။
အပူပိုင်းမုန်တိုင်း ဘယ်ရီဟာ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းဒေသဆီ ရွေ့လျားလာနေတာနဲ့အမျှ ပိုပြီး အားကောင်း လာနေတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုတ်သုံရာသီကာလ မိုးများပြီး ရေကြီးမြေပြိုတာတွေကြောင့် ဒုက္ခသည်နေအိမ်တွေ အများအပြားဆုံးရှုံးရမယ့်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များလာနိုင်တဲ့အထိ ဆိုးဆိုးရွားရွားကြုံနေရတဲ့အကြောင်း နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watchက ပြောပါတယ်။
ရုရှားနိုင်ငံလုပ် S - 400 ဒုံးကျည်စနစ်ကို ရုရှားနိုင်ငံက မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO အဖွဲ့ဝင် တူရကီနိုင်ငံကို စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ NATO အဓိက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအတွင်း အတွင်း ရုရှား နည်းပညာ ထိုးဖောက်တော့မှာ ဖြစ်လို့ တူရကီနဲ့ အမေရိကန် ဆက်ဆံရေးကို ထိခိုက်မယ့် အန္တရာယ် ရှိနေပါတယ်။
ဗြိတိန်မှာ ကျင်းနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွေမှာတော့ လက်ရှိချန်ပီယံ နိုဘက်ဂျိုကိုဗစ်ချ် နဲ့ ဆွစ်ဇာလန်က နာမည်ကြီး ရော်ဂျာဖယ်ဒရာတို့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားကြပါပြီ။
ကာလီဖိတ်ခေါ် အစ္စလာမ်မစ်နိုင်ငံတော် လက်တွေ့အရ အကောင်အထည် မရှိပေမဲ့လည်း သူတို့ အကြမ်းဖက်အဖွဲ့ဟာ ဆက်လက် ရှင်သန် ကျယ်ပြန့်နေဆဲ ဖြစ်တယ်ဆိုတာ ပြသဖို့ ရည်ရွယ်ချက်နဲ့ IS တို့ဟာ သူတို့ရဲ့ မီဒီယာလှုပ်ရှားမှုကို ပြန်လည်စုစည်း လုပ်ဆောင်နေကြပါတယ်။
ဘာသာရေးနှိပ်ကွပ်မှုကနေ လွတ်မြောက်လာကြတဲ့ မြောက်ကိုရီးယား၊ ရိုဟင်ဂျာ၊ ဝှီဂါ၊ ယာဇီးဒီ စတဲ့ လူတချို့ကို ဖိတ်ခေါ်ပြီး ဒီပြဿနာ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာ နောက်သီတင်းပတ်ထဲ ဝါရှင်တန်မြို့တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာ တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသ တစ်ချို့ကို စင်္ကာပူနိုင်ငံသားတွေ ခရီးမသွားကြဖို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြု နှိုးဆော်ထားပါတယ်။
အမေရိကန် သန်းကြွယ်သူဌေး Jeffrey E. Epstein ရဲ့ သက်ငယ် မုဒိမ်းမှုကို သက်ညှာစွာ ကူညီဖြေရှင်းပေးခဲ့တယ်လို့ စွပ်စွဲပြောဆိုခံနေရတဲ့ အလုပ်သမား ဝန်ကြီး Alexander Acosta ဟာ ရာထူးက နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ Donald Trump က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုး မြို့နယ်မှာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက် အသုံးပြုတာတွေကို ဖြတ်တောက်ခဲ့ပြီးနောက် အခက်အခဲတွေ ကြုံနေရတာပါ။
မက္ကဆီကို ပင်လယ်ကွေ့အတွင်း တိုက်ခတ်နေတဲ့ မုန်တိုင်း Barry ကြောင့် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ Louisiana ပြည်နယ် ကမ်းရိုးတန်းဒေသ တလျှောက်မှာ မိုးလေဝသပညာရှင်တွေက မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့သီတင်းပတ်အတွင်း ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်တကြိမ် ကောက်ယူတဲ့ သန်းခေါင်စာရင်းကို နောက်နှစ်ထဲ ကောက်ယူတဲ့အခါမှာ အငြင်းပွားဖွယ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ မေးခွန်းကို ထည့်သွင်းဖို့ သမ္မတ Donald Trump က အုပ်ချုပ်ရေးအမိန့်ကို သုံးတော့မှာ မဟုတ်ပါဘူး။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်တွေကို ဝယ်ယူဖို့ ပေးထားတဲ့ ကတိကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ ကြာသပတေးနေ့က စွပ်စွဲလိုက်ပါတယ်။
စိုက်ပျိုးမြေ အနီးအနားမှာ ဇီ၀ မျိုးကွဲ မျိုးစုံ ရှိတာဟာ လယ်သမားတွေအတွက် အံံ့သြဖွယ်ရာ အကျိုးအမြတ် ရရှိစေတယ်လို့ သုတေသန တစ်ရပ်က ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်