အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ဦးစီးချုပ် ဥက္ကဌအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားသူ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန် နစ္စတန်ကနေ အချိန်မတိုင်ခင် ရုပ်သိမ်းမယ်ဆိုရင် မဟာဗျူဟာ အမှားတစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းမယ့် ဗြိတိသျှရေနံတင် သင်္ဘောတစင်းကို အီရန်သင်္ဘောတွေက ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်နိုင်ငံက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
မြန်မာအစိုးရအပေါ် လက်နက်ကိုင် အကြမ်းဖက်နေတဲ့အဖွဲ့ကို ထောက်ခံဖို့ စင်ကာပူကို အသုံးချနေတဲ့ မြန်မာနိုင်ငံသား အများအပြားကို အရေးယူလိုက်တယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီး ဌာန ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ အရပ်သား အစိုးရသစ်ဟာ စစ်အုပ်ချုပ်ရေးခေတ် လုံခြုံရေး ထိန်းသိမ်းမှုတွေကို သိသိသာသာ လေ ျှာ့ပေးလာပေမယ့် အစိုးရ အပေါ် ဝေဖန်သူတွေကို ချုပ်နှောင် ဖမ်းဆီးခွင့် ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။
အီရန်အပေါ် စီးပွါးရေး ဒဏ်ခတ်အရေးယူမှုကို မကြာခင်မှာဘဲ သိသိသာ တိုးတော့မယ်လို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အသုံးမကျသူ၊ သူ့အစိုးရဟာလည်း အလုပ်မဖြစ်တဲ့ အစိုးရအဖြစ် ပေါက်ကြားခဲ့တဲ့ သံတမန်မှတ်တမ်း တခုမှာ ဝေဖန်ခဲ့တဲ့ ဗြိတိန်သံအမတ်ကြီး Kim Darroch ဟာ လက်ရှိအခြေအနေအရ ဆက်လက် တာဝန်ယူဖို့ မဖြစ်နိုင်တာကြောင့် ရာထူးက နုတ်ထွက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
၂၀၁၈ မှာ အမေရိကန် ပြည်ထောင်စုမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တိုက်ခိုက်မှု အားလုံးရဲ့ သုံးပုံ ၂ ပုံဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် ရေရှည်အဖြေရှာရာမှာ အချက်၃ ချက်အတိုင်း လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson က တနင်္လာနေ့ ဒက်ကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ စစ်သွေးကြွ အဖွဲ့တွေနဲ့ ပါဝင် ပတ်သက်မှု သံသယနဲ့ နိုင်ငံခြားသား ၄ ဦး ဖမ်းဆီးတဲ့ အထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ နှစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အင်္ဂါနေ့က ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။
အီရန်နိုင်ငံဟာ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်မှာ လက်ခံထားတဲ့ ယူရေနီယံသန့်စင်မှု ပမာဏထက် ကျော်လွန် ထုတ်လုပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရောဂါကြောင့် သေဆုံးသူ အယောက် ၃၁ ယောက် ရှိပြီလို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်းမာရေးဌာန ဘက်ကနေ ကုသမှုပိုင်းကို တိုးမြင့်လုပ်ဆောင်ဖို့ ပြင်ဆင်ထားသလို ကာကွယ်ဆေးတွေ ထိုးပေးနိုင်ဖို့ကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေထဲက တထောင်ကျော်ကို ၂၀၁၆ အောက်တိုဘာလ ကစပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဌာနက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အီရန်ဟာ ၂၀၁၅ နျူကလီယားသဘောတူညီချက်ပါ ယူရေနီယံ သန့်စင်မှုပမာဏ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ IAEA အနုမြူစွမ်းအင် အေဂျင်စီက အတည်ပြု ပြောကြားလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိမယ့် ငါးနှစ်ကြာ အထောက်အကူပေးရေး အစီအစဉ်ဖြစ်တဲ့ RSDP (ခေါ်) ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အရ နေအိမ်ပေါင်း ၂၀၀ ကျော်ကို မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်မယ်လို့ အိန္ဒိယက အင်္ဂါနေ့က ပြောပါတယ်။
အမျိုးသမီး ကမ္ဘာ့ဖလား အောင်ပွဲခံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း အမိမြေကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
ဂရိနိုင်ငံပါလီမန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ New Democracy ခေါင်းဆောင် Kyriakos Mitsotakis ဟာ ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကျမ်းကျိန်ပွဲအပြီးမှာ ဝန်ကြီးချုပ်သစ်က ရာထူးကနေ ဆင်းပေးမယ့် ဝန်ကြီးချုပ်ဟောင်း Alexis Tsipras ကို ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ပါ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး သန့်စင် ယူရေနီယံ တိုးမြှင့်ထားကြောင်း အီရန် အစိုးရက တနင်္ဂနွေနေ့မှာ ပြောဆိုပြီးနောက်မှာတော့ အီရန် အနေနဲ့ စဉ်းစဉ်စားစား လုပ်တာ ပိုကောင်းမယ်လို့ အမေရိကန် သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။
အိုင်ဗရီကို့စ်နိုင်ငံမှာ ဇူလိုင်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ၂၀၁၉ Cote d’ivoire နိုင်ငံတကာ အမျိုးသမီး တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် မသက်ထားသူဇာဟာ က အိန္ဒိယ အားကစားသမား Sri Krishna Priya Kudaravalli ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံရာသီဒဏ်ကြောင့် မြေပြိုကြပြီး တဦးသေဆုံး၊ လူပေါင်း ၄၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အကူအညီပေးရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အာဖရိကတိုက် ကုန်သွယ်ရေး သဘောတူညီချက်ကို တရားဝင် စတင်လိုက်ပါပြီ။ Niger နိုင်ငံမှာ ကျင်းပတဲ့ အာဖရိက သမဂ္ဂ ထိပ်သီးညီလာခံ အတွင်း အာဖရိကတိုက် လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ သဘောတူညီချက်သစ်မှာ အာဖရိကတိုက်ရဲ့ စီးပွားရေး အကြီးဆုံး နိုင်ဂျီးရီးယား နိုင်ငံနဲ့ Benin နိုင်ငံတို့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်